တစ်နာရီလျှင် (၉၁) မိုင်ခန့် ရှိသော ဒင်းနစ်စ် မုန်တိုင်း တိုက်ခတ်သဖြင့် ဗြိတိန် တွင် ရေကြီးရေလျှံ မှုများ နိုင်ငံတစ်ဝန်းဖြစ်ပေါ်





Unicode

လန် ဒန်၊ ဖေဖေါ် ဝါရီ ၁၇ လေတိုက်နှုန်း တစ်နာရီလျှင် ၉၁ မိုင်ခန့်ရှိသော ဒင်းနစ်စ် မုန်တိုင်း ဗြိတိန်နိုင်ငံတွင် တိုက်ခတ်သဖြင့် တစ်နိုင်ငံလုံး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး စနေနှင့် တနင်္ဂနွေနှစ်ရက်စလုံးတွင်ပင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

ဗြိတိန်နိုင်ငံ ဒေသပေါင်း ရာကျော်တွင် ရေကြီးရေလျှံမှုသတိပေးချက်များထုတ်ပြန်ခဲ့ရပြီး ဘရိုက်တန်ဒေသတွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့သည်ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ဗြိတိန်တစ်နိုင်ငံလုံးတွင်သာမက စကောတလန်နှင့် ကွန်းဝဲလ်ပြည်နယ်တို့တွင်ပါ ထုတ်ပြန်ခဲ့သည်။ဖေဖေါ်ဝါရီ ၁၆ ရက်အထိ ဝေလပြည်နယ်တောင်ပိုင်းတွင် အသက်အန္တရာယ်ရှိသော ရေကြီးရေလျှံမှုများဖြစ်ပေါ်ဆဲဖြစ်သည်။

ဝေလပြည်နယ်တောင်ပိုင်း မြစ်တစ်ခုအတွင်းတွင်လည်း အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းမျောပါနေသည်ကို ကယ်ဆယ်ရေးအဖွဲ့ဝင်များတွေ့ရှိခဲ့ကြသည်ပျက်စီးဆုံးရှုံးမှုနှင့် ဒဏ်ရာရသေဆုံးမှုတို့ကို အတိအကျမသိရသေးပဲ၊ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရသည်။

Source: Daily Mail / Popular News