ျမန္မာ့ ကမ္းလြန္ပင္လယ္ျပင္တြင္ ႀကီးမားသည့္ဓာတ္ေငြ႕ ရတနာ သိုက္ ႀကီးတစ္ခု ထပ္မံေတြ႕ရွိေၾကာင္းေတာင္ကိုရီးယားကုမၸဏီေၾကျငာ

အဆိုပါ ဓာတ္ေငြ႕သိုက္အသစ္ကို ျမန္မာ့ကမ္းလြန္လုပ္ကြက္ A-3 တြင္ ထပ္မံေတြ႕ ရွိျခင္းျဖစ္ၿပီး လုပ္ကြက္၏ သဲေၾကာ အသားတင္အထူသည္ ၁၂ မီတာရွိကာ လာမည့္ ၂၀၂၁ ခုႏွစ္တြင္ အကဲျဖတ္တြင္း ႏွစ္တြင္း ထပ္မံတူးေဖာ္ရန္ လ်ာထားေၾကာင္း သိရ သည္။ Posco အေနျဖင့္ လက္ရွိတြင္ သဘာဝဓာတ္ေငြ႕ လုပ္ကြက္ႏွစ္ခုျဖစ္သည့္ ေ႐ႊ (A-1) ႏွင့္ ျမ (A-3) လုပ္ငန္း လည္ပတ္လ်က္ရွိၿပီး ယင္းလုပ္ကြက္မ်ားမွ ထြက္ရွိေသာ သဘာဝဓာတ္ေငြ႕မ်ားကို တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔ကို တင္ပို႔ေရာင္းခ်လ်က္ရွိကာ ၂၀၁၉ ခုႏွစ္အတြင္း လုပ္ငန္းစုအျမတ္ေငြ အေမရိကန္ေဒၚလာ ၅၄၉ ဒသမ ၈၄ သန္းရရွိခဲ့ေၾကာင္း သိရသည္။ လုပ္ကြက္ A-3 တြင္ Posco၊ MOGE ၊ ONGC ၊GAIL ? KOGAS တို႔ ပူးေပါင္းလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

တစ္ရ က္လွ်င္ ဓာတ္ေငြ႕ ကုဗေပ ၃၈ သန္းထြက္ရွိႏိုင္မည့္ ေရနံဓာတ္ေငြ႕သိုက္အ သစ္ ]မဟာ} ကို ျမန္မာႏိုင္ငံ၌ ေတြ႕ရွိေၾကာင္း ေတာင္ကိုရီးယားႏိုင္ငံ၏ အႀကီးဆုံးကုမၸ ဏီမ်ားထဲမွ တစ္ခုျဖစ္ေသာ Posco International က ေဖေဖာ္ဝါရီလ ၁၇ ရက္ တရားဝင္ ထုတ္ျပန္ေၾကညာလိုက္သည္။

မဟာဓာတ္ေငြ႕ သိုက္အသစ္သည္ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္းမွ ကီလိုမီတာ ၃၀ အကြာတြင္ တည္ရွိ ၿပီး သဘာဝဓာတ္ေငြ႕ စမ္းသပ္ထုတ္လုပ္ရာတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ကုန္က်စရိတ္ ေလွ်ာ့ ခ်ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ref;pyimyanmar

UNICODE

မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်တွင် ကြီးမားသည့်ဓာတ်ငွေ့ ရတနာ သိုက် ကြီးတစ်ခု ထပ်မံတွေ့ရှိကြောင်းတောင်ကိုရီးယားကုမ္ပဏီကြေငြာ

အဆိုပါ ဓာတ်ငွေ့သိုက်အသစ်ကို မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် ထပ်မံတွေ့ ရှိခြင်းဖြစ်ပြီး လုပ်ကွက်၏ သဲကြော အသားတင်အထူသည် ၁၂ မီတာရှိကာ လာမည့် ၂၀၂၁ ခုနှစ်တွင် အကဲဖြတ်တွင်း နှစ်တွင်း ထပ်မံတူးဖော်ရန် လျာထားကြောင်း သိရ သည်။ Posco အနေဖြင့် လက်ရှိတွင် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုဖြစ်သည့် ရွှေ (A-1) နှင့် မြ (A-3) လုပ်ငန်း လည်ပတ်လျက်ရှိပြီး ယင်းလုပ်ကွက်များမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တင်ပို့ရောင်းချလျက်ရှိကာ ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစုအမြတ်ငွေ အမေရိကန်ဒေါ်လာ ၅၄၉ ဒသမ ၈၄ သန်းရရှိခဲ့ကြောင်း သိရသည်။ လုပ်ကွက် A-3 တွင် Posco၊ MOGE ၊ ONGC ၊GAIL ? KOGAS တို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တစ်ရ က်လျှင် ဓာတ်ငွေ့ ကုဗပေ ၃၈ သန်းထွက်ရှိနိုင်မည့် ရေနံဓာတ်ငွေ့သိုက်အ သစ် ]မဟာ} ကို မြန်မာနိုင်ငံ၌ တွေ့ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကုမ္ပ ဏီများထဲမှ တစ်ခုဖြစ်သော Posco International က ဖေဖော်ဝါရီလ ၁၇ ရက် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

မဟာဓာတ်ငွေ့ သိုက်အသစ်သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိ ပြီး သဘာဝဓာတ်ငွေ့ စမ်းသပ်ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် လျှော့ ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ref:pyimyanmar