အငြိမ်းစား ဝန်ထမ်း(၁)ဦး၏ ကားပေါ်မှ ငွေကျပ် သိန်း(၃၀၀) တန်ဖိုးရှိ ရွှေထည် ပစ္စည်းများ ခိုးယူသည့် ပန်းရောင်းသူကို ဖမ်းမိ

မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်အငြိမ်းစား ဝန်ထမ်းတစ် ဦး၏ ကားပေါ်မှ ကျပ်သိန်း ၃၀၀ ခန့်ရှိ ရွှေထည်ပစ္စည်းနှင့် ငွေ ကြေးခိုးယူသူကို စီစီတီဗီမှတ် တမ်းမှ တစ်ဆင့်ဖမ်းဆီးရမိခဲ့ ကြောင်းရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၁၇ ရက်နံနက် က မြောက်ဥက္ကလာပမြို့နယ်နေ (၆၇) နှစ်အရွယ်မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အငြိမ်းစားဝန်ထမ်း အမျိုးသားတစ်ဦးသည် မအူပင် မြို့သို့သွားရန် ကားဖြင့်ထွက်လာ ရာလှိုင်သာယာမြို့နယ် အောက် ထိပ်မီးပွိုင့်အရောက်တွင် စည်ပင် အမှိုက်ကားနှင့် ပွတ်တိုက်မိ၍ ကားတံခါးဖွင့်ကာဆင်းကြည့်ခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

ထိုသို့ဆင်းကြည့်စဉ်အနီးမှ ဖြတ်သွားသည့် အခြားယာဉ် မောင်းတစ်ဦးက ‘‘ကားပေါ်က ပစ္စည်းခိုးသွားပြီ’’ ဟု လှမ်းအော် ပြောသဖြင့် ယင်းအမျိုးသားက ကားပေါ်သို့ပြန်ကြည့်ရာ ကျပ် သိန်း ၂၈၀ ကျော်တန်ဖိုးရှိရွှေ ထည်ပစ္စည်းမျိုးစုံနှင့် ကျပ် ၁၂ သိန်းထည့်ထားသည့် ဘေးလွယ် အိတ်ပျောက်ဆုံးကြောင်း စစ် ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် လှိုင်သာယာမြို့ မရဲစခန်း၌ အမှုဖွင့်တိုင်တန်း၍ ရဲတပ်ဖွဲ့က ကျူးလွန်သူကို မီး ပွိုင့်ရှိ စီစီတီဗီမှတ်တမ်းမှတစ် ဆင့်စုံစမ်းရာ ပြစ်မှုကျူးလွန်သူမှာ ပန်းရောင်းချသူတစ်ဦး ဖြစ် သည်ဟု ကနဦးစစ်ဆေးသိရ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

အခင်းဖြစ်ချိန်တွင် ပန်း ရောင်းသူ သုံးဦးရှိကြောင်း ရဲတပ် ဖွဲ့က စုံစမ်းသိရ၍ ဆက်လက်စုံ စမ်းစစ်ဆေးရာ ကျူးလွန်သူဟု ယူဆရသူမှာ အသက် (၆၀) ခန့် ဖြစ်ကြောင်းသိရသဖြင့် စုံစမ်းရာ လှိုင်သာယာမြို့နယ် သောင်ကြား ဘုန်းကြီးကျောင်းအနီးတွင် နေ ထိုင်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

သံသယရှိသူမှာ အသက် (၅၈) နှစ်အရွယ်စောစံဖုန်းဖြစ်ပြီး ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ချိန်၌ ၎င်း၏လည်ပင်းတွင် ရွှေ ဆွဲကြိုးတစ်ကုံးဆွဲထားပြီး ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ဝန်ခံကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့သွားစစ်ဆေး တော့ သူ့ရဲ့အိမ်ကဖျာအောက်မှာ ပိုက်ဆံ ၁၀ သိန်းနဲ့ ရွှေထည် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ တယ်။ ကျန်တဲ့ပစ္စည်းတွေကို လည်း ဆက်လက်သိမ်းဆည်းနေ ပါတယ်’’ ဟု ၎င်းရဲအရာရှိက ဆို သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ကျူး လွန်သူအမျိုးသားကို လှိုင်သာယာ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၀ (ခိုးမှု) ဖြင့်အမှုဖွင့် ထားသည်။

crd:7day news