ကျောက်ပန်းတောင်းမြို့နယ်တွင် ပညာရေးဝန် ထမ်းတစ်ဦးကို ရိုက်နှက်ထိုးကြိတ်ပြီး ပစ္စည်း နှင့် ငွေ များ အနုကြမ်းစီး လုယူမှုဖြစ်ပွား

၂၀၂၀ ခုနှစ် ဖေ ဖော်ဝါရီလ သာကြာနေ့ ၁၄. ၂ . ၂၀၂၀ တွင်မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အတွင်းမှာ ပညာရေးဝန်ထမ်းတစ်ဦးကို ရိုက်နှက်ထိုးကြိတ်ပြီး ပစ္စည်း နှင့် ငွေများ အနုကြမ်းစီး လုယူမှု တစ်ခုဖြစ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ….

ကျောက်ပန်းတောင်းမြို့နယ်၊ဝက်ချုပ်ကုန်းကျေးရွာကျောင်း(မူအုပ်) ဒေါ်အေးအေးခိုင် နဲ့အတူ လက်ထောက်ဆရာမှဒေါ်ကြင်စန်း တို့ဟာ ကျောင်းဆင်းချိန်(၃)နာရီမှာ ကားလမ်းကို လမ်းလျှောက်လာခဲ့ပြီး (၃:၁၅)လောက်မှာ ကားလမ်းကိုပေါ်ကိုရောက်ပါတယ်။

အသက် အသက် ၃၀ ကျော်ဝန်းကျင်အမျိုးသားတစ်ဦး၊ မိန်းမသားတစ်ဦးတို့ပါရှိသည့်အိမ်စီးကားခဲရောင်ကို တားပြီး လိုက်လာခဲ့ပါတယ်။ဒေါ်အေးအေးခိုင် မူအုပ် က ကျောက်ပန်းတောင်းအနောက်ဖက်က ဘင်ဂွကျေးရွာကဖြစ်ပြီး လက်ထောက်ဆရာမ ဒေါ်ကြင်စန်းက မုန်ကမ်းကျေးရွာက ဖြစ်ပါတယ်။

ဝက်ချုပ်ကုန်းကနေ ကားနဲ့လိုက်ပါလာပြီး ပက်ပန်ပြားရွာ အကျော်မှာ ကားမောင်း (ကျား) နဲ့ ( မ ) ပြောင်းပြီး
(မ) က ကားမောင်းပြီး ကျားက ဘေးကလိုက်လာခဲ့ပါတယ်။လက်ထောက်ဆရာမ က မုန်ကမ်းက ဆိုတော့ မြိုင်သာယာမှာဆင်းရပါတယ်။

လက်ထောက်ဆရာမ မြိုင်သာယာမှာဆင်းပြီး မြိုင်သာယာအကျော် ရောက်တော့ ဘေးက ယောကျာ်းက ပစ္စည်းရှာချင်လို့ဆိုပြီး ကားခဏရပ်ကာ ဆရာမ (မူအုပ်)ရဲ့ နောက်ခန်းထဲဝင်လာပြီး ဆရာမရဲ့ နားအုံကို လက်ဖြင့်ပြင်းထန်စွာ ရိုက်ချလိုက်ပါတယ်။ ဆရာမက ပစ္စည်းယူချင်ယူပါ လူကိုမလုပ်ပါနဲ့လို့ တောင်းပန်ပေမဲ့ ခေါင်းကို ဖိပြီး ထိုးကြိတ် ရိုက်နှက်ခဲ့ပါတယ်ဖြစ်ခဲချိန် ခန့်မှန်း (၄: ၂၀)လောက်လို့ပြောပါတယ်။
ဆရာမဟာ ကားပေါ်မှာပဲ မေ့မြောသွားခဲ့ပါတယ်။

အဲ့လိုနဲ့ ဆရာမ ပြန်သတိရလာတော့ ည ၁၁ နာရီဝန်းကျင်ပျော်ဘွယ် နဲ့ သဖန်းချောင်းကြား တောထဲမှာ ပစ်ချခဲ့ပါတယ်။ဆရာမ ဟာ နီးစပ်ရာမှာ အကူညီတောင်းပြီး သူ့အိမ်ကိုဖုန်းဆက်လာခေါ်ခိုင်းပြီး နောက်နေ့ စနေနေ့နံနက် ၉ နာရီမှာ အိမ်ပြန်ရောက်ခဲ့ပါတယ်။

ဆိုတော့ ကားက ဆရာမမေ့နေတဲ့အချိန် တင်ပြီးမိတ္ထီလာဘက် နောက်ပြန်လှည့်တာ။နောက်ပြီး ဆရာမပြောပြချက်အရ ကားပေါ်မှာ သူတို့တည်းခိုးခန်းတည်းခဲ့ကြတယ်လို့ဆိုပါတယ်။မိတ္ထီလာက တည်းခိုခန်းပဲဖြစ်နိုင်တယ်။

ပါသွားတဲ့ပစ္စည်းတွေကတော့ ဆွဲကြိုး ဆွဲသီး ၁ကျပ်ခွဲသားလက်စွပ်၊နားကပ်၊ငွေ ၅သောင်းကျော် စီးပွားရေးဘဏ်ကပ်၊မှတ်ပုံတင်၊ဝန်ထမ်းကပ်၊ဖုန်း၁လုံးကျောင်းသုံးစာရွက်စာတမ်းတွေနဲ့ ဖိနပ်တစ်ရံပါ ပါသွားခဲ့ပါတယ်။ရောက်တဲ့နေ့မှာပဲ ပညာရေးမှူးရုံး ပညာရေးမှူးဆီသို့အကြောင်းစုံတင်ပြပြီး ပညာရေးမှူးမှ တိုင်းကိုတင်ပြဖို့မှတ်တမ်းမှတ်ရာများ ယူခဲ့ပါတယ်။

