အလုပ်သမား ဥပဒေပြုပြင်ရေး တောင်းဆိုဆန္ဒပြခဲ့သည့် အလုပ်သမား ခေါင်းဆောင်(၈)ဦးအား ပြည်ကြီးတံခွန် မြို့နယ် တရားရုံးကအမိန့်ချ

အလုပ်သမား ဥပဒေပြုပြင်ရေးနှင့် အလုပ် သမားအရေး ကို အစိုး ရအနေဖြင့် ထိရောက် စွာဖြေရှင်းပေးရေး အတွက် ဆန္ဒပြတောင်း ဆိုပွဲတွင် ဦးဆောင် သူ အလုပ် သမားခေါင်းဆောင် (၈)ဦးအား ပြည်ကြီး တံခွန် မြို့နယ် တရားရုံးမှ ဖေဖော်ဝါရီ (၂၁) ရက် နံနက် ပိုင်းတွင် ထောင်ဒဏ် ခုနစ်ရက် (သို့မဟုတ်) ဒဏ်ငွေကျပ် (၁၀,ဝ၀ဝ) ပေးဆောင် ရန် အမိန့် ချမှတ် ခဲ့သည်။

အဆိုပါ တောင်းဆို ဆန္ဒထုတ်ဖော်မှုကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီကပြုလုပ်ခဲ့ရာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၂၀)ဖြင့် တရားစွဲ ဆိုထားခြင်းဖြစ်ပြီး ဒေသန္တရအမိန့်ကို ဖောက်ဖျက် သည့်အတွက် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

“ကျွန်တော် တို့မှာ အမျိုးသားအဆင့် ဆွေးနွေးမှုတွေနဲ့ တခြားကိစ္စလုပ်စရာတွေ အများကြီးလုပ်ရဦးမယ်။ ဒါ့ကြောင့် အဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့သဘောဆန္ဒအတိုင်း ဒဏ်ငွေပဲဆောင်လိုက်တယ်”ဟု တရားစွဲခံခဲ့ရသည့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ဝန်ဆောင်မှု လုပ် ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောသည်။

တရားစွဲ ဆိုခံခဲ့ရသူများ မှာ ကိုနေလင်းအောင်၊ ဦးသောင်းညွန့်၊ ဒေါ် စိုးနန္ဒာမြင့်၊ ဒေါ်ဖြိုးစန္ဒာစိုး၊ ဦးတင့်ရှိန်စိုး၊ ကိုသက်နှင်းအောင်၊ ကိုသူရ၊ ဒေါ်သန်းသန်းမြင့်(ခ)ဒေါ်စုစုနိုင်တို့ ဖြစ်ပြီး တရားရုံး အမိန့်ချမှတ်သည့် အပေါ် ဒဏ်ငွေကျပ် ၁၀ဝ၀ဝ ပေး ဆောင်ခဲ့ကြောင်း သိရသည်။

“မြန်မာ နိုင်ငံရဲ့ အလုပ် သမားဥပဒေပြုပြင်ပြောင်းလဲရေး မှာ အလုပ် သမားတွေရဲ့အသံတွေ မပါတာရယ်၊ အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်ခံရ မှုနှုန်းမြင့်တက်လာတာရယ်တွေကြောင့် ဆန္ဒပြတောင်းဆို ကြတယ်” ဟု ယင်းအဖွဲ့မှ အတွင်းရေးမှူး (၁)ကိုနေလင်းအောင်က ပြောခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲ တွင် အလုပ်သမားတရားရုံးပေါ်ပေါက်ရေး၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ဝန်ထမ်းများအား အလုပ် သမားအငြင်းပွားမှုဥပဒေတွင် ထည့်သွင်းရေး၊ ဆောက်လုပ်ရေးအလုပ်သမားများ အားကန့်သတ်သည့် ညွှန်ကြားချက်များဖျက်သိမ်းရေး၊ အထူး စီးပွားရေးဇုန်အလုပ်သမားများ ဥပဒေအကာအကွယ်ရရှိရေး၊ အလုပ်သမားဥပဒေများကို ILO စံနှုန်းနဲ့အညီပြင်ဆင်ရေး၊ ILO ပြဋ္ဌာန်း ချက် အမှတ်(၉၈) လက်မှတ်ထိုးရေး စသဖြင့် တောင်း ဆိုခဲ့ကြသည်။

crd:The myanmar Time