Water Bus မ်ားအတြက္သုံးရန္ အေႂကြးစနစ္ျဖင့္ ဝယ္ယူခဲ့သည့္ ဒီဇယ္ဖိုး ေငြက်ပ္သိန္း ၇၀၀ ေက်ာ္ မေပးေခ်ပါက တရားစြဲဆို အေရးယူမည္ဟု ဆို

Water Bus မ်ားအတြက္ အသုံးျပဳရန္အေႂကြးစနစ္ျဖင့္ ဝယ္ယူခဲ့သည့္ ဒီဇယ္ဖိုး ေငြက်ပ္သိန္းေပါင္း ၇၇၂၁၃၈၅၀ (ခုႏွစ္ရာ ခုႏွစ္ဆယ့္ ႏွစ္သိန္းတစ္ေသာင္း သုံးေထာင့္ရွစ္ရာငါးဆယ္)အား ၂၀၂၀ ခုႏွစ္၊ ၂လပိုင္း ၂၈ ရက္တြင္ ေပးေခ်ပါရန္၊ မေပး ေခ်ပါက တရားမေၾကာင္း/ရာဇဝတ္ေၾကာင္းမ်ားအရ တရားစြဲဆို အေရးယူသြားမည္ျဖစ္ေၾကာင္း Petro & Trans Group ကုမၸဏီက ႏိုင္ငံပိုင္မီဒီယာမ်ားတြင္ အမ်ားသိေစရန္ ထုတ္ျပန္ေၾကညာခဲ့သည္ကို ေတြ႕ရသည္။

Tint Tint Myanmar ကုမၸဏီသည္ ၎၏ကုမၸဏီပိုင္ ေရယာဥ္Water Bus မ်ားတြင္သုံးစြဲရန္အတြက္ ဒီဇယ္ မ်ားကို Petro & Trans Group ကုမၸဏီထံမွ လကုန္ၿပီးေပးေခ်ပါမည္ဟု ကတိကဝတ္ျပဳကာ အေႂကြးစနစ္ျဖင့္ ၂၀၁၈ စက္တင္ဘာမွ ၂၀၁၈ ဒီဇင္ဘာအထိ ဝယ္ယူခဲ့ရာ စုစုေပါင္း တန္ဖိုးမွာ က်ပ္ ၇၇၂၁၃၈၅၀ျဖစ္ကာ အဆိုပါေငြအား ၂၀၁၉ ရွစ္လပိုင္းတြင္ အေၾကေပးမည္ဟုေျပာထားေသာ္လည္း ယင္းအေႂကြးမ်ားကို ေပးေခ်ခဲ့ျခင္းမရွိေၾကာင္း၊ ေဒၚတင့္တင့္လြင္ သည္ အဆိုပါေငြေၾကးအတြက္ ယုံၾကည္စိတ္ခ်ေစရန္ Water Bus ၃ စီးႏွင့္ ပတ္သက္သည့္ စာ႐ြက္စာတမ္း ငါးမ်ိဳးကိုေပးအပ္ခဲ့ေၾကာင္း၊ က်န္ေငြေက်းမ်ားကိုလည္း မိမိကတိအတိုင္း ေပးေခ်ရမည့္ရက္တြင္ မေပးေခ်ခဲ့ေၾကာင္း၊ Petro &Trans Group ကုမၸဏီမွ က်န္ရွိေငြမ်ားကို (၇.၂.၂၀၂၀)ေန႔တြင္ အေက်ေပးေခ်ရန္ (၂၅.၁.၂၀၂၀) ရက္စြဲျဖင့္ ေရွ႕ေနမွတစ္ဆင့္ Notice စာျဖင့္ေပး၍အေၾကာင္းၾကားခဲ့ရာ လိပ္စာေျပာင္းသြားသည့္အတြက္ Notice စာ ျပန္လည္ေရာက္ရွိလာေၾကာင္း၊ ထို႔အျပင္ ေဒၚတင့္တင့္လြင္အား ယင္းကိစၥ ႏွင့္ပတ္သက္၍အေၾကာင္းၾကားရန္ ဖုန္းျဖင့္ဆက္သြယ္ခဲ့ရာ ဖုန္းစက္ပိတ္ထားျခင္း ၊ဖုန္းမကိုင္ျခင္းတို႔ ေၾကာင့္ ဆယ္သြယ္၍မရခဲ့ေၾကာင္းလည္း အဆိုပါေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ref:The Ladies News

