ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ် ဘူးသီးတောင်မြို့နယ်တွင် စက်သေနတ်ဖြင့် အပစ်ခတ် ခံရ
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးတို့ စီးနင်းလိုက်ပါ တဲ့ ရဟတ်ယာဉ် ကို ဒီကနေ့ မနက်ပိုင်း က ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ရွာနားမှာ စက်သေနတ် ဖြင့် အပစ်ခံခဲ့ရတယ် လို့ ပြည်နယ် အစိုးရဝန်ကြီး ၁ဦးက  အတည်ပြုပြောပါတယ်။
စစ်တွေကနေ ဒီကနေ့ မနက်ပိုင်း က ဘူးသီးတောင် ကို ပျံသန်းလာတဲ့ အချိန် မှာ ပစ်ခတ်ခံ ရတာဖြစ် ပြီး အခု လို ပစ်ခတ်ခံရ မှုကြောင့် ဝန်ကြီးတွေ နဲ့ လိုက်ပါလာတဲ့ တာဝန်ရှိသူတွေ တစုံတရာ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရဟတ်ယာဉ် ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ ပြည်နယ် အစိုးရဝန်ကြီးတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ဟာ ဘူးသီးတောင်မှာရှိတဲ့ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို သွားရောက်တွေ့ဆုံတဲ့ခရီးစဉ်မှာ အခုလို ပစ်ခတ်ခံရ တာဖြစ်ပါတယ်။
crd:dvb news
==================================
unicode
ရခိုင်ပြည််နယ်် ဝန်ကြီးချုပ််ဦးညီပုနှင့် ပြည်ထောင််စု ဝန်ကြီး ဒေါက််တာ ဝင်းမြတ်် အေးတို့ စီးနင်းလိုက််ပါ တဲ့ ရဟတ််ယာဉ်် ကို ဒီကနေ့ မနက််ပိုင်း က ဘူးသီးတောင်် မြို့နယ်် ညောင်ချောင်း ရွာနားမှာ စက််သေနတ်် ဖြင့် အပစ်ခံခဲ့ရတယ်် လို့ ပြည်နယ် အစိုးရဝန်ကြီး ၁ဦးက အတည်ပြုပြောပါတယ််။
စစ်တွေကနေ ဒီကနေ့ မနက််ပိုင်း က ဘူးသီးတောင်် ကို ပျံသန်းလာတဲ့ အချိန်် မှာ ပစ််ခတ််ခံ ရတာဖြစ်် ပြီး အခု လို ပစ််ခတ််ခံရ မှုကြောင့် ဝန်ကြီးတွေ နဲ့ လိုက်ပါလာတဲ့ တာဝန်ရှိသူတွေ တစုံတရာ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရဟတ်ယာဉ် ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ ပြည်နယ်် အစိုးရဝန်ကြီးတစ်ဦးက ပြောပါတယ်။
“ဖြစ်စဉ်က မှန်တယ်။ အဲ့ဒီမှာ စက်သေနတ်တွေနဲ့ ပစ်တယ်။ အချက်ပေါင်းများစွာပစ်တယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရတာ တဦးတယောက်မှလည်း မရှိဘူး။ အခု ဝန်ကြီးချုပ် ဦးညီပုလည်း ပြန်ရောက်နေပြီ။ ဒေါက်တာဝင်းမြတ်အေးကတော့ ရန်ကုန် ပြန်သွားပြီလေယာဉ် နဲ့” လို့ ပြောပါတယ်် ။
ရခိုင်ပြည် နယ်် ဝန်ကြီးချုပ်် ဦးညီပုနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ဟာ ဘူးသီးတောင်မှာရှိတဲ့ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို သွားရောက်တွေ့ဆုံတဲ့ခရီးစဉ်မှာ အခုလို ပစ်ခတ်ခံရ တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက“စစ်တွေကနေဘူးသီးတောင်အသွားမှာ မနက် ၁၀ နာရီ ၄၅ မှာဖြစ်တာပါ။ ၂ ချက် အပစ်ခံရတာပါ။ စိုးရိမ်မှုမရှိဘူး။ ထိခိုက်မှုမရှိဘူး။ ရဟတ်ယာဉ်က စစ်တွေကို ညနေ ၃ နာရီ မှာပြန်ရောက်တယ်။ ဒေါက်တာဝင်းမြတ်အေးက ဘူးသီးတောင်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့သွားတာ၊ သွားတိုင်း စစ်ရဟတ်ယာဉ်နဲ့ပဲ သွားနေကြပါ။”လို့ ဒီဗွီဘီကို ပြောပါတယ်။
ပစ်ခတ်ခဲ့သူတွေဟာဘယ်အဖွဲ့ကလဲဆိုတာမသိရသေးပေမယ့် အခုဖြစ်ခဲ့တဲ့နေရာက ဖေဖော်ဝါရီ (၁၈) ရက်နေ့က တပ်မတော်နဲ့ အေအေအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ တာတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။
crd:dvb news