မန္တလေးခရိုင် (၇)မြို့နယ်အတွင်းမှ လက်နက် ကိုင်ဆောင်သူများအား အထူးအဖွဲ့များခွဲ၍ အမှုဖွင့်အရေးယူထား

မန္တလေးတိုင်းဒေသ ကြီး ရဲတပ် ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ သည် မန္တလေး ခရိုင် ခုနစ် မြို့ နယ်အ တွင်း ဒုစရိုက် မှုများ ဖော်ထုတ် နိုင်ရေးအတွက် အထူးအဖွဲ့များခွဲ၍ ဆောင်ရွက် လျက်ရှိရာ လက်နက်ကိုင် ဆောင် သူများအား ဖမ်းဆီး အရေးယူဆောင်ရွက် နိုင်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ထိုသို့ဆောင်ရွက်လျက် ရှိရာတွင် အမှတ် (၁၀) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၁ ရက် နံနက်၂ နာရီက ချမ်းမြသာ စည်မြို့နယ် မဟာမုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်၌ လုံခြုံရေးဆောင်ရွက်နေစဉ် ဇာတ်ရုံရှေ့တွင် မသင်္ကာဖွယ်တွေ့ရှိသူ မဟာ အောင်မြေ မြို့ နယ်နေ ကျော်ကျော်နိုင်(၂၈) နှစ်အား စစ်ဆေးရှာဖွေရာ အရိုးအသွား ခုနစ် လက်မခန့်ရှိ စတီးရိုးတပ် ဓားဦးချွန် တစ်ချောင်း သိမ်းဆည်းရမိခဲ့သည်။

အမှတ်(၉)မြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီက သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်း ဆောင်ရွက်နေ စဉ် ချမ်းမြသာစည်မြောက်ရပ်ကွက် ၄၂×၄၃ ကြား ၇၈ လမ်းပေါ်တွင် အမျိုးသားတစ်ဦး ဓားကိုင်ရမ်းကားနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ မဟာအောင်မြေ မြို့နယ်နေ ဝင်းခန့်မောင်(ခ)ဖိုးသား (၂၇)နှစ်၏ ယာလက်တွင် အရိုး ၁၀ လက်မခန့် အသွား (၂၈) လက်မခန့်ရှိ သစ်သား ဓားအိမ်တပ် ဓားဦးချွန် ဓားရှည်တစ်ချောင်းနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

စက် မှုနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က သက်သေများနှင့် အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ပြည်ကြီးတံခွန်မြို့နယ် (ဌ)ရပ်ကွက် ၆၇ လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်၌ ဓားကိုင်ရမ်းကားနေသူ အမရပူရ မြို့နယ်နေ ချစ်မိုး အသက်(၂၀)ကို အရိုး ရှစ်လက်မ အသွား ၁၆ လက်မခန့်ရှိ ဓားရှည်တစ် ချောင်းဖြင့်လည်းကောင်း၊ အမှတ်(၁၀)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁ နာရီ ခွဲက သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့် ကင်းဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ် ၈၆ လမ်းပေါ်တွင် လူတစ်ဦး ဓားကိုင်ရမ်းကားနေကြောင်း သတင်း အရ သွားရောက် ဖမ်းဆီးရာ ချမ်းမြသာစည်မြို့နယ် နေ ဝင်းခန့်ကျော် (ခ)အောင်ကြီး (၂၂)နှစ်ကို အရိုးအသွား ၂၅ လက်မခန့်ရှိ ဝါးရိုးတပ် ဓားဦး ချွန် ဓားရှည် တစ်ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

