ေက်ာက္ပန္းေတာင္းတြင္ ခရီးသည္တင္မွန္လုံယာဥ္နဲ႔ အိမ္စီးကားတို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိၿပီ ၫႊန္ၾကားေရးမႉး ၂ ဦး ေသဆုံး

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ မိတၳီလာ-ေက်ာက္ပန္းေတာင္းလမ္း မိုင္တိုင္အမွတ္ (၃၆/၂) လက္ပံပ်ားေက်း႐ြာအနီးမွာ ေဖေဖာ္ဝါရီ ၁၆ ရက္ ညေနပိုင္းက ခရီးသည္တင္မွန္လုံယာဥ္နဲ႔ အိမ္စီးကားတစီးတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိၿပီး ၫႊန္ၾကားေရးမႉး ႏွစ္ဦး ေသဆုံးသြားတယ္လို႔ လက္ပံပ်ားနယ္ေျမ ရဲစခန္းက သိရပါတယ္။မိတၳီလာဘက္ကေန ေက်ာက္ပန္းေတာင္းဘက္ကို ယာဥ္ေမာင္း ႏိုင္ႀကီး ေမာင္းႏွင္လာတဲ့ “OK” EXPRESS ခရီးသည္တင္ယာဥ္နဲ႔ ေက်ာက္ပန္းေတာင္းဘက္မွ မိတၳီလာဘက္သို႔ ယာဥ္ေမာင္း ေက်ာ္စြာဝင္း ေမာင္းႏွင္လာတဲ့ အနက္ေရာင္ မက္တူးယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့တာပါ။

ယာဥ္တိုက္မႈေၾကာင့္ အနက္ေရာင္ယာဥ္ေပၚပါတဲ့ ဦးသိန္းေက်ာ္ ေျမစာရင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ေအာက္ျမန္မာျပည္(ရန္ကုန္) နဲ႔ ဦးေက်ာ္ၿငိမ္းေအာင္ ၫႊန္ၾကားေရးမႉး ေျမတိုင္းႏွင့္ စီမံကိန္းသုေသသနဌာနခြဲ လယ္ယာေျမစီမံခန႔္ခြဲေရးဦးစီးဌာန(႐ုံးခ်ဳပ္) ေနျပည္ေတာ္၊ တို႔ႏွစ္ဦး အခင္းျဖစ္ေနရာ ယာဥ္ေပၚမွာ ေသဆုံးသြားခဲ့ၿပီး ယာဥ္ေမာင္း ေက်ာ္စြာဝင္းကေတာ့ ဝဲဘက္ဒူး၊ ေျခေထာက္နဲ႔ ဝမ္းဗိုက္တို႔မွာ ဒဏ္ရာအသီးသီးရရွိကာ မိတၳီလာျပည္သူ႔ေဆး႐ုံသို႔ အတြင္းလူနာအျဖစ္ ပို႔ေဆာင္ထားရပါတယ္။

အဆိုပါ ယာဥ္တိုက္မႈနဲ႔ ပတ္သက္ၿပီးယာဥ္ေမာင္း ႏိုင္ႀကီးနဲ႔ ေက်ာ္စြာဝင္းတို႔ကို လက္ပံပ်ားနယ္ေျမရဲစခန္းက ယာဥ္တိုက္ ေသဆုံးမႈ ရာဇသတ္ႀကီး ပုဒ္မနဲ႔ အမႈဖြင့္အေရးယူေန ပါတယ္။

သတင္း-ကိုလင္း(ေခ်ာက္)
ref:Myanmar_Online_News

Unicode

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင်အမှတ် (၃၆/၂) လက်ပံပျားကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက ခရီးသည်တင်မှန်လုံယာဉ်နဲ့ အိမ်စီးကားတစီးတို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ညွှန်ကြားရေးမှူး နှစ်ဦး သေဆုံးသွားတယ်လို့ လက်ပံပျားနယ်မြေ ရဲစခန်းက သိရပါတယ်။မိတ္ထီလာဘက်ကနေ ကျောက်ပန်းတောင်းဘက်ကို ယာဉ်မောင်း နိုင်ကြီး မောင်းနှင်လာတဲ့ “OK” EXPRESS ခရီးသည်တင်ယာဉ်နဲ့ ကျောက်ပန်းတောင်းဘက်မှ မိတ္ထီလာဘက်သို့ ယာဉ်မောင်း ကျော်စွာဝင်း မောင်းနှင်လာတဲ့ အနက်ရောင် မက်တူးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် အနက်ရောင်ယာဉ်ပေါ်ပါတဲ့ ဦးသိန်းကျော် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး အောက်မြန်မာပြည်(ရန်ကုန်) နဲ့ ဦးကျော်ငြိမ်းအောင် ညွှန်ကြားရေးမှူး မြေတိုင်းနှင့် စီမံကိန်းသုသေသနဌာနခွဲ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်၊ တို့နှစ်ဦး အခင်းဖြစ်နေရာ ယာဉ်ပေါ်မှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ကျော်စွာဝင်းကတော့ ဝဲဘက်ဒူး၊ ခြေထောက်နဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာအသီးသီးရရှိကာ မိတ္ထီလာပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ထားရပါတယ်။

အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီးယာဉ်မောင်း နိုင်ကြီးနဲ့ ကျော်စွာဝင်းတို့ကို လက်ပံပျားနယ်မြေရဲစခန်းက ယာဉ်တိုက် သေဆုံးမှု ရာဇသတ်ကြီး ပုဒ်မနဲ့ အမှုဖွင့်အရေးယူနေ ပါတယ်။

သတင်း-ကိုလင်း(ချောက်)
ref:Myanmar_Online_News