“မက္ဂရီေဂါႏွင့္ လမ္းေပၚမွာပဲ ထိုးသတ္ရန္ ျဖစ္နိုင္”ဟု ခါဘီရဲ႕မန္‌ေနဂ်ာ ျပင္းျပင္းထန္ထန္ ေဝဖန္

“မက္ဂရီေဂါနဲ႔ ထိုးသတ္ဖို႔ ျဖစ္နိုင္မယ့္ တခုတည္းေသာ အေၾကာင္း အရာကေတာ့ လမ္းေပၚမွာပဲ ထိုးသတ္ဖို႔ ျဖစ္လာနိုင္တယ္”လို႔ ခါဘီရဲ့ မန္‌ေနဂ်ာျဖစ္သူက ျပင္းျပင္းထန္ထန္ကို ေဝဖန္ေျပာၾကားလိုက္ပါတယ္။ UFC နာမည္ေက်ာ္ဖိုက္တာ တိုက္ခိုက္ေရးသမား မက္ဂရီေဂါဟာ အရႈပ္ထုပ္ျဖစ္တယ္လို႔ ေျပာၾကားထားၿပီး အစဥ္အျမဲ ျပႆနာရွာေလ့ ရွိေၾကာင္း၊ မိသားစုအေရး၊ ၿပိဳင္ပြဲ၊ ဘာသာေရးေတြနဲ႔ပတ္သက္လာရင္ အစဥ္အျမဲ ေဘာင္ေက်ာ‌ စည္းေက်ာ္ လုပ္ေဆာင္တတ္သူ ျဖစ္လို႔ လုံးဝ မႀကိဳက္ဘူးလို႔ ခါဘီရဲ့ မန္ေနဂ်ာက ဆိုပါတယ္။

လတ္တေလာမွာေတာ့ UFC မွာ တေက်ာ့ျပန္ ကြင္းထဲ ျပန္ဝင္လာတဲ့ မက္ဂရီေဂါဟာ ေကာင္းဘြိဳင္ ေခၚ ‌ေဒၚနယ္ကာ႐ုန္းကို စကၠန႔္ ၄၀ နဲ႔ အနိုင္ရရွိၿပီး ပုံစံေကာင္း ျပသထားနိုင္သလို UFC ရဲ့ လိုက္ဝိတ္တန္း ခ်န္ပီယံ ခါဘီကလည္း ေနာက္ဆုံးပြဲမွာ ပရိုင္အိုရာကို အလဲထိုး အနိုင္ယူျပထားပါတယ္။

Unicode

မက်ဂရီဂေါနဲ့ ထိုးသတ်ဖို့ ဖြစ်နိုင်မယ့် တခုတည်းသော အကြောင်း အရာကတော့ လမ်းပေါ်မှာပဲ ထိုးသတ်ဖို့ ဖြစ်လာနိုင်တယ်လို့ ခါဘီရဲ့ မန်‌နေဂျာဖြစ်သူက ပြင်းပြင်းထန်ထန်ကို ဝေဖန်ပြောကြားလိုက်ပါတယ်။ UFC နာမည်ကျော်ဖိုက်တာ တိုက်ခိုက်ရေးသမား မက်ဂရီဂေါဟာ အရှုပ်ထုပ်ဖြစ်တယ်လို့ ပြောကြားထားပြီး အစဉ်အမြဲ ပြဿနာရှာလေ့ ရှိကြောင်း၊ မိသားစုအရေး၊ ပြိုင်ပွဲ၊ ဘာသာရေးတွေနဲ့ပတ်သက်လာရင် အစဉ်အမြဲ ဘောင်ကျော‌ စည်းကျော် လုပ်ဆောင်တတ်သူ ဖြစ်လို့ လုံးဝ မကြိုက်ဘူးလို့ ခါဘီရဲ့ မန်နေဂျာက ဆိုပါတယ်။

လတ်တလောမှာတော့ UFC မှာ တကျော့ပြန် ကွင်းထဲ ပြန်ဝင်လာတဲ့ မက်ဂရီဂေါဟာ ကောင်းဘွိုင် ခေါ် ‌ဒေါ်နယ်ကာရုန်းကို စက္ကန့် ၄၀ နဲ့ အနိုင်ရရှိပြီး ပုံစံကောင်း ပြသထားနိုင်သလို UFC ရဲ့ လိုက်ဝိတ်တန်း ချန်ပီယံ ခါဘီကလည်း နောက်ဆုံးပွဲမှာ ပရိုင်အိုရာကို အလဲထိုး အနိုင်ယူပြထားပါတယ်။

Ref;DVB