ပြီးမှ ရပ်ရွာအုပ်ချုပ်ရေးမှူးနဲ့တကွ ကျောက်ပန်းတောင်းမြို့မြို့နယ်ရဲစခန်းကို အမှုဖွင့်ဖို့ လာခဲ့ပေမဲ့ မြို့နယ်ရဲစခန်းမှကျောက်ပန်းတောင်းအပိုင်နယ် မဟုတ်လို့ လပန်ပြားရဲစခန်းကို အမှူသွားဖွင့်ပါဆိုလို့လက်ပန်ပျားစခန်းကို သွားခဲ့ရာ ပထမနေ့မှာ လက်ပန်ပျားစခန်းကလည်း ယာဉ်တိုက်မှုအရေးကြီးနေလို့နောက်နေ့မှ လာဖွင့်ရန် ပြောကြားခဲ့ပါတယ်။ဒီနေ့ ၁၇ . ၁ . ၂၀၂၀ တနင်္လာနေ့ မှာ အမှုသွားဖွင့်မယ်လို့ဆရာမ နှင့် ဘင်ဂွ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖြစ်စဉ်ကတော့ ဒါပါပဲသို့သော် ဖြစ်စဉ်အမှန် ကာယကံရှင်ပြောပြချက်အရဝက်ချုပ်ကုန်းကလိုက်လာတာမြိုင်သာယာအကျော်မှာ ဖြစ်တာဒါဆို ကျောက်ပန်းတောင်းအပိုင်နယ်လေ။

နောက်တစ်ခုက ကျောက်ပန်းတောင်းမြို့နယ်မှာတိုက်နယ်ခွဲ ၄ခု ရဲစခန်း၎ခု ဒါပေမဲ့ အားလုံးရဲ့ အချုပ်က မြို့နယ်ရဲစခန်းမဟုတ်ဘူးလားပြစ်မှုတစ်ခုဖြစ်ပွားရင် ကူညီပါရစေဆိုတဲ့ ရဲတွေကဟိုပုတ်ချ ဒီပုချ ဟိုရှောင်ဒီရှောင် လုပ်နေကြတော့ပြည်သူတွေရဲ့ တရားဥပဒေစိုမိုးရေး နဲ့ ဘဝလုံခြုံရေးဆိုတာကျွန်တော်တို့က ဘယ်သူ့ကို အားကိုးရမလဲ။တကယ်ဆိုရင် ပြစ်မှုကျူးလွန်ခံရသူ ပြည်သူက မသိလို့ပဲဖြစ်ဖြစ်။ ထားပါ။

လက်ပန်ပြားရဲစခန်းဖွင့်ရမယ်ဆိုလည်း မြို့နယ်အဆင့်ကအမြန်အမှုဖွင့်နိုင်ရေး လှမ်းချိတ်ဆက် အကူညီတောင်းဖြစ်စဉ်ကိုပြောပြချက်ချင်း ဝိုင်းဝန်း စစ်ဆေး အမှုလိုက် အရေးယူဆောင်ရွက်ကြမယ်ဆိုရင် ပိုမကောင်းပေဘူးလား။

နောက်ပြီး ဒီဖြစ်စဉ် ဒီပြစ်မှု ကျူးလွန်ခံရသူက ပညာရေးဝန်ထမ်းဖြစ်တယ်။နောက်ပြီး မိန်းမသားတစ်ဦးလည်း ဖြစ်တယ်။ကျွန်တော်တို့ ကျောက်ပန်းတောင်းမြို့နယ်မှာ ရွာပေါင်း(၃၃၉)ရွာရှိတယ်။ဒီလိုပဲ တွေ့ရာကားကို ကြုံသလိုစီးပြီး နိုင်ငံ့တာဝန်ကိုထမ်းဆောင်ပေးနေရတဲ့ ဆရာ၊ဆရာမတွေ အများကြီးရှိတယ်။

ဒီဖြစ်စဉ်မျိုး နောက်လည်းအလားတူဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။နောက်ပြီး အခုရော ဒီလိုအမှုမျိုးကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်မရှိကြရင် အခြားဆရာ၊ဆရာမတွေရဲ့ဘဝလုံခြုံရေး စိတ်ချရပါ့မလား။သူတို့ကိုယ်တိုင်ရောစိတ်လုံခြုံနိုင်ပါ့မလား။

မည်သို့ပင်ဆိုစေ…ကျွန်တော့်တို့ ဒီအမှုကို တတ်နိုင်တဲ့အသိုင်းဝိုင်းပေါင်းစုံ နဲ့ ကူညီဖို့အသင့်ရှိသလို အားလုံး စောင့်ကြည့်နေပါ့မယ်။သက်ဆိုင်ရာ မြို့နယ်၊ခရိုင် ကိုလည်း တင်ပြမယ်။မြို့နယ် တရားဥပဒေအထောက်အကူပြု အဖွဲ့ကိုလည်းတင်ပြထားပြီးဖြစ်တယ်။

ပြည်သူတွေရဲ့ တရားဥပဒေစိုးမိုးရေး နဲ့ ဘဝလုံခြုံမှုအတွက်ကျွန်တော်တို့ မြို့နယ်က ပြည်သူ့ရဲတွေကို တကယ်အားကိုးချင်တယ်။အမှန်တကယ် အားကိုးယုံကြည်ပါရစေ။တာဝန်ယူမှု တာဝန်ခံမှု စာနာမှု စေတနာထားမှု အပြည့်နဲ့ပြည်သူ့ ရဲများဖြစ်ကြပါစေ။

လင်းလင်း
ref:thuta.org