ဇီ ဝ လက် နက် (Biological W e a p o n) ဆိုတာ

ဇီ ဝ လက် နက် (Biological W e a p o n) ဆိုတာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား စတဲ့ အနုဇီဝ (မိုက်ခရိုအော်ဂဲနစ်) သက်ရှိ ပိုးမွှားများ (သို့မဟုတ်)အပင် သို့မဟုတ် တိရ စ္ဆာန် တို့မှ ဆင်းသက်လာတဲ့ သဘာဝ အဆိပ် (Natural t o x i n) များကို လူ တိရ စ္ဆာန်တို့ကို ရောဂါ အသက် အန္တရာယ် ဖြစ်အောင် ရည်ရွယ်၍ပြုပြင် ထုတ်လုပ်ထားတဲ့ အရာဝတ္တုများ ဖြစ်ပါတယ်။

ဇီဝလက်နက် တွေကို ဗုံး၊ မစ်ဇိုင်း တွေမှာ ထည့်သွင်းတပ်ဆင် အသုံးပြု နိုင်ပါတယ်။ ဒါပေမယ့် ယခုခေတ်မှာနိုင်ငံတစ်ခုကို ဇီဝလက်နက် ဖြင့် တိုက်ခိုက်လိုပါက အနုဇီဝ ပိုးမွှားများကို လူအများစု အသုံးပြုနေတဲ့ အစားအစာနဲ့ရေအရင်းအမြစ်တွေထဲသို့ မသိမသာ ထည့်သွင်း ပေးခြင်းအားဖြင့် ညစ်ညမ်းစေကာ အဆိပ်အတောက်ဖြစ်စေခြင်းနည်းလမ်းကို အသုံးချလာကြပါတယ်။ ဥပမာအားဖြင့်အီဘိုလာ​ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါ စတဲ့ ကုသရန်ခက်ခဲပြီး ဆေးပညာဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြစ်စေရန်ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါ ဆန်းများကို ဖစ်ပွားအောင်ဖန်တီးပြီး တိုက်ခိုက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဇီဝလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေကတော့ ထိုင်ဝမ်၊ကနေဒါ၊ တရုတ်၊ ကျူးဘား၊ ပြင်သစ်၊ ဂျာမနီ၊ အီရန်၊အီရတ်၊ အစ္စရေး၊ ဂျပန်၊ လစ်ဗျား၊ မြောက်ကိုးရီးယား၊ ရုရှား၊တောင်အာဖရိက၊ ဆီးရီးယား၊ အင်္ဂလန်၊ အမေရိကန် စတဲ့၁၇နိုင်ငံ ဖြစ်ပါတယ်။

ဇီဝလက်နက်တွေကို အသုံးပြု တိုက်ခိုက်မှု သမိုင်းကြောင်းကို ရှေး ပဝေသဏီအထိ မပြောတော့ပဲ အနီးကပ်ဆုံးကာလကို ပြောရရင် ဒုတိယ ကမ္ဘာစစ်ကာလမှာ ဂျပန်ဟာ တရုတ်ပြည်သူတွေကို ဇီဝလက်နက်နဲ့ တိုက်ခိုက်ခဲ့တဲ့ အတွက်တရုတ်လူမျိုး သိန်းနဲ့ချီပြီး (ပလိပ်ရောဂါ၊ ဒေါင့်သန်းရောဂါ၊ဝမ်းရောဂါတွေ ဖြစ်စေတဲ့ ဇီဝ ပိုးမွှား လက်နက်တွေကြောင့်)သေဆုံးခဲ့ ကြရဖူးပါတယ်။

