မန်စီးတီးရဲ့ချိန်ပီယံလိဂ် ပြစ်ဒဏ်ကြောင့် အကြီးကျယ် အမြတ်ထွက်မယ့်အသင်းကြီးတစ်သင်း

ဥရောပဘောလုံးအဖွဲ့ချုပ် ရဲ့ နှစ်ရာသီဆက် ဥရောပပြိုင်ပွဲဝင်ရောက် ခွင့်ဆုံးရှုံးသွားတဲ့ မန်စီးတီးအသင်းအတွက် များစွာစိတ်မကောင်းဖြစ်မိပေမယ့် တစ်ဖက်မှာတော့ အကြီးကျယ်အမြတ်ထွက်မယ့်အသင်းကြီးတစ်သင်းရှိနေပါတယ်။ အထူးသဖြင့် အဆင့်၂ နေရာက မန်စီးတီး အနေနဲ့ အခုလို ဝင်ခွင့်အပိတ်ခံရပေမယ့် အဂ်လန်ပရီးမီးယားလိဂ် အနေနဲ့ချန်ပီယံလိဂ်ကို လေးသင်း(ယူရိုပါလိဂ်ဖလားရရင်တစ်သင်းထပ်တိုး) ဝင်ခွင့်ရှိနေတာကြောင့် ပုံမှန် အဆင့် ၄ အထိအသင်းတွေ ဝင်ခွင့်ရတာကနေ မန်စီးတီးကြောင့် အဆင့် ၅အသင်းကဝင်ခွင့်ရရှိမယ့် အနေထားကိုရောက်ရှိနေပါပြီ။

သာမန်အားဖြင့် အဆင့် ၁,၂,၃ သုံးသင်းကတိုက်ရိုက်ဝင်ခွင့်ရရှိပြီး အဆင့် ၄ အသင်း(ယခင်အာဆင်နယ်) က ခြေစစ်ပွဲကနေ ဝင်ရောက်ကစားခွင့်ရရှိတာဖြစ်ပါတယ်။လက်ရှိမှာ အဆင့်၂ နေရာကမန်စီးတီးအသင်းပိတ်ပင်ခံရတာကြောင့် အဆင့် ၁,၃,၄ တို့က တိုက်ရိုက်ဝင်ခွင့်ရနိုင်ပြီး အဆင့်၅ အသင်းကတော့ ခြေစစ်ပွဲကန်ခွင့်ရမယ့် အခွင့်အရေး ပိုင်ဆိုင်နေပါပြီ။ ဒီအခွင့်အရေးကြောင့် လက်ရှိ အဆင့်၎ က ချဲလ်ဆီးအသင်းဟာ ခြေစစ်ပွဲကန်ရမယ့်အခြေနေကိုကျော်လွန်ပြီး တိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်သလို မန်ယူနိက်တဒ် အနေနဲ့လည်း အဆင့် ၅ ရရှိခဲ့ရင် ချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်ကိုဝင်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အပြောင်းလဲက ယူရိုပါလိဂ်အပေါ်မှာလည်းသက်ရောက်မှု့ရှိလာပါလိမ့်မယ်။ နကိုအဆင့်၅,၆ အသင်းတွေအစား အဆင့်၆,၇ အသင်းတွေက ယူရိုပါလိဂ်ကို ဝင်ခွင့်ရမှာဖြစ်လို့ အသင်းငယ်တွေကြားဥရောပဝင်ခွင့်တိုက်ပွဲကပိုမိုပြင်းထန်လာနိုင်ပါတယ်။ တကယ်လို့ အဆင့်ငါးနေရာကို အာဆင်နယ်ကရရှိခဲ့ပြီး ယူနိက်တဒ် အနေနဲ့ ယူရိုပါလိဂ် ဗိုလ်ဆွဲခဲ့ရင် ချန်ပီယံလိဂ် ကို အဂ်လန်ငါးသင်း ဝင်ရောက်ခွင့်ရရှိမယ့်ဘအခွင့်ရေးကြီးလည်းရှိနေပါသေးတယ်။ မန်စီးတီးအသင်းအတွက်တော့ ပြစ်ဒဏ်ကဆိုးရွားပေမယ့် တဖက်မှာ အသင်းအတော်များများရဲ့မျှော်လင့်ချက်နဲ့ တိုက်ပွဲတွေကပိုမိုပြင်းထန်လာမှာဖြစ်လို့ ပရီးမီးယားလိဂ်က ကျနော်တို့ကိုပိုပြီးစွဲဆောင်နိုင်ပါလိမ့်ဦးမယ်။

unitednews7