Unicode

Water Bus များအတွက် အသုံးပြုရန်အကြွေးစနစ်ဖြင့် ဝယ်ယူခဲ့သည့် ဒီဇယ်ဖိုး ငွေကျပ်သိန်းပေါင်း ၇၇၂၁၃၈၅၀ (ခုနှစ်ရာ ခုနှစ်ဆယ့် နှစ်သိန်းတစ်သောင်း သုံးထောင့်ရှစ်ရာငါးဆယ်)အား ၂၀၂၀ ခုနှစ်၊ ၂လပိုင်း ၂၈ ရက်တွင် ပေးချေပါရန်၊ မပေး ချေပါက တရားမကြောင်း/ရာဇဝတ်ကြောင်းများအရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း Petro & Trans Group ကုမ္ပဏီက နိုင်ငံပိုင်မီဒီယာများတွင် အများသိစေရန် ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရသည်။

Tint Tint Myanmar ကုမ္ပဏီသည် ၎င်း၏ကုမ္ပဏီပိုင် ရေယာဉ်Water Bus များတွင်သုံးစွဲရန်အတွက် ဒီဇယ် များကို Petro & Trans Group ကုမ္ပဏီထံမှ လကုန်ပြီးပေးချေပါမည်ဟု ကတိကဝတ်ပြုကာ အကြွေးစနစ်ဖြင့် ၂၀၁၈ စက်တင်ဘာမှ ၂၀၁၈ ဒီဇင်ဘာအထိ ဝယ်ယူခဲ့ရာ စုစုပေါင်း တန်ဖိုးမှာ ကျပ် ၇၇၂၁၃၈၅ဝဖြစ်ကာ အဆိုပါငွေအား ၂၀၁၉ ရှစ်လပိုင်းတွင် အကြေပေးမည်ဟုပြောထားသော်လည်း ယင်းအကြွေးများကို ပေးချေခဲ့ခြင်းမရှိကြောင်း၊ ဒေါ်တင့်တင့်လွင် သည် အဆိုပါငွေကြေးအတွက် ယုံကြည်စိတ်ချစေရန် Water Bus ၃ စီးနှင့် ပတ်သက်သည့် စာရွက်စာတမ်း ငါးမျိုးကိုပေးအပ်ခဲ့ကြောင်း၊ ကျန်ငွေကျေးများကိုလည်း မိမိကတိအတိုင်း ပေးချေရမည့်ရက်တွင် မပေးချေခဲ့ကြောင်း၊ Petro &Trans Group ကုမ္ပဏီမှ ကျန်ရှိငွေများကို (၇.၂.၂၀၂၀)နေ့တွင် အကျေပေးချေရန် (၂၅.၁.၂၀၂၀) ရက်စွဲဖြင့် ရှေ့နေမှတစ်ဆင့် Notice စာဖြင့်ပေး၍အကြောင်းကြားခဲ့ရာ လိပ်စာပြောင်းသွားသည့်အတွက် Notice စာ ပြန်လည်ရောက်ရှိလာကြောင်း၊ ထို့အပြင် ဒေါ်တင့်တင့်လွင်အား ယင်းကိစ္စ နှင့်ပတ်သက်၍အကြောင်းကြားရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းစက်ပိတ်ထားခြင်း ၊ဖုန်းမကိုင်ခြင်းတို့ ကြောင့် ဆယ်သွယ်၍မရခဲ့ကြောင်းလည်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ref:The Ladies News