ဂျပန်တွေကို အမေရိကန်က နျူကလီယာဗုံးကြဲခဲ့တာကိုအပြစ်ပြောမယ် ဆိုရင် ဂျပန်တွေက ဇီဝလက်နက်နဲ့လူမဆန်စွာ တိုက်ခိုက်မှုကြေင့် တရုတ်ပြည်သူ သိန်းနဲ့ချီပြီးသေဆုံးခဲ့ရတာကိုလည်း မြင်အောင် ကြည့်ပါလို့ အမေရိကန် အခြေစိုက်တဲ့ The National Interest မဂ္ဂဇင်းကထောက်ပြထားတာ တွေ့ရပါတယ်။

တရုတ်ပြည်သူတွေဟာ ဇီဝပိုးမွှားလက်နက်နဲ့ တိုက်ခိုက်မှုခံစားရတာ ဒီတစ်ကြိမ်သာ မဟုတ်ပါဘူး။ ၁၉၅၂ခုနှစ်ကိုးရီးယား စစ်ပွဲ ကာလမှာလည်း မြောက်ကိုးရီးယား နယ်စပ်မှာ ရှိတဲ့ တရုတ်ပြည်သူ တွေဟာ အမေရိကန်တွေရဲ့ဇီဝပိုးမွှားလက်နက်နဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ ကိုးရီးယားစစ်ပွဲကာလမှာ ဇီဝပိုးမွှားလက်နက်နဲ့တိုက်ခိုက် ခံခဲ့ရတဲ့ အထဲမှာ မြောက်ကိုးရီးယားတွေလည်းပါဝင်ခဲ့ပါတယ်။

ကိုးရီးယားစစ်ပွဲကာလမှာ အမေရိကန်ဟာ ဇီဝလက်နက်သာမက ဓာတုလက်နက် တွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း တရုတ် ရုရှား မြောက်ကိုးရီးယား တို့က စွပ်စွဲခဲ့ကြပါတယ်။ အမေရိကန် အစိုးရ ကတော့ သူတို့ဟာ ဓာတုလက်နက်တွေ နဲ့ ဇီဝလက်နက်တွေကို အသုံးမပြုခဲ့ကြောင်းငြင်းဆန် ခဲ့ကြပါတယ်။

ခေတ်အဆက်ဆက်မှာ အသုံးပြုနေတဲ့ ဓာတုလက်နက်တွေဇီဝလက်နက်နည်းပညာတွေဟာ ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်တာကြောင့် လူတွေသာ အစုလိုက် အပြုံလိုက် သေကြေပျက်စီး သွားခဲ့ကြပေမယ့် ဘယ်သောအခါမှ ဘယ်အစိုးရကမှ ဝန်ခံခဲ့တာ မရှိပါဘူး။ ဓာတု ဇီဝလက်နက် နဲ့ ပတ်သက်သမျှဟာ Conspiracy Theory ချည်းသာ ဖြစ်နေတာကြောင့် ပါဝင် ပတ်သက်နေသူတွေ သေဆုံးသွားကြသည့်တိုင်အောင် သက်သေအထောက်အထား ရှာမရ ဖော်ထုတ် ခြင်း မပြုနိုင်ပဲ ဇာတ်သိမ်း သွားကြတာသာ များပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမပတ်က ရုရှားအစိုးရပိုင်ချနယ်ဝမ်း တီဗွီက စွပ်စွဲ ခဲ့တဲ့ ” တရုတ်နိုင်ငံက ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့အမိန့်အရ အမေရိကန် ဇီဝပိုးမွှားလက်နက်ဓာတ်ခွဲခန်းတွေမှ ထုတ်လုပ်လိုက်တဲ့ လျှို့ဝှက် ပူးပေါင်းကြံစည်မှု တစ်ခု (Conspiracy Theory) ကြောင့် ယခုလို​ရောဂန္တရ ကပ် ဆိုက်ရောက်နေရတာ ဖြစ်တယ် ” ဆိုတဲ့စကားဟာလည်း အချိန် ကြာလာတာနဲ့ အမျှ ဟိုလို ဒီလိုနဲ့သာ ဇာတ်သိမ်း သွားလိမ့်မယ်လို့ ယူဆမိပါတယ်ဗျာ။

Thant Lwin Oo
LKT