ထိုင်း Terminal 21 ဖြစ်စဉ်လို အတုခိုးပြီး ဖေ့ဘွတ် မှာ မျက်နှာဖုံးစွပ်ကာ သေနတ်ကိုင်ပြီး “Big C” ကုန်တိုက်မှာ ဆုံမယ်လို့ ပိုစ့်တင်သူ ၂ ဦး အဖမ်းခံရ

တ နေ့ကဖြစ်ပွားခဲ့တဲ့ Terminal 21 ဖြစ်စဉ်လို အတုခိုးပြီး Fb မှာ မျက်နှာဖုံးစွပ်ကာ သေနတ်ကိုင်ပြီး ” သိပ်မကြာခင် အမ်နတ်ကျလုန်း Big C ကုန်တိုက်မှာ ဆုံကြမယ် ” လို့ပို့စ်တင်ခဲ့တဲ့ ထိုင်းနိုင်ငံ အမ်နတ်ကျလုန်းမြို့က လူငယ်နှစ်ဦး ဆက်သွယ်ရေးပုဒ်မနဲ့အဖမ်းခံရလိုက်ပါသည်။ ပြည်သူတွေအထိတ် တလန့်ဖြစ်အောင်လုပ်တဲ့သူတို့နှစ်ယောက် ပြန်တောင်းပန်ပေမယ့်လည်း သက်ဆိုင်ရာက အရေးယူလိုက်ပြီး သေနတ်ကိုစစ်ဆေးရာ သေနတ်ကလည်း အတုဖြစ်ကြောင်းသိရပါသည်။

ထိုင်းနိုင်ငံ နခွန်ရတ်ခ်ျစီမာပြည်နယ် ခိုရတ်မြို့ နယ် အမှတ် ( ၂ ) တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂၂ ) ပိတ်ဆို့ရေးတပ်မှ အသက် ၃၂ အရွယ် လက်ဖြောင့်တပ်ကြပ်ကြီး ကျတ်ကဖတ်သည် ဖေဖဝါရီလ ၈ ရက်နေ့ညနေ ၁၅:၀၀ ချိန်ခန့်တွင် သူ၏တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကြီး အနန်းလို့ ( ၄၈ ) နှစ်နှင့်ယောက္ခမဖြစ်သူ အသက် (၆၅) နှစ်အရွယ် နန်းအနုန်းတို့အား ၎င်းရပိုင်ခွင့် ငွေ ဘတ် ၅ သောင်းတောင်းယူရာမှမကျေနပ်၍ နေအိမ်တွင် ၉မမ ပစ္စတိုဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး Humvee -H1 စစ်သုံးဂျစ်ကားတစ်စီးကိုယူဆောင်ကာ လက်နက်တိုက်မှ စစ်သည်နှစ်ယောက်ကိုသူ၏သေနတ်ဖြင့်ထပ်မံပစ်ခတ်ခဲ့သဖြင့် ၁ ဦးသေဆုံး ၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်တိုက်မှ လက်နက်အတိုအရှည်များ ၊ ခဲယမ်းမီးကျောက်ကျည်ဆံ ၇၃၆ တောင့် ၊ လက်ပစ်ဗုံးများယူ​ယူဆောင်သွားခဲ့ပြီး တပ်ရင်းဌာနချုပ်မှမောင်းထွက်လာသည့်လမ်းတစ်လျှေက်အပြစ်မဲ့ပြည်သူများ ၊ ရဲတပ်ဖွဲ့ဝင်များကိုပစ်ခတ်သတ်ဖြတ်ခဲ့သည် ။

ထို့နောက် ၁၇:၀၀ ချိန်ခန့်တွင် Terminal-21 စင်ထရယ်ကုန်တိုက်ရှေ့ရောက်ရှိပြီး Humvee ကားကိုရပ်ကာနောက်မှလိုက်လာသည့်တပ်ဖွဲ့ဝင်များကိုထပ်မံပစ်ခတ်ခဲ့ပြီး ၁၇:၃၀ ချိန်တွင် ကုန်တိုက်အတွင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့်သေဆုံးသူဦးရေ ၁၄ ယောက်အထိရှိပြီးဒဏ်ရာရရှိသူတွေလည်း ၂၀ ကျော်အထိရှိလာခဲ့သည်ဟုသိရ ။

နာရီပေါင်း ၁၇:၄၇ နာရီကြာ ချိန်တွင် LG အထပ် နောက်ပေါက်မှလူဆိုးသည်အပြင်သို့ထွက်ပြေးရန်ကြိုးစားစဉ် ကြိုတင်စောင့်ဆိုင်းနေသောကွန်မန်ဒိုအဖွဲ့များနှင်ထိပ်တိုက်ထိတွေ့ပစ်ခတ်ကြရာ တစ်ကိုယ်တော်လူသတ်သမားတပ်ကြပ်ကြီး ကျတ်ကဖတ်အား အသေပသ်ခတ်ဖမ်းဆီးရမိခဲ့ပြီး၊ နောက်ဆုံးထုတ်ပြန်ချက်အရ လူပေါင်း 31 ဦးအထိ သေဆုံးခဲ့ ကြောင်းသိရှိရသည်။

ထိုကဲ့သို့ သော နောက်ပြောင် သည့် ပုံစံဖြင့် အွန်လိုင်းတွင် ပိုစ့်တင်ခြင်းဟာ ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်စဉ်နှင့်တကွ အသက်ဆုံးရှုံးသွားရှာ သောအပြစ်မဲ့ပြည်သူများအား ငဲ့ညှာရာမ ရောက်ပဲ ၄င်းဖြစ်စဉ်ရဲ့ လေးနက်မှုကို လျော့ကျသွားစေရာရောက်ပါသည်။ ထိုကဲ့သို့သောအပြုမူမျိုးလုံးဝမလုပ်သင့်ပါ။

Add a Comment

Your email address will not be published. Required fields are marked *