ကျောက်တော်မြို့ ပေါ်တွင် အမျိုးသား(၁)ဦးသေနတ်ဖြင့် အပစ်ခံရ၍ သေဆုံး

ကျောက်တော်မြို့ပေါ် တွင် အမျိုးသား တစ်ဦး သေနတ် ပစ်သတ် ခံရပြီးနောက် တပ်မ တော် စစ်ကြောင်းများ ဝင်ရောက် နေရာယူထား သဖြင့် တိုက်ပွဲဖြစ် ပွားမည် ကို စိုးရိမ်နေကြောင်း ဒေသခံများနှင့် အရပ်ဘက် အဖွဲ့ အစည်း အချို့ကပြောသည်။

ဖေဖော်ဝါရီ (၂၁) ရက်နေ့ လယ်က ကျောက်တော် မြို့ပေါ် တွင် အမျိုးသား တစ်ဦးကို အမည် မသိလူအချို့က သေနတ်ဖြင့် ပစ် ခတ်ပြီး အခြားနှစ်ဦးကို ကားဖြင့် တင်ခေါ်ဆောင်သွား သည်ဟု မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦး ကပြောသည်။

‘‘ကမ္ဘာ့ရတနာ့ဘဏ် အနီး အလယ်တန်းကျောင်းနားမှာတစ် ယောက်အသတ်ခံရတယ်။ ဖမ်း သွားတာရှိတယ်။ ဘယ်ဘက်က ဖမ်းတာလဲတော့ မသိဘူး’’ ဟု ကျောက်တော်မြို့ခံတစ်ဦးကဆို သည်။

သေနတ်ပ စ်ခံရပြီး သေဆုံး သည့်အရပ်ဝတ်ဖြင့် အမျိုးသား သည်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တစ် ဦးဟု ဒေသခံများကပြောသော် လည်း တပ်မတော်အပါအဝင် တာဝန်ရှိသူများထံ မှ သီးခြားအ တည်ပြုချက်မရရှိသေးပေ။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက် ၍ မသိရှိသေးကြောင်း တပ် မတော်ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ညနေတွင်ပြော သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး နောက် မြို့တွင်းသို့ တပ်မတော် စစ်ကြောင်းများ ဝင်ရောက်လုံခြုံ ရေးယူထားပြီး တိုက်ပွဲဖြစ်ပွား မည်ကို စိုး ရိမ်နေကြောင်းကျောက် တော်မြို့ ဖြူစင်မေတ္တာပရဟိတ အသင်းဥက္ကဋ္ဌဦးညီပုက ပြော သည်။

‘‘မြို့သူ ၊ မြို့သားတွေက တော့စိုးရိမ်ကြောင့်ကြပြီး ကိုယ့် အိမ်ထဲမှာပဲနေနေကြတယ်’’ ဟု ဦးညီပုကပြောသည်။ ရခိုင်ပြည် နယ်ကျောက်တော် မြို့နယ်သည် တပ်မတော်နှင့် ရခိုင်လက်နက် ကိုင်အဖွဲ့ (AA) တို့တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားနေသည့် ဒေသဖြစ် သည်။

crd:7day daily