“အိုင္အက္စ္ အဖြဲ႕မ်ားႏွင့္ ပူးေပါင္းခဲ့တဲ့ ႏိုင္ငံသားမ်ားကို ေနရပ္ျပန္ေခၚမွာမဟုတ္”ဟု အင္ဒိုနီးရွားအစိုးရ ဆုံးျဖတ္

တိုင္းျပည္မွ ထြက္ခြာကာ ဆီးရီးယားနဲ႔ အျခားႏိုင္ငံေတြရွိ အိုင္အက္စ္အဖြဲ႕ေတြနဲ႔ သြားေရာက္ပူးေပါင္းခဲ့တဲ့ ႏိုင္ငံသား ၇၀၀ နီးပါးကို ေနရပ္ျပန္မေခၚဖို႔ အင္ဒိုနီးရွား အစိုးရက ဆုံးျဖတ္လိုက္ေၾကာင္း လုံၿခဳံေရးဝန္ႀကီးက အဂၤါေန႔မွာ ေျပာဆိုခဲ့ပါတယ္။၂၆၇ သန္းေသာ အင္ဒိုနီးရွားျပည္သူေတြရဲ႕ လုံၿခဳံေဘးကင္းမႈ ေသခ်ာေရး အစိုးရက လုပ္ေဆာင္ရမွာျဖစ္ၿပီး ယင္းအတြက္ ၎ တိုက္ခိုက္ေရးသမားေတြကို တိုင္းျပည္ျပင္ပမွာ ထားဖို႔ လိုအပ္ေၾကာင္း ဝန္ႀကီး မာဖတ္ အမ္ဒီက ေျပာဆိုခဲ့ပါတယ္။

သို႔ေပမဲ့ အာဏာပိုင္ေတြအေနနဲ႔ အင္ဒိုနီးရွားႏိုင္ငံသားေတြနဲ႔ပတ္သက္ၿပီး ပိုမိုတိက်တဲ့ အခ်က္အလက္ေတြရဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ကာ အသက္ ၁၀ ႏွစ္နဲ႔ ေအာက္ ကေလးေတြကို ျပန္ေခၚသြားမွာျဖစ္ေၾကာင္း ဒါေပမဲ့ ဒါဟာလည္း အေျခခံအခ်က္ေတြအေပၚ တဆင့္ျခင္းဆီ ျပန္သုံးသပ္မွာျဖစ္ေၾကာင္း ဝန္ႀကီးက ေျပာဆိုပါတယ္။အေရွ႕ေတာင္အာရွ ကြၽန္းႏိုင္ငံဟာ ခရစ္ယာန္၊ ဟိႏၵဴနဲ႔ ဗုဒၶဘာသာဝင္ဦးေရ အတန္အသင့္အေရအတြက္ ရွိေနၿပီး ၎ဘာသာဝင္ေတြဟာ အစြန္းေရာက္ အစၥလာမစ္အုပ္စုေတြရဲ႕ ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။

အင္ဒိုနီးရွားမွာ ေပၚေပါက္ထားခဲ့တဲ့ တိုက္ခိုက္မႈမ်ားစြာဟာ အိုင္းအက္စ္အုပ္စုရဲ႕ အၾကမ္းဖက္ အိုင္ဒီယိုေလာ္ဂ်ီကို သစၥာခံတဲ့ ဒါဇင္မ်ားစြာေသာအုပ္စုေတြရဲ႕လက္ခ်က္ျဖစ္ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ႏိုင္ငံရဲ႕ သေကၤတအရာေတြ ပစ္မွတ္ထားတိုက္ခိုက္ခံခဲ့ရပါတယ္။ အင္ဒိုနီးရွားဟာ မၾကာခင္ႏွစ္ေတြအတြင္း အစြန္းေရာက္ဝါဒ ျပန္လည္ေခါင္းေထာင္လာမႈကို ရင္ဆိုင္ေနရပါတယ္။

