မိတ္ေဆြ သင္..ထိုင္ရာကေန ထလိုက္တဲ့အခါ မိုက္ခနဲမူးေဝသြားတာမ်ိဳးျဖစ္ဖူးရင္

ထိုင္ ရာ ကေန ႐ုတ္တရက္ ထရပ္လိုက္တဲ့ အခါ မိုက္ခနဲ မူးသြားတာမ်ိဳး ျဖစ္ဖူးၾကမွာပါ။ တခါတေလဆို မ်က္စိေတြျပာေဝသြားၿပီး ခႏၶာကိုယ္က ယိုင္ထိုးသြားတာမ်ိဳး အထိျဖစ္တတ္ပါတယ္။ ဒီလို ဘာလို႔ျဖစ္တာလဲ၊ ဒီလိုျဖစ္တာဟာ ကိုယ့္အတြက္ အႏၲရာယ္ရွိလားဆိုတာ သိထားဖို႔ ဒီစာေလးကို ဆုံးေအာင္ဖတ္ၾကည့္ပါ။

မိုက္ခနဲ မူးေဝျခင္းဟာ ….

ခႏၶာကိုယ္မွာ ေရဓာတ္နည္းေနျခင္းေၾကာင့္ ျဖစ္နိုင္တယ္။

ေဒါသႀကီးတတ္တဲ့စိတ္ေၾကာင့္ျဖစ္နိုင္တယ္။

ကိုယ္စားတဲ့အစားအစာထဲမွာ မတည့္တာတစ္ခုခုပါသြားတာမ်ိဳး၊ ကိုယ္နဲ႕မတည့္တဲ့ေဆးတစ္ခုခုလိမ္းမိ၊ ေသာက္မိတာမ်ိဳးေၾကာင့္ျဖစ္နိုင္တယ္။

ေသြးတြင္းသၾကားဓာတ္နည္းေနျခင္းေၾကာင့္ျဖစ္နိုင္တယ္။

လႈပ္ရွားမႈမ်ားလို႔ ေခြၽးထြက္မ်ားတာေၾကာင့္ျဖစ္နိုင္တယ္။

ေသြးက်ေနလို႔လည္းျဖစ္နိုင္တယ္။

ႏွလုံးေရာဂါ ဒါမွမဟုတ္ ေလျဖတ္တာရဲ႕ ေရွ႕ေျပးလကၡဏာျဖစ္နိုင္တယ္။

႐ုတ္တရက္ မူးေဝတာဟာ ဒီအခ်က္ေတြထဲက တစ္ခ်က္တည္းေၾကာင့္ျဖစ္နိုင္သလို၊ အခ်က္ေတာ္ေတာ္မ်ားမ်ားေၾကာင့္လည္းျဖစ္နိုင္ၿပီး အဆိုးဆုံးအေျခအေနအျဖစ္ ေလျဖတ္တာ အထိျဖစ္နိုင္တာေၾကာင့္ အဲ့ဒီလို မိုက္ခနဲမူးေဝတာမ်ိဳး ခဏခဏျဖစ္ေနရင္ ေသခ်ာေပါက္ ဆရာဝန္နဲ႕ျပသ စစ္ေဆးကာ ေဆးကုသမႈခံယူသင့္ရင္ ယူရပါမယ္။ ႀကိဳတင္ကာကြယ္ျခင္းက အေကာင္းဆုံး ေဆးဝါးျဖစ္တာေၾကာင့္ အေျခအေန သိပ္မဆိုးခင္မွာ က်န္းမာေရး စစ္ေဆးကုသမႈခံယူပါ၊ ဆရာဝန္ၫႊန္ၾကားခ်က္ အတိုင္းလိုက္နာၿပီး ကိုယ့္က်န္းမာေရးကို ဂ႐ုစိုက္ပါလို႔ အႀကံေပးလိုက္ပါတယ္။

Unicode

ထိုင် ရာ ကနေ ရုတ်တရက် ထရပ်လိုက်တဲ့ အခါ မိုက်ခနဲ မူးသွားတာမျိုး ဖြစ်ဖူးကြမှာပါ။ တခါတလေဆို မျက်စိတွေပြာဝေသွားပြီး ခန္ဓာကိုယ်က ယိုင်ထိုးသွားတာမျိုး အထိဖြစ်တတ်ပါတယ်။ ဒီလို ဘာလို့ဖြစ်တာလဲ၊ ဒီလိုဖြစ်တာဟာ ကိုယ့်အတွက် အန္တရာယ်ရှိလားဆိုတာ သိထားဖို့ ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ပါ။

မိုက်ခနဲ မူးဝေခြင်းဟာ ….

ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေခြင်းကြောင့် ဖြစ်နိုင်တယ်။

ဒေါသကြီးတတ်တဲ့စိတ်ကြောင့်ဖြစ်နိုင်တယ်။

ကိုယ်စားတဲ့အစားအစာထဲမှာ မတည့်တာတစ်ခုခုပါသွားတာမျိုး၊ ကိုယ်နဲ့မတည့်တဲ့ဆေးတစ်ခုခုလိမ်းမိ၊ သောက်မိတာမျိုးကြောင့်ဖြစ်နိုင်တယ်။

သွေးတွင်းသကြားဓာတ်နည်းနေခြင်းကြောင့်ဖြစ်နိုင်တယ်။

လှုပ်ရှားမှုများလို့ ချွေးထွက်များတာကြောင့်ဖြစ်နိုင်တယ်။

သွေးကျနေလို့လည်းဖြစ်နိုင်တယ်။

နှလုံးရောဂါ ဒါမှမဟုတ် လေဖြတ်တာရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တယ်။

ရုတ်တရက် မူးဝေတာဟာ ဒီအချက်တွေထဲက တစ်ချက်တည်းကြောင့်ဖြစ်နိုင်သလို၊ အချက်တော်တော်များများကြောင့်လည်းဖြစ်နိုင်ပြီး အဆိုးဆုံးအခြေအနေအဖြစ် လေဖြတ်တာ အထိဖြစ်နိုင်တာကြောင့် အဲ့ဒီလို မိုက်ခနဲမူးဝေတာမျိုး ခဏခဏဖြစ်နေရင် သေချာပေါက် ဆရာဝန်နဲ့ပြသ စစ်ဆေးကာ ဆေးကုသမှုခံယူသင့်ရင် ယူရပါမယ်။ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ဆေးဝါးဖြစ်တာကြောင့် အခြေအနေ သိပ်မဆိုးခင်မှာ ကျန်းမာရေး စစ်ဆေးကုသမှုခံယူပါ၊ ဆရာဝန်ညွှန်ကြားချက် အတိုင်းလိုက်နာပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါလို့ အကြံပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *