ေဒၚနယ္ထရမ့္ အီရန္အေပၚ စစ္တိုက္ႏိုင္စြမ္းကို ကန႔္သတ္သည့္ ဥပေဒၾကမ္း အထက္လႊတ္ေတာ္ အတည္ျပဳ

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ရဲ႕ အီရန္အေပၚ စစ္မက္ျပဳႏိုင္စြမ္းကို ကန႔္သတ္တဲ့ ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္က ေဖေဖာ္ဝါရီ ၁၃ ရက္မွာ ေထာက္ခံလိုက္ပါတယ္။အီရန္ဗိုလ္ခ်ဳပ္ႀကီး ဆိုလန္မန္နီကို ဒ႐ုန္းနဲ႔တိုက္ခိုက္ဖို႔ သမၼတ ထရမ့္ အမိန႔္ေပးခဲ့ၿပီး အီရန္လက္တုံ႔ျပန္ခ်က္ေၾကာင့္ ေဒသတြင္း ပိုမိုႀကိးမားတဲ့ ပဋိပကၡျဖစ္မယ့္ စိုးရိမ္စိတ္ေတြ ေပၚေပါက္ခဲ့ၿပီးေနာက္ အထက္လႊတ္ေတာ္က သမၼတ ထရမ့္ကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။

သမၼတ ထရမ့္ရဲ႕ စစ္မက္ျပဳႏိုင္စြမ္းကို ကန႔္သတ္တဲ့ ဥပေဒၾကမ္းအား မဲခြဲဆုံးျဖတ္ရာမွာ ရီပတ္ဘလီကန္ အမတ္ ၈ ဦးက ဒီမိုကရက္ေတြနဲ႔ ပူးေပါင္းခဲ့ၿပီး ၅၅ မဲ- ၄၅ မဲနဲ႔ ေထာက္ခံခဲ့ပါတယ္။ဒီဥပေဒၾကမ္းအရ ကြန္ဂရက္က စစ္ေရးသုံးဖို႔ ခြင့္မျပဳမခ်င္း သမၼတ ထရမ့္အေနနဲ႔ အီရန္နဲ႔ စစ္ပြဲမွာ ပါဝင္ေနတဲ့ အေမရိကန္တပ္ဖြဲ႕ဝင္ေတြကို ျပန္ေခၚရမွာ ျဖစ္ပါတယ္။

ဒီဥပေဒၾကမ္းကို ထရမ့္က ဗီတိုအာဏာသုံး ပယ္ခ်မယ္လို႔ ေျပာထားၿပီး ဗီတိုကို ပယ္ဖ်က္ဖို႔ရာ လုံေလာက္တဲ့ မဲအေရအတြက္ သုံးပုံႏွစ္ပုံ ရမယ္ မထင္ရပါဘူး။အေၾကာင္းကေတာ့ အထက္လႊတ္ေတာ္ အမတ္ေနရာ ၁၀၀ မွာ ရီပတ္ဘလီကန္ေတြက ၅၃ ေနရာရထားၿပီး သမၼတအေပၚ ဆန႔္က်င္မဲေပးတာမ်ိဳးက ရွားရွားပါးပါးပါ။ ဒါ့အျပင္ ဒီဥပေဒၾကမ္းကို ဆန႔္က်င္သူေတြက ဥေပဒၾကမ္းဟာ အီရန္ႏိုင္ငံကို တလြဲအဓိပၸာယ္ ေကာက္ေစလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။

ref:xyznews

Unicode

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် စစ်မက်ပြုနိုင်စွမ်းကို ကန့်သတ်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထောက်ခံလိုက်ပါတယ်။အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ သမ္မတ ထရမ့် အမိန့်ပေးခဲ့ပြီး အီရန်လက်တုံ့ပြန်ချက်ကြောင့် ဒေသတွင်း ပိုမိုကြိးမားတဲ့ ပဋိပက္ခဖြစ်မယ့် စိုးရိမ်စိတ်တွေ ပေါ်ပေါက်ခဲ့ပြီးနောက် အထက်လွှတ်တော်က သမ္မတ ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

သမ္မတ ထရမ့်ရဲ့ စစ်မက်ပြုနိုင်စွမ်းကို ကန့်သတ်တဲ့ ဥပဒေကြမ်းအား မဲခွဲဆုံးဖြတ်ရာမှာ ရီပတ်ဘလီကန် အမတ် ၈ ဦးက ဒီမိုကရက်တွေနဲ့ ပူးပေါင်းခဲ့ပြီး ၅၅ မဲ- ၄၅ မဲနဲ့ ထောက်ခံခဲ့ပါတယ်။ဒီဥပဒေကြမ်းအရ ကွန်ဂရက်က စစ်ရေးသုံးဖို့ ခွင့်မပြုမချင်း သမ္မတ ထရမ့်အနေနဲ့ အီရန်နဲ့ စစ်ပွဲမှာ ပါဝင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ရမှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို ထရမ့်က ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ပြောထားပြီး ဗီတိုကို ပယ်ဖျက်ဖို့ရာ လုံလောက်တဲ့ မဲအရေအတွက် သုံးပုံနှစ်ပုံ ရမယ် မထင်ရပါဘူး။အကြောင်းကတော့ အထက်လွှတ်တော် အမတ်နေရာ ၁၀၀ မှာ ရီပတ်ဘလီကန်တွေက ၅၃ နေရာရထားပြီး သမ္မတအပေါ် ဆန့်ကျင်မဲပေးတာမျိုးက ရှားရှားပါးပါးပါ။ ဒါ့အပြင် ဒီဥပဒေကြမ်းကို ဆန့်ကျင်သူတွေက ဥပေဒကြမ်းဟာ အီရန်နိုင်ငံကို တလွဲအဓိပ္ပာယ် ကောက်စေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။