တနဂၤေႏြေန႔ ကအာဖဂန္မွာ ပစ္သတ္ ခံရတဲ့ ကန္တပ္ဖြဲ႔၀င္ ၂ ဦးရဲ႕နာမည္ေတြ ထုတ္ျပန္

အာဖဂန္နစၥတန္ႏုိင္ငံ နန္ဂါဟာျပည္နယ္ Sherzas ဒိစႀတိတ္မွာ တနဂၤေႏြေန႔ ပစ္ခတ္မႈ အတြင္းမွာ ေသဆံုးခဲ့ရတဲ့ အေမရိကန္စစ္သည္ ၂ ဦးရဲ႕ နာမည္ေတြကို အေမရိကန္ ကာကြယ္ေရး၀န္ႀကီးဌာနက ထုတ္ျပန္ပါတယ္။အသက္ ၂၈ ႏွစ္အရြယ္ တပ္ၾကပ္ႀကီး Javier Jaguar Gutierrez နဲ႔ အသက္ ၂၈ ႏွစ္အရြယ္ တပ္ၾကပ္ Antonio Rey Rodriguez တို႔ က်ဆံုးခဲ့ရတာပါ။

အေမရိကန္နဲ႔ အာဖဂန္ ပူးေပါင္းတပ္ဖြဲ႔ကို အာဖဂန္တပ္ဖြဲ႔၀င္တဦးက စက္ေသနတ္နဲ႔ ပစ္ခတ္တာေၾကာင့္ တျခားတပ္ဖြဲ႔၀င္ ၆ ဦးလည္း ဒဏ္ရာရခဲ့တယ္လို႔ အာဖဂန္ဆိုင္ရာ အေမရိကန္တပ္ဖြဲ႔မ်ားရဲ႕ ေျပာခြင့္ရက ေျပာပါတယ္။အခ်က္အလက္ေတြ စုေဆာင္းရယူေနဆဲျဖစ္ၿပီး ပစ္ခတ္ရတဲ့ အေၾကာင္းရင္းကို အခုအခ်ိန္မွာ မသိရေသးေၾကာင္း အေမရိကန္ ဗိုလ္မွဴးႀကီး Sonny Leggett က တနဂၤေႏြေန႔ အေစာပိုင္းမွာ ေျပာဆိုပါတယ္။

ပစ္ခတ္သူက အာဖဂန္စစ္သားတဦးျဖစ္ၿပီး အေမရိကန္ တပ္ဖြဲ႔ေတြနဲ႔ စကားမ်ားၿပီးတဲ့ေနာက္ အခုလို ပစ္ခတ္ခဲ့တာျဖစ္ေၾကာင္း အမည္မေဖာ္တဲ့ အာဖဂန္ ကာကြယ္ေရး၀န္ႀကီးဌာန တာ၀န္ရွိသူက AP သတင္းကို ေျပာဆိုထားပါတယ္။အဲဒီစစ္သားက တာလီဘန္ဘက္ေတာ္သား မဟုတ္ဘူးလို႔လည္း အမည္မေဖာ္တဲ့ အာဖဂန္ တာ၀န္ရွိသူက ေျပာပါတယ္။

၂၀၂၀ ျပည့္ႏွစ္ အခုအခ်ိန္ထိ အာဖဂန္မွာ အေမရိကန္တပ္ဖြဲ႔၀င္ ၆ ဦး က်ဆံုးခဲ့ရၿပီး ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းကေတာ့ အေမရိကန္တပ္ဖြဲ႔၀င္ ၂၂ ဦး အာဖဂန္မွာ က်ဆံုးခဲ့ရပါတယ္။

ref:VOA

Unicode

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ် Sherzas ဒိစတြိတ်မှာ တနင်္ဂနွေနေ့ ပစ်ခတ်မှု အတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်စစ်သည် ၂ ဦးရဲ့ နာမည်တွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အသက် ၂၈ နှစ်အရွယ် တပ်ကြပ်ကြီး Javier Jaguar Gutierrez နဲ့ အသက် ၂၈ နှစ်အရွယ် တပ်ကြပ် Antonio Rey Rodriguez တို့ ကျဆုံးခဲ့ရတာပါ။

အမေရိကန်နဲ့ အာဖဂန် ပူးပေါင်းတပ်ဖွဲ့ကို အာဖဂန်တပ်ဖွဲ့ဝင်တဦးက စက်သေနတ်နဲ့ ပစ်ခတ်တာကြောင့် တခြားတပ်ဖွဲ့ဝင် ၆ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်ဆိုင်ရာ အမေရိကန်တပ်ဖွဲ့များရဲ့ ပြောခွင့်ရက ပြောပါတယ်။အချက်အလက်တွေ စုဆောင်းရယူနေဆဲဖြစ်ပြီး ပစ်ခတ်ရတဲ့ အကြောင်းရင်းကို အခုအချိန်မှာ မသိရသေးကြောင်း အမေရိကန် ဗိုလ်မှူးကြီး Sonny Leggett က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောဆိုပါတယ်။

ပစ်ခတ်သူက အာဖဂန်စစ်သားတဦးဖြစ်ပြီး အမေရိကန် တပ်ဖွဲ့တွေနဲ့ စကားများပြီးတဲ့နောက် အခုလို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အမည်မဖော်တဲ့ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက AP သတင်းကို ပြောဆိုထားပါတယ်။အဲဒီစစ်သားက တာလီဘန်ဘက်တော်သား မဟုတ်ဘူးလို့လည်း အမည်မဖော်တဲ့ အာဖဂန် တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အခုအချိန်ထိ အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကတော့ အမေရိကန်တပ်ဖွဲ့ဝင် ၂၂ ဦး အာဖဂန်မှာ ကျဆုံးခဲ့ရပါတယ်။

ref:VOA