စာသင်ကျောင်းများ အနီးတွင် တိုက်ပွဲများမဖြစ်ကြရန်အတွက် ပညာရေးပြည်ထောင်စု ဒုဝန်ကြီးမှ မေတ္တာရပ်ခံ

စာသင် ကျောင်းတွေ အနီးမှာ တိုက် ပွဲတွေ မဖြစ် ကြဖို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး က မေတ္တာရပ်ခံ လိုက်ပါတယ် ။

ရခိုင်ပြည်နယ် အတွင်း အစိုးရ တပ်မတော် နဲ့(AA) အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေရာ ဖေဖော်ဝါရီ (၁၃) ရက် က ဘူးသီးတောင်မြို့နယ် ခမွိချောင်းကျေး ရွာ မူလတန်း လွန်ကျောင်း ကို လက် နက်ကြီးကျရောက် ခဲ့လို့ ကျောင်းသား ကျောင်းသူတွေ ထိခိုက် ဒဏ်ရာရ ခဲ့တာပါ ။

ဒီဖြစ် စဉ်နဲ့ ပတ်သက်ပြီး ပညာရေး ဒုဝန်ကြီးက ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ် မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မလုပ်ကြပါ နဲ့ပေါ့ဗျာ အဲ့နားဘယ်သူ့မှ။ ကျနော်တို့ကတော့ မည်သည့်ခွဲခြားမှုမှ မရှိပါဘူး။ စာသင်ချင်လား လာခဲ့၊ စာမေးပွဲဖြေချင်လား လာ ခဲ့။ ပညာရေး ကိုပဲ ကျနော်တို့က အားပေးချင်ပါ တယ်။ ခုနတုန်းကလို လက်နက်ကြီး ကျည်ကျတော့ ပစ်လိုက်တာ ဆရာ/ဆရာမေ တွ ထိတာတွေ လည်း ရှိတာပေါ့။ ကျနော်တို့ အင်မတန်စိတ်မကောင်းဖြစ်ပါတယ်။ တတ်အားသရွေ့လည်း ကျနော်တို့အစီအစဉ်နဲ့ ကျနော် တို့ ကူညီပံ့ပိုးမှုတွေ ရှိပါတယ်။ မီဒီယာကနေတဆင့် ဝိုင်းပြီးပြောပေး ပါဗျာ။ ကျောင်းဧရိယာမှာတော့ မလုပ်ကြပါနဲ့။ အေးချမ်းစွာ ပညာ သင်ကြားခွင့်ပေးပါလို့။ ဒီလိုပဲပြောချင်ပါတယ် ” လို့ ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

တပ်မတော် နဲ့(AA) အဖွဲ့ တို့ရဲ့ တိုက်ပွဲ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဆရာ/ ဆရာမတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို ကျောင်းသား /ကျောင်းသူ ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။

crd:dvb news