ပုဂံရှေးဟောင်း ဘုရားများကြား အပြာကားရိုက် ပြီး Porn site တင်သောစုံတွဲအကြောင်း မီဒီယာများက မဖွရန် ပြော

မကြာသေးမီကာလက ကမ္ဘာအမွေအနှစ်ထိန်းသိမ်းစောက်လျှောက်ရေး စာရင်းဝင်ပုဂံတွင် နိုင်ငံခြားစုံတွဲတစ်တွဲက ရှေးဟောင်းဘုရားများအကြားတွင် မဖွယ်မရာပြုလုပ်ပြီး အပြာဝဘ်ဆိုက်ဖြစ်သည့် Ponhub တွင်တင်ထားသည့် အကြောင်းအရာကို မီဒီယာများကမဖွကြရန် ပုဂံယဉ်ကျေးမှုဌာနခွဲကညွှန်မှူး ဦးအောင်အောင်ကျော်က ပြောသည်။

ယင်းကဲ့သို့ အပြာဝဘ်ဆိုဒ်သို့တင်ခဲ့သည့် စုံတွဲကို သိရှိပါက အရေးယူရမည်ဖြစ်သော်လည်း ယခုအချိန်တွင် အဆိုပါစုံတွဲမည်သည့်နေရာတွင်ရှိကြောင်းမသိနိုင်သဖြင့် မည်ကဲ့သို့အရေးယူ၍ရမည်နည်းဟုမေးခွန်းထုတ်ခဲ့သည်။

“ဒီကိစ္စက မီဒီယာမှာလည်း တာဝန်ရှိတာပဲ ၊ ကျွန်တော်တို့ ဌာနတစ်ခုတည်းတင် တာဝန်ရှိတာ မဟုတ်ဘူး ၊ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ တစ်နိုင်ငံလုံးမှာတာဝန်ရှိတာ ၊ အရေးယူဖို့ရာဆိုတာက ချက်ခြင်း သိလည်း သူဒီမှာရှိလား ၊ဘယ်မှာရှိလဲ တိတိကျကျ ခိုင်ခိုင်မာမာ ကျွန်တော်တို့ကသိလို့ရှိရင် အရေးယူလို့ရတာပေါ့ တိတိကျကျခိုင်ခိုင်မာမာမသိဘူးဆိုရင် ကျွန်တော်တို့က သူတို့ ကို ဘယ်လို အရေးယူမလဲ”ဟု ဦးအောင်အောင်ကျော်ကပြောသည်။

ပုဂံရှေးဟောင်းဘုရားများကြားတွင် မဖွယ်မရာပြုလုပ်ပြီး နာမည်ကြီးအပြာဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် Ponhubသို့တင်ခဲ့သည့် စုံတွဲအကြောင်းကို လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုများရှိနေခဲ့ပြီး ၊ ဝေဖန်မှုများ သိရှိချိန်အထိ မည်သည့် ဆောင်ရွက်မှုမှ မလုပ်ခဲ့ခြင်းသည် မြန်မာတို့၏ နှလုံးသားဖြစ်သည့်ပုဂံကို စော်ကားသည့် အပြုအမှုဖြစ်သဖြင့် အလားတူဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန်ဝေဖန်သူများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက် သင့်ကြောင်းကိုလည်း အကြံပြုထားကြသည်။

“နိုင်ငံခြားသားဆိုတိုင်း အဆင့်ရှိတာ မဟုတ်ဘူး ၊ တိုးရစ် ကလေကချေတွေ အများကြီး ၊ တစ်ကယ် အဆင့်ရှိသူတွေက ဥပဒေကို လေးစားလိုက်နာကြတယ် ၊ အခုဒီလိုဖြစ်သွားတဲ့ ကိစ္စမှာလည်း ဘယ်သူဘယ်ဝါဆိုတာ မသိသိအောင်ရှာပြီး အပြစ်ပေးရမှာပါ ၊ မဟုတ်ရင် ဒီထက်ဆိုးတဲ့ စော်ကားမှုမျိုးတွေ ထပ်ဖြစ်လာနိုင်ပါတယ်” ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးမိုးမြင့်က ပြောသည်။

ဇော်ထွန်း
ref:The Fifth Wave News

Add a Comment

Your email address will not be published. Required fields are marked *