ပညာသင္ၾကားေရး အေဆာက္အဦ၊ ပညာေရးဝန္ထမ္းနဲ႔ ေက်ာင္းသားေတြ ထိခိုက္ ေစမည့္ ေနရာေတြကို လက္နက္ကိုင္အဖြဲ႕ေတြ လက္ေရွာင္ၾကဖို႔ ယူနီဆက္ဖ္ ေတာင္းဆို

ကေလးသူငယ္ အခြင့္အေရး ဥပေဒ၊ တစ္နိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးစာခ်ဳပ္၊ နိုင္ငံတကာ ဥပေဒတို႔နဲ႔အညီ တိုက္ခိုက္မႈေတြ ျဖစ္ပြားေနစဥ္ ပညာသင္ၾကားေရး အေဆာက္အဦ၊ ပညာေရးဝန္ထမ္းနဲ႔ ေက်ာင္းသားေတြ ထိခိုက္မႈကို တားဆီးေရး၊ စာသင္ေက်ာင္းေနရာေတြကို ေလးစားမႈ ရွိေရးအတြက္ အျပည့္အဝ ေသခ်ာေအာင္ လုပ္ေဆာင္ၾကဖို႔ တပ္မေတာ္နဲ႔ AA လက္နက္ကိုင္ အဖြဲ႕တို႔ကို ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖြဲ႕ (ယူနီဆက္ဖ္) က ေတာင္းဆိုလိုက္ပါတယ္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ခမီေခ်ာင္းေက်းရြာရွိ မူလတန္းေက်ာင္းကို ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔က AA ဘက္မွပစ္ခတ္လိုက္သည့္ လက္နက္ႀကီးက်ည္ က်ေရာက္ထိမွန္လို႔ ေက်ာင္းသား ၁၄ ဦးနဲ႔ ေက်ာင္းသူ ၆ ဦး၊ စုစုေပါင္း ၁၉ ဦး ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ယူနီဆက္ဖ္က အခုလို သတင္းထုတ္ျပန္ ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

အခုလို ေက်ာင္းသူေက်ာင္းသားေတြ ထိခိုက္ဒဏ္ရာ ရတဲ့အတြက္ တုန္လႈပ္မိေၾကာင္း၊ စာသင္ေက်ာင္းေတြ အနီး လက္နက္ကိုင္တပ္ဖြဲ႕ေတြ ရွိေနျခင္းက ပစ္မွတ္ထားခံရတဲ့ အႏၲရာယ္ ပိုမိုရွိနိုင္ေၾကာင္း၊ အျမဲတမ္း ကေလးေတြကို အကာအကြယ္ေပးဖို႔အတြက္ သက္ဆိုင္ရာ လက္နက္ကိုင္အဖြဲ႕ေတြက အျမင့္ဆုံးထား လိုက္နာ လုပ္ေဆာင္ၾကဖို႔လည္း ယူနီဆက္ဖ္က တိုက္တြန္းထားပါတယ္။ ဒါ့အျပင္ ျမန္မာအစိုးရအေနနဲ႔ “လက္နက္ကိုင္ ပဋိပကၡမ်ားအတြင္း စာသင္ေက်ာင္းႏွင့္ တကၠသိုလ္မ်ားကို စစ္ေရးအရ အသုံးျပဳျခင္းမွ အကာအကြယ္ေပးေရး လမ္းညႊန္ခ်က္” ကို လိုက္နာၿပီး “လုံျခဳံေသာ စာသင္ေက်ာင္းမ်ားဆိုင္ရာ ေၾကညာခ်က္” ကို ထုတ္ျပန္ဖို႔လည္း တိုက္တြန္းထားပါတယ္။

Source:MCN TV News

Unicode

ကလေးသူငယ် အခွင့်အရေး ဥပဒေ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်၊ နိုင်ငံတကာ ဥပဒေတို့နဲ့အညီ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဉ် ပညာသင်ကြားရေး အဆောက်အဦ၊ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသားတွေ ထိခိုက်မှုကို တားဆီးရေး၊ စာသင်ကျောင်းနေရာတွေကို လေးစားမှု ရှိရေးအတွက် အပြည့်အဝ သေချာအောင် လုပ်ဆောင်ကြဖို့ တပ်မတော်နဲ့ AA လက်နက်ကိုင် အဖွဲ့တို့ကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာရှိ မူလတန်းကျောင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က AA ဘက်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ထိမှန်လို့ ကျောင်းသား ၁၄ ဦးနဲ့ ကျောင်းသူ ၆ ဦး၊ စုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ယူနီဆက်ဖ်က အခုလို သတင်းထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အခုလို ကျောင်းသူကျောင်းသားတွေ ထိခိုက်ဒဏ်ရာ ရတဲ့အတွက် တုန်လှုပ်မိကြောင်း၊ စာသင်ကျောင်းတွေ အနီး လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေခြင်းက ပစ်မှတ်ထားခံရတဲ့ အန္တရာယ် ပိုမိုရှိနိုင်ကြောင်း၊ အမြဲတမ်း ကလေးတွေကို အကာအကွယ်ပေးဖို့အတွက် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေက အမြင့်ဆုံးထား လိုက်နာ လုပ်ဆောင်ကြဖို့လည်း ယူနီဆက်ဖ်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ “လက်နက်ကိုင် ပဋိပက္ခများအတွင်း စာသင်ကျောင်းနှင့် တက္ကသိုလ်များကို စစ်ရေးအရ အသုံးပြုခြင်းမှ အကာအကွယ်ပေးရေး လမ်းညွှန်ချက်” ကို လိုက်နာပြီး “လုံခြုံသော စာသင်ကျောင်းများဆိုင်ရာ ကြေညာချက်” ကို ထုတ်ပြန်ဖို့လည်း တိုက်တွန်းထားပါတယ်။

Source:MCN TV News