“တိုင္းရင္းသားေတြနဲ႔ လက္တြဲၿပီးနိုင္ငံကို တည္တည္ၿငိမ္ၿငိမ္ေရွ႕ဆက္သြားနိုင္ေအာင္ ေဆာင္ရြက္မည္”ဟု ျပည္ခိုင္ၿဖိဳး ဥကၠဌဦးသန္းေဌး ေျပာ

တိုင္းရင္းသားေတြအားလုံးနဲ႔ အေပးအယူ မၽွမၽွတတ လက္တြဲၿပီးေတာ့ ေရွ႕ကိုသြားနိုင္မွ ဒီနိုင္ငံဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ လိုခ်င္တဲ့လမ္းေၾကာင္းကို သြားနိုင္မွာျဖစ္တယ္လို့ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌးက ေျပာဆိုလိုက္ပါတယ္။ယင္းကဲ့သို့ ေျပာဆိုမွုကို ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔က မြန္ျပည္နယ္၊က်ိဳက္မေရာၿမိဳ့နယ္ရွိ ျပည္ခိုင္ၿဖိဳး႐ုံးမွာျပဳလုပ္ခဲ့တဲ့ ၿမိဳ့နယ္ပါတီဝင္ေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ယခုလိုတိုက္တြန္းေျပာၾကားလိုက္တာျဖစ္ပါတယ္။

“ကိုယ္တိုင္းလည္းပဲ ဟိုယခင္ၿငိမ္းခ်မ္းေရး တာဝန္ယူခဲ့တုန္းက အလုပ္တြဲၿပီးေတာ့ လုပ္ခဲ့ၾကတဲ့ ဒီကေန႔ NCA လက္မွတ္ထိုးၿပီးသား ဥပေဒနဲ႔အညီဆက္သြယ္ဆက္ဆံခြင့္ရွိတဲ့ အဖြဲ႕အစည္းမ်ားနဲ႔လည္း ေတြ႕ဆုံဆက္ဆံ ညႇိုႏွိုင္းၿပီး တိုင္းျပည္ရဲ့ ေနာင္ေရးအတြက္ ေဆာင္ရြက္ေနၾကပါတယ္”လို့ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌးက ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ တိုင္းရင္းသားနိုင္ငံေရးပါတီေတြနဲ႔လည္း ဆက္သြယ္ဆက္ဆံၿပီးေတာ့ ေဆာင္ရြက္ေနၿပီး မြန္ျပည္နယ္ ျပည္သူလူထုကေရြးခ်ယ္လိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေရြးခ်ယ္တဲ့ ပုဂၢိဳလ္သာလၽွင္ ဝန္ႀကီးခ်ဳပ္လုပ္ေစရမယ္ လို့လည္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒က ေျပာဆိုခဲ့ပါတယ္။ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ျပည္ေထာင္စုႀကီးမၿပိဳမကြဲဘဲ ဒီထက္မက ခိုင္ျမဲၿပီး ဥမကြဲ သိုက္မပ်က္ တိုင္းႏွင့္ျပည္နယ္ (၁၄)ခုကို ညီညီညြတ္ညြတ္ ဖြံ့ဖြံ့ၿဖိဳးၿဖိဳး ေနနိုင္ေအာင္ ေဆာင္ရြက္သြားမယ္လို့ ေျပာၾကားခဲ့ေၾကာင္းကိုလည္း ျပည္ခိုင္ၿဖိဳးပါတီက သတင္းထုတ္ျပန္ခဲ့ပါတယ္။

Unicode

တိုင်းရင်းသားတွေအားလုံးနဲ့ အပေးအယူ မျှမျှတတ လက်တွဲပြီးတော့ ရှေ့ကိုသွားနိုင်မှ ဒီနိုင်ငံဟာ တည်တည်ငြိမ်ငြိမ်နဲ့ လိုချင်တဲ့လမ်းကြောင်းကို သွားနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်ပါတယ်။ယင်းကဲ့သို့ ပြောဆိုမှုကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးမှာပြုလုပ်ခဲ့တဲ့ မြို့နယ်ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ယခုလိုတိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။

“ကိုယ်တိုင်းလည်းပဲ ဟိုယခင်ငြိမ်းချမ်းရေး တာဝန်ယူခဲ့တုန်းက အလုပ်တွဲပြီးတော့ လုပ်ခဲ့ကြတဲ့ ဒီကနေ့ NCA လက်မှတ်ထိုးပြီးသား ဥပဒေနဲ့အညီဆက်သွယ်ဆက်ဆံခွင့်ရှိတဲ့ အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံဆက်ဆံ ညှိုနှိုင်းပြီး တိုင်းပြည်ရဲ့ နောင်ရေးအတွက် ဆောင်ရွက်နေကြပါတယ်”လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားခဲ့တာပါ။

ဒါ့အပြင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့လည်း ဆက်သွယ်ဆက်ဆံပြီးတော့ ဆောင်ရွက်နေပြီး မွန်ပြည်နယ် ပြည်သူလူထုကရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ်တဲ့ ပုဂ္ဂိုလ်သာလျှင် ဝန်ကြီးချုပ်လုပ်စေရမယ် လို့လည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်ထောင်စုကြီးမပြိုမကွဲဘဲ ဒီထက်မက ခိုင်မြဲပြီး ဥမကွဲ သိုက်မပျက် တိုင်းနှင့်ပြည်နယ် (၁၄)ခုကို ညီညီညွတ်ညွတ် ဖွံ့ဖွံ့ဖြိုးဖြိုး နေနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်းကိုလည်း ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *