SSPP (ရှမ်းလက်နက်ကိုင်အဖွဲ့) NCA တွင်လက်မှတ်ရေးထိုးမည်

ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေး ထိုးမည်ဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် ရေးထိုးနိုင်ရေးမျှော်လင့်ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ SSPP ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၈ရက်ထိ ကျင်းပခဲ့ရာ အစည်းအဝေး၌ NCA လက်မှတ်ရေးထိုးမည့်ကိစ္စကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည့် SSPP ၏ ကြေညာချက်တွင်လည်း SSPP သည် NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းမှုဖြစ်စဉ်တွင် အစမှ အဆုံးထိ ပူးပေါင်းပါဝင်ခဲ့သည့် သမိုင်းအထောက်အထား အခိုင်အမာရှိကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် SSPP သည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် အားလုံးနှင့်အတူ NCA ဖြစ်စဉ်နှင့် နိုင်ငံရေးဖြစ်စဉ်များတွင် ပူးပေါင်း ပါဝင်နိုင်ရန် အစိုးရ၊ တပ်မတော် တို့နှင့် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ပြီး ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

FPNCC ဆိုသည်မှာ NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့ဖြင့် စုဖွဲ့ ထားသည့် တိုင်းရင်းသားလက် နက်ကိုင်မဟာမိတ်စုဖွဲ့မှု ဖြစ် သည်။ FPNCC အဖွဲ့ဝင်များမှာ SSPP၊ ‘ဝ’အဖွဲ့ (UWSA)၊ ကချင် အဖွဲ့(KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အ ဖွဲ့(AA) တို့ဖြစ်သည်။ ယင်းအဖွဲ့ များအနက် TNLA နှင့် AA တို့ သည် တပ်မတော်နှင့်တိုက်ပွဲဖြစ် ပွားနေသည်။အဆိုပါ FPNCC အဖွဲ့ဝင် အားလုံး NCA တွင်ပါဝင်နိုင် အောင် ကြိုးစားမည်ဖြစ်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်စိုင်းဆုကပြောသည်။

‘‘NCA ဆိုတော့ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက်ဆိုတဲ့ အဓိပ္ပာယ် ရှိတာကိုး။ ကျွန်တော်တို့ကအား လုံး ပါဝင်လက်မှတ်ထိုးအောင်၊ ထိုးနိုင်ရင်တော့ ကောင်းကြတာပေါ့။ အားလုံးထိုးကြတာပေါ့။ ဒါ ပေမဲ့ အားလုံးမထိုးနိုင်ရင်တောင် လောလောဆယ်မှာ အဆင်ပြေ တဲ့နည်းလမ်းနဲ့ ကျွန်တော်တို့က နားလည်မှုရှိရှိနဲ့ အပြန်အလှန်ညှိ နှိုင်းဆက်သွယ်ပြီး လိုအပ်သည် များ ဆောင်ရွက်မှာပေါ့’’ဟု ပြောသည်။

SSPP အနေဖြင့် လက်ရှိ အစိုးရလက်ထက်တွင် NCA ထိုး နိုင်ရန် မျှော်လင့်ချက်ရှိပါသလား ဟုမေးမြန်းရာ ၎င်းက ‘‘ကျွန်တော် တို့က မျှော်လင့်ချက်ရှိပါတယ်။ ကျွန်တော်တို့က မရပ်မနားကြိုး စားနေကြတာပါ။ အဓိကက FPNCC ထဲမှာလည်း ကျွန်တော် တို့ထိုးရင် အားလုံးပါဝင်နိုင် အောင်လည်း မျှော်မှန်းထားတာ ပေါ့။ အဲဒီလိုဆိုအကောင်းဆုံး ပေါ့။ ကျွန်တော်တို့တစ်ဖွဲ့က ထိုး တယ်၊ တစ်ဖွဲ့ကမထိုးဘူးဆိုရင် အချင်းချင်းထဲမှာလည်း ပြဿနာ တွေတက်ကုန်မှာပေါ့။ အဲဒါ လည်း စဉ်းစားရတာပေါ့’’ဟု ဖြေ ကြားသည်။

မြောက်ပိုင်းခုနစ်ဖွဲ့အနက် အချို့အဖွဲ့များက တစ်စုံတစ်ရာ အခက်အခဲကြောင့် NCA မထိုး နိုင်ပါက SSPP အနေဖြင့် ယင်း အဖွဲ့များကို စောင့်ဆိုင်းနေမည် လားဟုမေးမြန်းရာ ‘‘ကျွန်တော် တို့ အဆင်ပြေတဲ့နည်းနဲ့ နားလည် မှုရှိရှိနဲ့ဆောင်ရွက်မှာပါ’’ ဟု SSPP ပြောရေးဆိုခွင့်ရှိသူက ဆို သည်။ရှမ်းနိုင်ငံရေးပါတီ (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ‘‘NCA ထိုးမယ်ဆိုတာက နိုင်ငံ ရေးဆွေးနွေးမှု လမ်းကြောင်းကို တက်မယ်ဆိုတဲ့ သဘောပြောတာ ပေါ့။ အဲဒါဆို ငြိမ်းချမ်းရေးအ တွက် မျှော်လင့်ချက်ရောင်ခြည် ပိုပြီးတော့မှ လင်းလက်လာတယ် လို့ပြောလို့ရတယ်’’ဟု မှတ်ချက် ပြုသည်။

SSPP အဖွဲ့ NCA လမ်း ကြောင်းပေါ် ရောက်ရှိလာပါက အနည်းဆုံး တိုက်ပွဲများမဖြစ် တော့ခြင်း၊ ဒေသဖွံ့ဖြိုးရေးများ လုပ်ဆောင်လာနိုင်ခြင်း၊ ပညာ ရေး၊ စီးပွားရေး ထိခိုက်နစ်နာမှု များ ပြန်လည်ကုစားနိုင်မည့်အ ခြေအနေရှိခြင်းတို့ကြောင့် ပြည် သူများ အသက်ရှူချောင်လာမည် ဟု ဦးစိုင်းလိတ်က ပြောသည်။

FPNCC ခုနစ်ဖွဲ့အနက် SSPP, UWSA, NDAA တို့သည် တစ်ဖွဲ့ချင်းစီအလိုက် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်ရပ်စဲရေးသဘောတူ စာချုပ်ချုပ်ဆိုထားသည်။ ကျန် သည့် KIA, TNLA, MNDAA နှင့် AA တို့သည်လည်း ၂၀၁၈ နှစ် ကုန်ပိုင်းကတည်းက အစိုးရ၊ တပ်မတော်နှင့် Bilateral အပစ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် ညှိ နှိုင်းနေသည်။

ref:7 Day