ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၁၈) ဦးထိရှိလာတဲ့ Diamond Princess သင်္ဘောမှ မိမိနိုင်ငံသား ၄၂၈ ဦးကို အမေရိကန် အစိုးရ ပြန်ခေါ်ရန် စီစဉ်နေ

Diamond Princess “စိန်မင်းသမီး” အပျော်စီး အထူးဇိမ်ခံသင်္ဘောကြီးပေါ်တွင် ပိတ်မိနေသည့် အမေရိကန်နိုင်ငံသား ခရီးသည် ၄၂၈ ဦးကို သွားရောက်ခေါ်ယူ၍ စောင့်ကြပ်ကြည့်ရူ့ သွားရန် အမေရိကန်အစိုးရက စီစဉ်နေပြီဟု သိရသည်။အဆိုပါ “စိန်မင်းသမီး”အပျော်စီးသင်္ဘောကြီးပေါ်တွင် လိုက်ပါလာသည့်ခရီးသည်များထဲမှအချို့ တွင် ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကိုတွေ့ ရှိခဲ့ပြီး နောက် ဂျပန်အစိုးရ ကျန်းမာရေးဌာနက ကမ်းပေါ်သို့ တက်ခွင့်မပေးဘဲ ယိုကိုဟားမားမြို့ ဆိပ်ကမ်းအပြင် တွင် ကျောက်ချရပ်နားထားစေပြီး စောင့်ကြည့်နေ သည်။

သင်္ဘောပေါ်တွင် ခရီးသည်နှင့်ဝန်ထမ်းပေါင်း ၃၇၀၀ လိုက်ပါလာပြီး အဆိုပါခရီးသည် များထဲတွင် အမေရိကန်နိုင်ငံသား ၄၂၈ ဦးအထိ ပါဝင်နေခြင်းဖြစ်သည်။ ၄င်းတို့ ကို အမေရိကန်မှ လေယာဉ် ၂ စီးဖြင့် သွားရောက်ခေါ်ယူမည်ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ဆာခရာမန်တိုရှိ ထရာဗစ်လေတပ်အခြေစိုက်စခန်းသို့ ပို့ ဆောင်ကာ စောင့်ကြည့်ရန် စီစဉ်နေခြင်းဖြစ်သည်။

Diamond Princess သင်္ဘောမှာ အထူးဇိမ်ခံသင်္ဘော ကြီးဖြစ်ပြီး ၂၀၀၄ မတ်လအတွင်းက စ၍ ဝန်ဆောင် မှုများပေးနိုင်ခဲ့သည်။ ခရီးသည် ၂၆၇၀ ဦးလိုက်ပါနိုင် ကာ ဝန်ထမ်း ၁၁၀၀ ပါဝင်၍ ရေမိုင် ၂၅ မိုင် အထိ မောင်းနှင်နိုင်သည့် အထူးဇိမ်ခံသင်္ဘောဖြစ်သည်။

အသက် ၈၀ နှစ်အရွယ်ရှိ ဟောင်ကောင်နိုင်ငံသားခရီးသည်အမျိုးသားမှာ ဇန်နဝါရီ ၂၀ တွင် ယိုကိုဟားမားဆိပ်ကမ်းမှတစ်ဆင့်သင်္ဘောပေါ်သို့ တက်လာခဲ့သည်ဟု ဆိုသည်။ ၄င်းမှာ သင်္ဘောပေါ်မှ ပြန်ဆင်းသွားပြီးနောက် ၆ ရက်အကြာ ဖေဖော်ဝါရီ ၁ တွင် ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူဖြစ်နေသည် ကို တွေ့ ရှိခဲ့သည်။

ထို့ နောက် သင်္ဘောမှာ ဂျပန်ရေပိုင်နက်အတွင်းသို့ ပြန်လည်ရောက်ရှိ လာပြီးနောက် ဖေဖော်ဝါရီ ၄ တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၀ ဦးကို ထပ်မံတွေ့ ရှိခဲ့သည်။ ထို့နောက် တွင် သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များထဲမှ ဗိုင်းရပ်စ်ကူစက်ခံထားရသူများကို နေ့ စဉ်နှင့်အမျှ တိုးပြီးတွေ့ လာခဲ့ရာတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ တွင် သင်္ဘောပေါ်မှ ခရီးသည် များအနက် ၂၁၈ ဦးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို အတည်ပြုနိုင်ခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသူများထဲတွင် အိန္ဒိယနိုင်ငံသားခရီးသည် ၃ ဦးလည်း ပါဝင်နေပြီး ၄င်းတို့ ကို သင်္ဘောပေါ်မှဆင်းနိုင်ရေးနှင့်အိန္ဒိယသို့ ပြန်လည်ပို့ ဆောင်ပေးနိုင်ရေးတို့ အတွက် ဂျပန်နိုင်ငံရှိ အိန္ဒိယသံရုံးကလည်း ဆွေးနွေးမှုများပြုလုပ်နေသည်။

သင်္ဘောပေါ်မှ ခရီးသည်များကလည်း၎င်းတို့ ၏ နိုင်ငံအလံများကို လွင့်တင်ထားကြရာ တောင်ကိုးရီးယားခရီးသည်များလည်း ပါဝင်နေသည်ကိုတွေ့ ရသည်။ အမေရိကန် ခရီးသည်များကမူ ၄င်းတို့ ကို ပြန်လာခေါ်ရန်စီစဉ်နေသည်ဆိုသော သတင်းများကြောင့် အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့် ကို ချစ်ခင်ကြောင်း ဖော်ပြနေကြသည်။

ref:The Ladies News