ကိုရိုနာဗိုင်းရပ်စ် ရဲ့”တရားခံ”က အ မေ ရိ ကန် လား

တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဋ္ဌာနက ထုတ်လွှင့်တဲ့သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာက တစ်ကမ္ဘာလုံး စိတ်ဝင်စား စရာ အလွန်ကောင်းတဲ့ သတင်း ဖြစ်ပေမယ့် အလျင်အမြန် ပြန်ပြီး ဖြုတ်ချသွားတဲ့ အတွက် အထောက်အထားမခိုင်လုံပဲ တင်မိလို့လား ဘာ့ကြောင့်လဲ။ ပြောရမှာ အတော်ခက်ပါတယ်။

ဒါပေမယ့် ဆင်ဟွာသတင်းဋ္ဌာနဟာ ကမ္ဘာ့အဆင့် စစ်ရေးနံပါတ်သုံးနိုင်ငံကြီးက ကမ္ဘာကျော်သတင်းဋ္ဌာနကြီး ဆိုတော့နိုင်ငံတော်အတွက် အင်မတန် အရေးပါလှတဲ့ သတင်းကိုအထောက်အထား မခိုင်လုံပဲ ရေးမယ်လို့ မထင်ပါဘူး။

အဲဒီ သတင်းကို တရုတ် မန်ဒရင်ဘာသာ Mandarin နဲ့ထုတ်လွှင့်ခဲ့တာ ဖြစ်လို့ ဘာသာပြန်တွေကနေ တဆင့်သာသိနိုင်ပါတယ်။ အဲဒီ သတင်းက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် ပြည်တော်ပြန်သွားတဲ့ ဝူဟန်မြို့မှာရှိတဲ့အမေရိကန်ကောင်စစ်ဝန်ရုံးထဲမှာ တရုတ်အစိုးရ အထူးအေးဂျင့်ထောက်လှမ်းရေး တွေက သတင်းအရ ဝင်ရောက် ရှာဖွေရှာမှာ မြေအောက် အနက် ၁.၅မီတာ(၅ပေခန့်) မှာ မြှုပ်ထားတဲ့ Biohazard လို့ ခေါ်တဲ့ အန္တရာယ်ရှိ ဇီဝဗေဒဆိုင်ရာစွန့်ပစ်ပစ္စည်း တွေကို ရှာဖွေ တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်တွေဟာ ဝူဟန် ဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုမှာ ညစ်ပတ်စုတ်ပဲ့စွာ ပါဝင်ပတ်သက်ခဲ့ကြောင်း ခိုင်လုံတဲ့ အထောက်အထား ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီသတင်းကို ဖော်ပြထားတဲ့ နေ့စွဲဟာ ရုရှားအစိုးရပိုင် TVသတင်းဋ္ဌာနကထုတ်လွှင့်တဲ့ ” တရုတ်နိုင်ငံကကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို အမေရိကန်တွေက ဖန်တီးထုတ်လုပ်ခဲ့တာ ဖြစ်ကြောင်း ” သတင်း ထုတ်လွှင့်တဲ့ နေ့နဲ့တိုက်ဆိုင်စွာပဲ တူညီနေတာ တွေ့ရပါတယ်။ ဒါကြောင့်ဆင်ဟွာသတင်းဋ္ဌာနကထုတ်လွှင့်တဲ့ သတင်းတွေနဲ့ရုရှားအစိုးရ တီဗွီက အမေရိကန် လက်ချက်လို့ တည့်တည့်ကြီး စွပ်စွဲထားတဲ့ သတင်းဟာ တစ်သဘောတည်း ထပ်တူဖြစ်နေတာ တွေ့ရပါတယ်။

ဒါကြောင့် ဆင်ဟွာသတင်းဋ္ဌာနက ပြန်လည် ဖြုတ်ချသွားခဲ့ပြီ ဆိုပေမယ့် ဝူဟန်မြို့ အမေရိကန် ကောင်စစ်ဝန်ရုံးထဲမှာ Biohazard လို့ ခေါ်တဲ့ အန္တရာယ်ရှိ ဇီဝဗေဒဆိုင်ရာ စွန့်ပစ်ပစ္စည်း တွေကို ရှာဖွေ တွေ့ရှိခဲ့တဲ့ သတင်းကတော့ မဖုံးနိုင်မဖိနိုင် ပျံ့ နှံ့ သွားပြီ ဖြစ်ကြောင်း သိရပါတယ်ဗျာ။

Thant Lwin Oo