“သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ ကမ္းေဒသကို အစၥေရးေျမပုံထဲ ထည့္သြင္းမယ္”လို႔ ေနတန္ယာဟုေျပာ

အစၥေရး အစိုးရဟာ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က အဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရး စီမံကိန္းအတိုင္း က်ဴးေက်ာ္သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ ကမ္းေဒသကို အစၥေရးေျမပုံထဲမွာ စၿပီး ထည့္ဆြဲေနၿပီလို႔ ဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုက ေဖေဖာ္ဝါရီ ၈ ရက္မွာ ေျပာလိုက္ပါတယ္။ေဂ်ာ္ဒန္ျမစ္ဝွမ္းနဲ႔ ပင္လယ္ေသ ေျမာက္ပိုင္းအျပင္ ဂ်ဴဒီယာနဲ႔ စာမာရီးယား ေဒသေတြထဲက ဂ်ဴးလူ႔အဖြဲ႕အစည္း အားလုံး ႁခြင္းခ်က္မရွိဘဲ အစၥေရးဥပေဒ လက္ေအာက္မွာ ရွိေနဖို႔ အေမရိကန္ရဲ့ ေက်ာေထာက္ေနာက္ခံေပးမႈကို ရထားတယ္။

“ထရမ့္ရဲ့ စီမံကိန္းအရ ဒီေဒသေတြ အားလုံး ေျမပုံထဲမွာပါဖို႔ က်ေနာ္တို႔အားလုံး လုပ္ငန္းစဥ္ထဲမွာ ထည့္ထားၿပီ။ ဒီေဒသေတြဟာ အစၥေရးနိုင္ငံရဲ့ အစိတ္အပိုင္း ျဖစ္လာမယ္” လို႔ ေနတန္ယာဟုက ေျပာပါတယ္။ေဂ်ာ္ဒန္ျမစ္ဝွမ္းေဒသဟာ ၁၉၆၇ အေရွ႕အလယ္ပိုင္း စစ္ပြဲအတြင္း အစၥေရးက သိမ္းပိုက္ထားၿပီး စစ္တပ္ထိန္းခ်ဳပ္မႈေအာက္ ဆက္ထားတဲ့ေဒသပါ။ ပါလက္စတိုင္းကေတာ့ ဒီေဒသကို အနာဂတ္နိုင္ငံအျဖစ္ လိုခ်င္ေနပါတယ္။

ထရမ့္ရဲ့ အေရွ႕အလယ္ပိုင္း ၿငိမ္းခ်မ္းေရးစီမံကိန္းကို ပါလက္စတိုင္းသမၼတ မာမြတ္ အာဘတ္စ္ရဲ့ အာဏာပိုင္အဖြဲ႕က ပယ္ခ်ထားၿပီး အစၥေရးကို အမ်ားစု ေပးထားတဲ့ တဖက္သတ္ စီမံကိန္းလို႔ ေျပာပါတယ္။အစၥေရးဟာ မတ္ ၂ ရက္မွာ နိုင္ငံလုံးဆိုင္ရာ ေရြးေကာက္ပြဲကို က်င္းပမွာပါ။ ရာဇဝတ္သင့္တဲ့ အဂတိလိုက္စားမႈ စြဲခ်က္နဲ႔ ရင္ဆိုင္ေနရတဲ့ အစၥေရး ဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုက ငါးႀကိမ္ေျမာက္ ဝန္ႀကီးခ်ဳပ္ သက္တမ္းအတြက္ အနိုင္ရဖို႔ ေမၽွာ္လင့္ထားပါတယ္။

နိုင္ငံအမ်ားစုကေတာ့ စစ္အတြင္း သိမ္းပိုက္ထားတဲ့ ေျမေပၚက အစၥေရး ရပ္ကြက္ေတြကို နိုင္ငံတကာ ဥပေဒ ခ်ိဳးေဖာက္မႈလို႔ ရႈျမင္ပါတယ္။အစၥေရး အစိုးရကေတာ့ သူတို႔ ေဆာက္ထားတဲ့ ေျမဟာ သမိုင္းေၾကာင္းအရေရာ သမၼာ က်မ္းစာအရပါ လုံျခဳံေရးေပးဖို႔ လိုအပ္တယ္လို႔ ကိုးကား ေထာက္ျပခဲ့ၾကပါတယ္။

ref:XYZNEWS.CO

Unicode

အစ္စရေး အစိုးရဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး စီမံကိန်းအတိုင်း ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဘက် ကမ်းဒေသကို အစ္စရေးမြေပုံထဲမှာ စပြီး ထည့်ဆွဲနေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။ဂျော်ဒန်မြစ်ဝှမ်းနဲ့ ပင်လယ်သေ မြောက်ပိုင်းအပြင် ဂျူဒီယာနဲ့ စာမာရီးယား ဒေသတွေထဲက ဂျူးလူ့အဖွဲ့အစည်း အားလုံး ခြွင်းချက်မရှိဘဲ အစ္စရေးဥပဒေ လက်အောက်မှာ ရှိနေဖို့ အမေရိကန်ရဲ့ ကျောထောက်နောက်ခံပေးမှုကို ရထားတယ်။

“ထရမ့်ရဲ့ စီမံကိန်းအရ ဒီဒေသတွေ အားလုံး မြေပုံထဲမှာပါဖို့ ကျနော်တို့အားလုံး လုပ်ငန်းစဉ်ထဲမှာ ထည့်ထားပြီ။ ဒီဒေသတွေဟာ အစ္စရေးနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်လာမယ်” လို့ နေတန်ယာဟုက ပြောပါတယ်။ဂျော်ဒန်မြစ်ဝှမ်းဒေသဟာ ၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အစ္စရေးက သိမ်းပိုက်ထားပြီး စစ်တပ်ထိန်းချုပ်မှုအောက် ဆက်ထားတဲ့ဒေသပါ။ ပါလက်စတိုင်းကတော့ ဒီဒေသကို အနာဂတ်နိုင်ငံအဖြစ် လိုချင်နေပါတယ်။

ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးစီမံကိန်းကို ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်ရဲ့ အာဏာပိုင်အဖွဲ့က ပယ်ချထားပြီး အစ္စရေးကို အများစု ပေးထားတဲ့ တဖက်သတ် စီမံကိန်းလို့ ပြောပါတယ်။အစ္စရေးဟာ မတ် ၂ ရက်မှာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကို ကျင်းပမှာပါ။ ရာဇဝတ်သင့်တဲ့ အဂတိလိုက်စားမှု စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ငါးကြိမ်မြောက် ဝန်ကြီးချုပ် သက်တမ်းအတွက် အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။

နိုင်ငံအများစုကတော့ စစ်အတွင်း သိမ်းပိုက်ထားတဲ့ မြေပေါ်က အစ္စရေး ရပ်ကွက်တွေကို နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုလို့ ရှုမြင်ပါတယ်။အစ္စရေး အစိုးရကတော့ သူတို့ ဆောက်ထားတဲ့ မြေဟာ သမိုင်းကြောင်းအရရော သမ္မာ ကျမ်းစာအရပါ လုံခြုံရေးပေးဖို့ လိုအပ်တယ်လို့ ကိုးကား ထောက်ပြခဲ့ကြပါတယ်။

ref:XYZNEWS.CO

Add a Comment

Your email address will not be published. Required fields are marked *