ျမန္မာႏိုင္ငံသို႕ ထိုင္းဘုရင့္ေရတပ္မွ စစ္ေရယာဥ္ တစ္စင္း ခ်စ္ၾကည္ေရး ခရီးေရာက္ရွိ

ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္သို႔ ခ်စ္ၾကည္ေရးခရီး လည္ပတ္ရန္အတြက္ ထိုင္းဘုရင့္ေရတပ္မွ HTMS KRABURI သည္ ေဖေဖာ္၀ါရီ ၁၉ ရက္၊ ႔ေန႔လယ္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ သီလဝါဆိပ္ကမ္း MITT တံတားသို႔ ေရာက္ရွိလာရာ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းေရတပ္ စစ္သံမႉးတို႔က ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

အဆိုပါ စစ္ေရယာဥ္တြင္ အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ထိုင္းဘုရင့္ေရတပ္ 3rd Naval Area Command မွ Deputy Commanderျဖစ္သူ Rear Admiral Chanchaiyos Audsuwe ဦးစီး၍ အရာရွိ၊ စစ္သည္ စုစုေပါင္း ၂၃၇ ဦး လိုက္ပါလာၿပီး ရန္ကုန္ၿမိဳ႕တြင္ ေဖေဖာ္ဝါရီ ၂၂ ရက္အထိ ေလးရက္ၾကာေနထိုင္၍ ေလ့လာ လည္ပတ္သြားမည္ ျဖစ္သည္။

၎စစ္ေရယာဥ္သည္ ေဖေဖာ္ဝါရီ ၁၆ ရက္ နံနက္ပိုင္းတြင္ ၿမိတ္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ရာ တနသၤာရီေရတပ္စခန္း ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ တာဝန္ရွိသူတို႔က ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကၿပီး စစ္ေရယာဥ္တြင္ လိုက္ပါလာေသာအရာရွိ၊ စစ္သည္မ်ားသည္ ၿမိတ္ၿမိဳ႕ရွိအထင္ကရေနရာမ်ားသို႔လွည့္လည္ေလ့လာခဲ့ၾက ေၾကာင္းႏွင့္ ေဖေဖာ္ဝါရီ ၁၈ ရက္ ေန႔လယ္ပိုင္းတြင္ ၿမိတ္ၿမိဳ႕မွရန္ကုန္ၿမိဳ႕သို႔ဆက္လက္ထြက္ခြာလာခဲ့ ေၾကာင္း သတင္းရရွိသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး

Unicode

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ထိုင်းဘုရင့်ရေတပ်မှ HTMS KRABURI သည် ဖေဖော်ဝါရီ ၁၉ ရက်၊ ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ် စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Deputy Commanderဖြစ်သူ Rear Admiral Chanchaiyos Audsuwe ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၂၃၇ ဦး လိုက်ပါလာပြီး ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်အထိ လေးရက်ကြာနေထိုင်၍ လေ့လာ လည်ပတ်သွားမည် ဖြစ်သည်။

၎င်းစစ်ရေယာဉ်သည် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် မြိတ်မြို့သို့ ရောက်ရှိခဲ့ရာ တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး စစ်ရေယာဉ်တွင် လိုက်ပါလာသောအရာရှိ၊ စစ်သည်များသည် မြိတ်မြို့ရှိအထင်ကရနေရာများသို့လှည့်လည်လေ့လာခဲ့ကြ ကြောင်းနှင့် ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ်ပိုင်းတွင် မြိတ်မြို့မှရန်ကုန်မြို့သို့ဆက်လက်ထွက်ခွာလာခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး