ပလက္ဝတြင္ ရိကၡာ၊ ေဆး၀ါး ႏွင့္ အေျခခံ လူသုံးကုန္ ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေရး AA ထိန္းခ်ဳပ္

ပလက္ဝၿမိဳ႕နယ္တြင္ ျပည္သူမ်ားအတြက္ ေဆးဝါး၊ ရိကၡာ၊ အေျခခံလူသုံးပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေရးႏွင့္ ပတ္သတ္သည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမ်ား၏ အာမခံခ်က္ႏွင့္ ေထာက္ခံခ်က္ပါမွသာလၽွင္ သယ္ယူခြင့္ျပဳမည္ျဖစ္ေၾကာင္း AA က ယမန္ေန႔က ေၾကညာခ်က္ထုတ္ျပန္သည္။

“ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ေနၾက ေသာ သူမ်ားအေနျဖင့္ ေက်ာက္ေတာ္ၿမိဳ႕မွ ပလက္ဝၿမိဳ႕သို႔ ကုန္းလမ္း၊ ေရလမ္းမ်ားျဖင့္ ရိကၡာမ်ားကို သယ္ယူပို႔ေဆာင္မည္ ဆိုပါက ေက်းရြာအုပ္ခ်ဳပ္ေရးမႉးမ်ား၏ အာမခံခ်က္ ေထာက္ခံခ်က္မ်ားကို တပါးတည္းယူေဆာင္လာၾကရပါမည္။ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးမ်ားအေနျဖင့္လည္း အရပ္ဖက္ဆိုင္ရာ အေျခခံစားဝတ္ေနေရးႏွင့္ ပတ္သက္ေသာ ရိကၡာမ်ားဟုတ္မွန္ေၾကာင္း ေဒသခံမ်ားဟုတ္မွန္ေၾကာင္း ေသခ်ာစြာ စစ္ေဆးၿပီးမွ ေထာက္ခံစာမ်ားအား ေရးသားေပးၾကေစလိုပါသည္။ ထိုသို႔ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးမ်ား၏ ေထာက္ခံခ်က္မ်ား ပါရွိပါက မိမိတို႔အဖြဲ႕အစည္းအေနျဖင့္ တစ္စုံတစ္ရာ အေႏွာင့္အယွက္မေပးဘဲ တတ္နိုင္သည့္ဘက္က အကူအညီေပးသြားမည္ ျဖစ္ပါသည္” ဟု AA ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Unicode

ပလက်ဝမြို့နယ်တွင် ပြည်သူများအတွက် ဆေးဝါး၊ ရိက္ခာ၊ အခြေခံလူသုံးပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သတ်သည့် ကျေးရွာအုပ်ချုပ်ရေးများ၏ အာမခံချက်နှင့် ထောက်ခံချက်ပါမှသာလျှင် သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း AA က ယမန်နေ့က ကြေညာချက်ထုတ်ပြန်သည်။

“ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြ သော သူများအနေဖြင့် ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ ကုန်းလမ်း၊ ရေလမ်းများဖြင့် ရိက္ခာများကို သယ်ယူပို့ဆောင်မည် ဆိုပါက ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အာမခံချက် ထောက်ခံချက်များကို တပါးတည်းယူဆောင်လာကြရပါမည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း အရပ်ဖက်ဆိုင်ရာ အခြေခံစားဝတ်နေရေးနှင့် ပတ်သက်သော ရိက္ခာများဟုတ်မှန်ကြောင်း ဒေသခံများဟုတ်မှန်ကြောင်း သေချာစွာ စစ်ဆေးပြီးမှ ထောက်ခံစာများအား ရေးသားပေးကြစေလိုပါသည်။ ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များ ပါရှိပါက မိမိတို့အဖွဲ့အစည်းအနေဖြင့် တစ်စုံတစ်ရာ အနှောင့်အယှက်မပေးဘဲ တတ်နိုင်သည့်ဘက်က အကူအညီပေးသွားမည် ဖြစ်ပါသည်” ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။