တ႐ုတ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈမွ ေရာဂါသက္သာသျဖင့္ ေဆး႐ုံဆင္းခြင့္ရသူ (၉,၄၁၉) ဦးရွိ

တ႐ုတ္ႏိုင္ငံ၌ ေဖေဖာ္ဝါရီ ၁၅ ရက္ ေႏွာင္းပိုင္းအထိ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံရမႈမွ ေရာဂါသက္သာ၍ ေဆး႐ုံဆင္းခြင့္ရသူေပါင္း ၉,၄၁၉ ဦးရွိလာေၾကာင္း တ႐ုတ္က်န္းမာေရးအာဏာပိုင္မ်ားက ယေန႔ေဖေဖာ္ဝါရီ ၁၆ ရက္တြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ေရာဂါသက္လာသျဖင့္ ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ ေဆး႐ုံဆင္းခြင့္ရသူ အေရအတြက္မွာ ၁,၃၂၃ ဦးရွိေၾကာင္း တ႐ုတ္ႏိုင္ငံအမ်ိဳးသားက်န္းမာေရးေကာ္မရွင္၏ ေန႔စဥ္အစီရင္ခံစာအရ သိရသည္။တ႐ုတ္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဖေဖာ္ဝါရီ ၁၅ ရက္ ညေနပိုင္းအထိ စုစုေပါင္း ေသဆုံးသူ ၁,၆၆၅ ဦးရွိၿပီး ေရာဂါကူးစက္ခံရသူ ၆၈,၅၀၀ ဦးရွိေၾကာင္း ျပည္နယ္ေဒသ ၃၁ ခုႏွင့္ ရွင္းက်န္းထုတ္လုပ္မႈ ႏွင့္ တည္ေဆာက္ေရးတပ္ဖြဲ႕၏ အစီရင္ခံစာအရ သိရသည္။

Ref : (Xinhua)

Unicode

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၁၅ ရက် နှောင်းပိုင်းအထိ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၉,၄၁၉ ဦးရှိလာကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရောဂါသက်လာသဖြင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆေးရုံဆင်းခွင့်ရသူ အရေအတွက်မှာ ၁,၃၂၃ ဦးရှိကြောင်း တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်၏ နေ့စဉ်အစီရင်ခံစာအရ သိရသည်။တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းအထိ စုစုပေါင်း သေဆုံးသူ ၁,၆၆၅ ဦးရှိပြီး ရောဂါကူးစက်ခံရသူ ၆၈,၅၀၀ ဦးရှိကြောင်း ပြည်နယ်ဒေသ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှု နှင့် တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

Ref : (Xinhua)