အစၥေရးႏိုင္ငံ ေဂ်႐ုဆလင္တြင္ စစ္သား (၁၂) ဦး ကားနဲ႔ လိုက္တိုက္ခံရ

အစၥေရးႏိုင္ငံ ေဂ်႐ုဆလင္ (Jerusalem) ၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၆ ရက္က ကားတစ္စီး ဝင္တိုက္လို႔ အစၥေရးစစ္သား ၁၂ ေယာက္နဲ႔ တျခားလူ ၂ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။ဒီျဖစ္ရပ္ကို သံသယျဖစ္ဖြယ္ ပါလက္စတိုင္း တိုက္ခိုက္မႈဆိုၿပီး အစၥေရးစစ္ဘက္နဲ႔ ေဆးဘက္အရာရွိေတြက ေျပာခဲ့ပါတယ္။အေရွ႕ေဂ်႐ုဆလင္ အာရပ္ရပ္ကြက္အနီး ကားတိုက္မႈျဖစ္ရာ ေဒးဗစ္ရမ္မက္ဇ္လမ္းကေန ကားဒ႐ိုင္ဘာ ထြက္ေျပးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။အဲဒီလမ္းတေလ်ာက္မွာ ကဇာတ္႐ုံ တ႐ုံ၊ညပိုင္း စားေသာက္ဆိုင္ေတြနဲ႔ ဘားေတြ အမ်ား အျပားရွိပါတယ္။

ဒဏ္ရာရခဲ့တဲ့ အစၥေရးစစ္သားေတြဟာ သစၥာခံယူပြဲမတိုင္မီ ၿမိဳ႕ထဲမွာ ေလွ်ာက္လည္ေနခဲ့ၾကတယ္လို႔ စစ္ဘက္ေျပာခြင့္ရတေယာက္ ေျပာခဲ့ပါတယ္။ဒီကားတိုက္မႈကို အၾကမ္းဖက္တိုက္ခိုက္မႈအျဖစ္ စုံစမ္းေနတယ္လို႔လည္း ရဲတပ္ဖြဲ႕ တာဝန္ရွိသူ တေယာက္က ေျပာခဲ့ပါတယ္။ၿပီးခဲ့တဲ့သီတင္းပတ္က အေမရိကန္ သမၼတ ထရမ့္အဆိုျပဳခဲ့တဲ့ အစၥေရး-ပါလက္စတိုင္း ၿငိမ္းခ်မ္းေရး အစီအစဥ္ေၾကာင့္ တအုံေႏြးေႏြးျဖစ္ေနတဲ့ ပါလက္စတိုင္း မၿငိမ္သက္မႈဟာ ေဒါသနဲ႔ ျပန္လည္ အုံႂကြလာခဲ့ပါတယ္။

Unicode

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့မှာ ဖေဖော်ဝါရီ ၆ ရက်က ကားတစ်စီး ဝင်တိုက်လို့ အစ္စရေးစစ်သား ၁၂ ယောက်နဲ့ တခြားလူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ဒီဖြစ်ရပ်ကို သံသယဖြစ်ဖွယ် ပါလက်စတိုင်း တိုက်ခိုက်မှုဆိုပြီး အစ္စရေးစစ်ဘက်နဲ့ ဆေးဘက်အရာရှိတွေက ပြောခဲ့ပါတယ်။အရှေ့ဂျေရုဆလင် အာရပ်ရပ်ကွက်အနီး ကားတိုက်မှုဖြစ်ရာ ဒေးဗစ်ရမ်မက်ဇ်လမ်းကနေ ကားဒရိုင်ဘာ ထွက်ပြေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။အဲဒီလမ်းတလျောက်မှာ ကဇာတ်ရုံ တရုံ၊ညပိုင်း စားသောက်ဆိုင်တွေနဲ့ ဘားတွေ အများ အပြားရှိပါတယ်။

ဒဏ်ရာရခဲ့တဲ့ အစ္စရေးစစ်သားတွေဟာ သစ္စာခံယူပွဲမတိုင်မီ မြို့ထဲမှာ လျှောက်လည်နေခဲ့ကြတယ်လို့ စစ်ဘက်ပြောခွင့်ရတယောက် ပြောခဲ့ပါတယ်။ဒီကားတိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းနေတယ်လို့လည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် သမ္မတ ထရမ့်အဆိုပြုခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အစီအစဉ်ကြောင့် တအုံနွေးနွေးဖြစ်နေတဲ့ ပါလက်စတိုင်း မငြိမ်သက်မှုဟာ ဒေါသနဲ့ ပြန်လည် အုံကြွလာခဲ့ပါတယ်။

ref:xyznews.co
LKT