နယ္စပ္တြင္ ျမန္မာဘက္က ေခတ္မီလက္နက္ကိုင္လံုျခံဳေရးတပ္ဖြဲ႕ အင္အားတိုးႁမွင့္လာ၍ ဘဂၤလားဒက္ရွ္ နယ္ျခားေစာင့္တပ္မ်ား တပ္ျဖန္႔ခ်ထားဟုဆို

ႏွစ္ႏိုင္ငံနယ္စပ္ ဘဂၤလားဒက္ရွ္ ႏိုက္ခါရမ္ခ်ာရီၿမိဳ႔နယ္ႏွင့္ ကပ္လွ်က္ ျမန္မာပိုင္နက္တြင္ လံုျခံဳေရး အထူးတိုးႁမွင့္လာေၾကာင္း ေတြ႕ရွိရသည္ဟု UKhia News ( ဘဂၤါလီဘာသာ ) ယမန္ေန႕ က ေရးသားသည္။((( UKhia News., 12 Feb.2020,” 2 of 3 confirmed coronavirus patients in India RECOVERED from deadly illness.” ကို HtayOung, OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏွဳတ္ဘာသာျပန္ဆိုသည္။)))

ျမန္မာတို႔က ဘဂၤလားဒက္ရွ္နယ္စပ္ႏွင့္ကပ္လွ်က္ ကိုက္ရာအနည္းငယ္အကြာတြင္ ကတုတ္က်င္း အမ်ားအျပားတူးထားၿပီး၊ စစ္ေဆးေရးဂိတ္မ်ားတည္ေဆာက္ထားေၾကာင္း၊ လက္နက္ႀကီးမ်ားႏွင့္ ေခတ္မီလက္နက္ကိုင္ ျမန္မာနယ္ျခားလံုျခံဳေစာင့္ရဲတပ္ဖြဲ႔ ( BGP ) တပ္ဖြဲ႔၀င္မ်ားႏွင့္အတူ စစ္သားမ်ားကိုေတြ႕ျမင္ရေၾကာင္း၊ တစ္ခါတစ္ရံ ညပိုင္းတြင္ BGP တပ္ဖြဲ႔၀င္မ်ားက ဗလာက်ည္မ်ား ပစ္ေဖာက္ေျခာက္လွန္႔လွ်က္ရွိသည္ကို နယ္ျခားအနီးေန ဘဂၤလားဒက္ရွ္ေတာင္သူမ်ားက ေျပာဆိုသည္။

ျမန္မာသည္ ဇန္နဝါရီ – ၂၃ ရက္ေန႔ ႏိုင္ငံတကာတရားခံုရံုး ( ICJ ) က ၾကားျဖတ္ေဆာင္ရြက္ရန္အမိန္႔ Provisional Measure ခ်မွတ္ၿပီးေနာက္ပိုင္း ဘဂၤလားဒက္ရွ္ႏွင့္ နယ္ျခားလံုျခံဳေရးကို အေလးထားတင္းၾကပ္လာသည္ကို ေတြ႕ရွိရေၾကာင္း၊ ဘဂၤလားဒက္ရွ္နယ္ျခားေစာင့္တပ္ ( BGB ) ကလည္း ျမန္မာနည္းတူ ႏွစ္ႏိုင္ငံနယ္စပ္ ဘဂၤလားဒက္ရွ္ပိုင္နက္တြင္ တပ္ဖြဲ႔မ်ား တိုးႁမွင့္ခ်ထားလွ်က္ရွိသည္ဟု Ukhia News က ဆက္လက္ေရးသားသည္။

မွတ္ခ်က္- ေဖာ္ျပဓါတ္ပံုမ်ားအနက္ BGB တပ္ဖြဲ႔၀င္မ်ားပါ ဓါတ္ပံုမွာ မူရင္းသတင္းမွ မဟုတ္ေၾကာင္း အသိေပး အပ္ပါသည္။

Writer:HtayOung, OungMarine

Unicode

နှစ်နိုင်ငံနယ်စပ် ဘင်္ဂလားဒက်ရှ် နိုက်ခါရမ်ချာရီမြို့နယ်နှင့် ကပ်လျှက် မြန်မာပိုင်နက်တွင် လုံခြုံရေး အထူးတိုးမြှင့်လာကြောင်း တွေ့ရှိရသည်ဟု UKhia News ( ဘင်္ဂါလီဘာသာ ) ယမန်နေ့ က ရေးသားသည်။((( UKhia News., 12 Feb.2020,” 2 of 3 confirmed coronavirus patients in India RECOVERED from deadly illness.” ကို HtayOung, OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

မြန်မာတို့က ဘင်္ဂလားဒက်ရှ်နယ်စပ်နှင့်ကပ်လျှက် ကိုက်ရာအနည်းငယ်အကွာတွင် ကတုတ်ကျင်း အများအပြားတူးထားပြီး၊ စစ်ဆေးရေးဂိတ်များတည်ဆောက်ထားကြောင်း၊ လက်နက်ကြီးများနှင့် ခေတ်မီလက်နက်ကိုင် မြန်မာနယ်ခြားလုံခြုံစောင့်ရဲတပ်ဖွဲ့ ( BGP ) တပ်ဖွဲ့ဝင်များနှင့်အတူ စစ်သားများကိုတွေ့မြင်ရကြောင်း၊ တစ်ခါတစ်ရံ ညပိုင်းတွင် BGP တပ်ဖွဲ့ဝင်များက ဗလာကျည်များ ပစ်ဖောက်ခြောက်လှန့်လျှက်ရှိသည်ကို နယ်ခြားအနီးနေ ဘင်္ဂလားဒက်ရှ်တောင်သူများက ပြောဆိုသည်။

မြန်မာသည် ဇန်နဝါရီ – ၂၃ ရက်နေ့ နိုင်ငံတကာတရားခုံရုံး ( ICJ ) က ကြားဖြတ်ဆောင်ရွက်ရန်အမိန့် Provisional Measure ချမှတ်ပြီးနောက်ပိုင်း ဘင်္ဂလားဒက်ရှ်နှင့် နယ်ခြားလုံခြုံရေးကို အလေးထားတင်းကြပ်လာသည်ကို တွေ့ရှိရကြောင်း၊ ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် ( BGB ) ကလည်း မြန်မာနည်းတူ နှစ်နိုင်ငံနယ်စပ် ဘင်္ဂလားဒက်ရှ်ပိုင်နက်တွင် တပ်ဖွဲ့များ တိုးမြှင့်ချထားလျှက်ရှိသည်ဟု Ukhia News က ဆက်လက်ရေးသားသည်။

မှတ်ချက်- ဖော်ပြဓါတ်ပုံများအနက် BGB တပ်ဖွဲ့ဝင်များပါ ဓါတ်ပုံမှာ မူရင်းသတင်းမှ မဟုတ်ကြောင်း အသိပေး အပ်ပါသည်။

Writer:HtayOung, OungMarine

Add a Comment

Your email address will not be published. Required fields are marked *