အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) ရဲ႕ ၾကားျဖတ္ စီမံေဆာင္႐ြက္ခ်က္မ်ားႏွင့္ ပတ္သက္ျပီး ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အေမရိကန္ သံအမတ္တို႔ ေတြ႕ဆုံေဆြးေႏြး

ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Scot Marciel ဦးေဆာင္ ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ လက္ခံေတြ႕ ဆုံသည္။

ေတြ႕ဆုံရာတြင္ တပ္မေတာ္ႏွစ္ရပ္အၾကား ပုံမွန္ဆက္ဆံေရးဆိုင္ရာလိုအပ္သည့္ ကိစၥရပ္မ်ား၊ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) အစီရင္ခံစာႏွင့္ ပတ္သက္၍ တပ္ပိုင္းဆိုင္ရာ ဆက္လက္ ေဆာင္ ႐ြက္ေနမႈအေျခအေန၊ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ၏ ၾကားျဖတ္စီမံေဆာင္႐ြက္ ခ်က္ (Provisional Measures) ႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ ထာဝရၿငိမ္း ခ်မ္းေရးဆိုင္ရာ ကိစၥရပ္မ်ားအား အျပန္အလွန္ေဆြး ေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ႏွင့္ ျပည္ေထာင္ စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ႏိုင္ငံ သံအမတ္ႀကီးတို႔သည္ အဖြဲ႕ဝင္မ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

ref:သတင္းစဥ္

Unicode

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံရာတွင် တပ်မတော်နှစ်ရပ်အကြား ပုံမှန်ဆက်ဆံရေးဆိုင်ရာလိုအပ်သည့် ကိစ္စရပ်များ၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာနှင့် ပတ်သက်၍ တပ်ပိုင်းဆိုင်ရာ ဆက်လက် ဆောင် ရွက်နေမှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ကြားဖြတ်စီမံဆောင်ရွက် ချက် (Provisional Measures) နှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ထာဝရငြိမ်း ချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေး နွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ref:သတင်းစဉ်

Add a Comment

Your email address will not be published. Required fields are marked *