(COVID-19) သံသယရှိသူ မြန်မာနိုင်ငံသား (၁)ဦး အိန္ဒိယနိုင်ငံ ဂယာလေဆိပ်တွင် တွေ့ရှိ

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ် ဂယာ နိုင်ငံတ ကာ လေဆိပ် သို့ရောက်ရှိခဲ့ပြီး နောက် (COVID-19) ဗိုင်းရပ်စ်ကူး စက်ခံထားရသည် ဟု မသင်္ကာ သော မြန်မာ နိုင်ငံသား (၁)ဦးကို အနူဂရာနာရာယန် ဆေးကောလိပ် ဆေးရုံ (ANMCH) ၌ ဆေးရုံ တင် ထားကြောင်း သိရသည်။

နိုင်ငံခြား မှ ရောက် ရှိလာ သော ခရီးသည်များ ကို ဂယာနိုင်ငံ တကာလေဆိပ် ၌ (COVID- 19) ဗိုင်းရပ်စ်အ တွက် ကျန်းမာရေးစစ် ဆေးမှု ပြု လုပ်စ ဉ် မြန်မာနိုင်ငံ သားကို တွေ ရှိခဲ့ခြင်းဖြစ်သည်ဟု ANMCH မှ အကြီးတန်းဆရာဝန် ဒေါက်တာ ဗီဂျေခရစ်ရှနကပြော သည်။

အဆိုပါ စစ်ဆေး မှုအတွင်း မြန်မာနိုင်ငံမှ လာရောက်သော ခရီးသည် ၃၀ ပါ အုပ်စုနှစ်စုမှ ခရီးသည်တစ်ဦး၌ COVID-19 ကူးစက်မှုနှင့် ဆင်တူသော ရောဂါ လက္ခဏာများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းမြန်မာ နိုင်ငံသားကို ANMCH ဆေးရုံသို့ ချက်ချင်းပို့ ဆောင်ကာ သီးသန့်ခွဲခြားထား သည်။ သွေးနမူနာရလဒ်များ ပြန် ရောက် လာချိန်အထိ ၎င်းအား သီးသန့်ခွဲထားမည်ဖြစ်သည်။

၎င်း ၏ သွေးနမူနာကို ပတ္တာ နားမြို့ ရောဂါရှာဖွေရေးဌာနသို့ ပို့ဆောင်ထားကြောင်း သိရ သည်။

crd:7day daily