ဒေါ်လာ (၅၀) နဲ့ ကိုယ့်သေတွင်း ကိုယ်တူးကြ တော့မှာ လား စဉ်းစားသင့်နေပြီ

မနေ့က တက်လာတဲ့ ပို့စ်တစ်ခုမှာ တရုတ်ခရီးသွားတွေကို ဝူဟန်ဗိုင်းရပ်စ် ကင်းစင်ကြောင်း ထောက်ခံစာပါရင် မြန်မာပြည်ကို ပြည်ဝင်ခွင့်ပေးဖို့ စီစဉ်နေတယ်လို့ ဖတ်လိုက်ရပါတယ်။ သူတို့ရဲ့ အဓိကအကြောင်းပြချက်ကတော့ တရုတ်တိုးတွေကြိုပြီး လက်ခံထားတာရှိလို့ လျော်ကြေး မပေးရရေးအတွက် ကျန်းမာရေး ထောက်ခံစာပါလာရင် မြန်မာပြည်ကို ဝင်ရောက်လည်ပတ်ခွင့် ပြုပါမယ်ပေါ့။ မြန်မာပြည်ကို ဇီးရိုးဘတ်ဂျက်တိုးတွေ စဝင်ကတည်းက အငြင်းပွားဖွယ်ရာ ကိစ္စတွေဖြစ်နေတာတော့ အမှန်ပါပဲ။

ဒါပေမယ့်တစ်ဘက်မှာလည်း တရုတ်ခရီးသွး တစ်ယောက်ဝင်လာတိုင်း ဒေါ်လာ ၅၀ ရနေတော့ နိုင်ငံခြားငွေလိုနေတဲ့ ဆင်းရဲတဲ့တိုင်းပြည်မှာ တရုတ်တစ်သန်းသာ ဝင်လာခဲ့ရင်ဆိုတဲ့ အတွေးနဲ့ မျက်စိမှိတ်နေပေးနေပုံရပါတယ်။ ဒါပေမယ့် ပုံမှန်အချိန်မှာ လွှတ်ပေးထားလို့ရပေမယ့် အခုလိုမျိုး တစ်တိုင်းပြည်လုံး ဒုက္ခရောက်မယ့်ကိစ္စမျိုးကိုတော့ လွှတ်ပေးထားလို့မဖြစ်ပါဘူး။ မြန်မာပြည်လို ဆင်းရဲတဲ့တိုင်းပြည်မှာ ကိုရိုနာဗိုင်းရပ်စ်သာကူးလာခဲ့ရင် မတွေးဝံ့စရာပါပဲ။ မဖြစ်သေးတဲ့ အချိန်မှာတောင် Mask တွေကဈေးတွေခေါင်ခိုက်၊ လေဆိပ်လိုနေရာများမှာတောင် ခရီးသွား တစ်ယောက်ကထောက်ပြတော့မှ လက်ဆေးဂျဲလ်ထားပေးရတဲ့ဘဝ၊ ဘာမှမဖြစ်ခင်ကတည်းက ကုန်ဈေးနှုန်းကတက်ချင်ချင်၊ ဖြစ်များဖြစ် လိုက်ရင်တော့ ဘယ်လိုမှထိန်းချုပ်လို့ ရတော့မှာမဟုတ်။

တစ်ကယ်လို့သာ တရုတ်ခရီးသွားတ စ်ယောက်စီက စတင်ကူးစက်ခဲ့ပြီ ဆိုပါတော့။ သူနဲ့စတင်ထိတွေ့ခဲ့တဲ့ လေယဉ်၊ လေကြောင်းလိုင်းဝန်ထမ်း၊ အတူလိုက်ပါခဲ့တဲ့ခရီးသည်တွေ၊ နောက်သူသွားခဲ့ရာ ခရီးစဉ်တစ်လျောက် ထိတွေ့ဆက်ဆံခဲ့သူအားလုံး စသူတွေကို နောက်ကြောင်းပြန် စိစစ်ဖော်ထုတ်နိုင်ပါ့မလား?

ပိုးရှိတဲ့သူက တစ်ဆင့်ဆက် တိုက်ကူးဆက်ခဲ့ရင် ဒိုမီနိုအဖက်လို ဆက်တိုက်ဖြစ်လာမယ့် တိုင်းပြည်ရဲ့ စီးပွားရေး၊လူမှုရေး စတဲ့တစ်ဆက်တစပ်တည်း ပြိုလဲသွားကုန်မှာပါ။ အခုစဖြစ်တဲ့ဝူဟန်မြို့လို လူဦရေ ၁၁ သန်းရှိတဲ့ မြို့ကြီးတောင် မြို့ပျက်ကြီးလို ဖြစ်နေတာ၊ ရန်ကုန်မှာသာ ကူးစက်ခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲ?

ရန်ကုန်မှာ သိရသလောက် ဝေဘာဂီဆေးရုံမှာ ပြင်ဆင်ထားသလောက်နဲ့ လုံလောက်ပြီလား? အမျိုးသား အကျိုးစီးပွားဆိုတာ ခုမှလက်တွေ့ကျင့်သုံးရမှာပါ၊ နိုင်ငံတကာမှာလည်း ကိုယ့်အမျိုးသား အကျိုးစီးပွားရှေးရှုလို့ တရုတ်ခရီးသွားတွေ ကို ပိတ်ထားကြတာပါ။ ဒီမှာလည်း ကံကောင်းနေသေးတော့ ခုထိမြန်မာပြည်ဟာ ဝူဝန်ဗိုင်းရပ်စ်ရှိ နိုင်ငံစာရင်းထဲ မပါသေးပါဘူး၊ အဲဒီအတွက်ကြောင့်ပဲ ပြည်တွင်းမှာ ဥရောပ ၊အမေရိက ခရီးသွားတွေ ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ရှင်သန်နေသေးတာပါ။ ကိုရိုနာဗိုင်းရပ်စ် စာရင်းဝင်နိုင်ငံ ထဲရောက်သွားခဲ့ရင် ကြိုတင်ပြင်ဆင်မှု အင်မတန်အားနည်းတဲ့ ဒီနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းလေးထဲ တစ်ခါတည်း ထိုးရပ်သွားနိုင်ကြောင်းပါ။

ဒါကြောင့်မို့ ဒေါ်လာ ၅၀ နဲ့ ကိုယ့်သေတွင်းကိုယ်တူးပြီး တရုတ်စီးပွား ကာကွယ်မလား? ( ကံမကောင်းရင် သမိုင်းတရားခံတောင်ဖြစ်သွားနိုင်သေး) ဒါမှမဟုတ် အမျိုးသား အကျိုးစီးပွားရှေးတန်းတင်ပြီး တရုတ်တိုးတွေကို ကာလတစ်ခုလောက် အထိ ယာယီပိတ်ထားကြမလား စဉ်းစားကြပါကုန်။

crd မောင်ခြိမ့်

Add a Comment

Your email address will not be published. Required fields are marked *