အီရတ်ရှိ အမေရိကန် အခြေစိုက် စခန်းတိုက်ခိုက်ခံရမှုတွင် ဦးနှောက်ထိခိုက်သူ အမေရိကန်တပ်သား (၁၁၀)ရှိ

ပြီးခဲ့သည့် လအစောပိုင်း က အီရတ်ရှိ အမေရိကန် တို့၏ စစ်အခြေစိုက် စခန်းများကို အီရန် တို့က ဒုံးကျည် များဖြင့်တိုက် ခိုက်ခံ ခဲ့ မှုကြောင့် ဦးနှောက် ထိခိုက်ဒဏ် ရာ ရရှိခဲ့သည့် အမေရိကန် တပ်သားဦးရေသည် ၁၁၀ ဦးအထိရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဖေဖော်ဝါရီ (၂၁) ရက် က ထုတ်ပြန်ခဲ့ သည်။

ဦးနှောက် ထိခိုက်ဒဏ်ရာ (Traumatic Brain Injury – TBI) ရရှိသူ များကို ဆေးကုသမှုများပြုလုပ်ပေးခဲ့ပြီး ၇၇ ဦးမှာ မူလတာ ဝန်ပြန်လည်ထမ်းဆောင်နေကြောင်း ပင်တဂွန်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာ ရရှိများအနက် မှ (၃၅) ဦးသည် ဂျာမနီတွင် ကုသမှုခံယူခဲ့ကြရကာ ထိုအထဲမှ ၂၅ ယောက်ကို အမေရိကန်သို့ ပြန် ပို့ လိုက်ကြောင်းသိရသည်။

အီရန်တို့ သည် ဇန်နဝါရီ (၇) ရက်နှင့် (၈) ရက်နေ့များက အီရတ်အနောက်ပိုင်း Ain al-Asad အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက် ခဲ့ရာ အမေရိကန်တပ်သား တစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရရှိကြောင်း အာဏာပိုင်များကထုတ်ပြန်ခဲ့သော်လည်း သမ္မတေ ဒ်ါနယ်ထရမ့်က တစ်ဦးမျှ ထိခိုက်ခြင်းမရှိကြောင်း ကနဦးတွင် ပြောဆိုခဲ့သည်။

အီရန် သည် ဩဇာကြီး ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီ ဘဂ္ဂဒက်တွင်ရောက်ရှိစဉ် အမေရိကန်တို့၏ သုတ်သင်မှုကိုခံခဲ့ရသောကြောင့် လက် စားချေ်သည့်အနေဖြင့် အီရတ် ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်း ၂ ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

crd:mizzima news