မြစ်ငယ် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီ ငါးမိနစ်က သက်သေများနှင့်အတူ ဟံမြင့်မိုရ် အုပ်စု မြောက်ရွာနေ ရန်နောင်(၁၉)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ် အိတ်အတွင်းမှ အလူမီနီယံသံရိုးတပ် အရိုး အသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန်နှစ်ချောင်း၊ သံရိုးတပ်အရိုးအသွား ရှစ်လက်မခန့်ရှိ ဓားဦး ချွန်တစ်ချောင်းနှင့်လည်းကောင်း၊ မြစ်ငယ် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော် ဝါရီ ၁၂ ရက် ညနေ ၆ နာရီ ငါးမိနစ်က သက်သေ များနှင့်အတူ ကျောက်ဆည်မြို့နယ် ကျားကာ အုပ်စု ကုလကျေးရွာနေ ရဲထက်အောင်(၂၃)နှစ်အား စစ်ဆေးရှာဖွေစဉ် ၎င်းဝတ်ဆင် ထား သော ကာကီရောင်အနွေးထည် ဝဲဘက်အိတ် ကပ်အတွင်းမှ အရိုးအသွား ခုနစ်လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းတို့နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီ ၁၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်က သက်သေများနှင့်အတူ ပုဏ္ဏားကုန်း ကျေးရွာရှိ ဇာတ်ပွဲတွင် လုံခြုံရေးဆောင်ရွက်နေ စဉ် ဇာတ်ပွဲအတွင်း ကခုန်နေသည့် လူအများ ကြား အရက်သေစာ သောက်စားမူးယစ်နေ သည့် မောင်မောင်(၁၉)နှစ် ပုသိမ်ကြီးမြို့နယ် နေသူ၏ ခန္ဓာကိုယ်အား စစ်ဆေးရှာဖွေရာ ယာဘက်လက်တွင် အရိုးအသွား ၁၀ လက်မ ခန့်ရှိ ဓားဦးချွန်တစ်ချောင်း သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

အမှတ် (၉) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီ ၁၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်က သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့် ကင်းဆောင်ရွက်နေစဉ် မဟာမြိုင်(၂) ရပ်ကွက် ၆၂_၆၃ လမ်းကြား ၃၉_ ၄၀ လမ်း ကြား ဗိုလ်ချုပ်ပန်းခြံ အနောက်ပေါက် အမှောင် ရိပ် တွင် မသင်္ကာဖွယ်တွေ့ရှိသူ ရန်နိုင်စိုး(၁၆)နှစ် မဟာအောင်မြေမြို့နယ်နေသူအား စစ်ဆေး ရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ဘောင်း ဘီ အိတ်အတွင်းမှ အသွားသုံးလက်မ အရိုး သုံးလက်မခွဲခန့်ရှိ ဓားဦးချွန်တစ်ချောင်းအား လည်းကောင်း၊ အမှတ်(၉) မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၅ ရက် ည ၁၀ နာရီခွဲက သက်သေများနှင့်အတူ နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်နေ စဉ် မဟာ မြိုင်(၂) ရပ်ကွက် လမ်း ၆၀_၄၂ လမ်းထောင့် အရောက် မသင်္ကာဖွယ်တွေ့ရှိသူ စိုးထိုက်အောင် (ခ)ဘောငယ်(၂၅)နှစ် ချမ်းမြ သာစည် မြို့နယ် နေသူအား စစ်ဆေးရှာဖွေရာ ၎င်း၏ခါးကြား အတွင်းမှ အရိုးသုံးလက်မခွဲခန့် အသွား ခြောက် လက်မခွဲခန့်ရှိ ဓားအိမ်တပ်လျက် ဓားဦးချွန် ဓားတစ်ချောင်းအားလည်းကောင်း၊ ပုသိမ်ကြီး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီက သက်သေ များနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် တောင်စက်ရိပ် ကျေးရွာမြောက်ဘက် ကျေးရွာလမ်းမပေါ်၌ လူတစ်ဦး ဓားကိုင်ရမ်း ကားနေကြောင်း သတင်း အရ သွားရောက်ဖမ်းဆီးရာ သီဟကျော် (၂၅)နှစ် ပုသိမ်ကြီးမြို့နယ်နေသူထံမှ အရိုး အသွား ၂၆ လက် မခန့်ရှိ ဓားဦးချွန်တစ်ချောင်းအား လည်းကောင်း အသီးသီး တွေ့ရှိသိမ်းဆည်းရမိ ခဲ့သည်။

အဆို ပါဖြစ်စဉ်များနှင့်ပတ်သက်၍ ၎င်းတို့ အား သက်ဆိုင်ရာနယ်မြေ ရဲစခန်းများက လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

crd:The myanmar Time