ကမာၻအႀကီးဆုံး မြတ္ဆလင္ႏိုင္ငံျဖစ္ၿပီး လူအမ်ားစုက အစၥလာမ္ အလယ္အလတ္လမ္းစဥ္ကို က်င့္သုံးၾကတဲ့ႏိုင္ငံမွ အာဏာပိုင္ေတြဟာ အစြန္းေရာက္ အယူဝါဒေတြ တေက်ာ့ျပန္ ပ်ံ႕ႏွံ႔လာမယ့္အေရး စိုးရိမ္မႈရွိေနၾကပါတယ္။

Unicode

တိုင်းပြည်မှ ထွက်ခွာကာ ဆီးရီးယားနဲ့ အခြားနိုင်ငံတွေရှိ အိုင်အက်စ်အဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းခဲ့တဲ့ နိုင်ငံသား ၇၀၀ နီးပါးကို နေရပ်ပြန်မခေါ်ဖို့ အင်ဒိုနီးရှား အစိုးရက ဆုံးဖြတ်လိုက်ကြောင်း လုံခြုံရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။၂၆၇ သန်းသော အင်ဒိုနီးရှားပြည်သူတွေရဲ့ လုံခြုံဘေးကင်းမှု သေချာရေး အစိုးရက လုပ်ဆောင်ရမှာဖြစ်ပြီး ယင်းအတွက် ၎င်း တိုက်ခိုက်ရေးသမားတွေကို တိုင်းပြည်ပြင်ပမှာ ထားဖို့ လိုအပ်ကြောင်း ဝန်ကြီး မာဖတ် အမ်ဒီက ပြောဆိုခဲ့ပါတယ်။

သို့ပေမဲ့ အာဏာပိုင်တွေအနေနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ပတ်သက်ပြီး ပိုမိုတိကျတဲ့ အချက်အလက်တွေရဖို့ ကြိုးပမ်းသွားမှာဖြစ်ကာ အသက် ၁၀ နှစ်နဲ့ အောက် ကလေးတွေကို ပြန်ခေါ်သွားမှာဖြစ်ကြောင်း ဒါပေမဲ့ ဒါဟာလည်း အခြေခံအချက်တွေအပေါ် တဆင့်ခြင်းဆီ ပြန်သုံးသပ်မှာဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုပါတယ်။အရှေ့တောင်အာရှ ကျွန်းနိုင်ငံဟာ ခရစ်ယာန်၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်ဦးရေ အတန်အသင့်အရေအတွက် ရှိနေပြီး ၎င်းဘာသာဝင်တွေဟာ အစွန်းရောက် အစ္စလာမစ်အုပ်စုတွေရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

အင်ဒိုနီးရှားမှာ ပေါ်ပေါက်ထားခဲ့တဲ့ တိုက်ခိုက်မှုများစွာဟာ အိုင်းအက်စ်အုပ်စုရဲ့ အကြမ်းဖက် အိုင်ဒီယိုလော်ဂျီကို သစ္စာခံတဲ့ ဒါဇင်များစွာသောအုပ်စုတွေရဲ့လက်ချက်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံရဲ့ သင်္ကေတအရာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပါတယ်။ အင်ဒိုနီးရှားဟာ မကြာခင်နှစ်တွေအတွင်း အစွန်းရောက်ဝါဒ ပြန်လည်ခေါင်းထောင်လာမှုကို ရင်ဆိုင်နေရပါတယ်။

ကမ္ဘာအကြီးဆုံး မွတ်ဆလင်နိုင်ငံဖြစ်ပြီး လူအများစုက အစ္စလာမ် အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးကြတဲ့နိုင်ငံမှ အာဏာပိုင်တွေဟာ အစွန်းရောက် အယူဝါဒတွေ တကျော့ပြန် ပျံ့နှံ့လာမယ့်အရေး စိုးရိမ်မှုရှိနေကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *