ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်ကာပူ၌ကျင်းပမည့် KING OF THE JUNGLE ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲကို တံခါးပိတ် ကျင်းပမည်

ကမ္ဘာ တစ်ဝန်း၌ အကြီး အကျယ် ခြိမ်းခြောက် လျက်ရှိသည့် အသက် ရှူလမ်းကြောင်း ဆိုင်ရာ ပြင်းထန် အဆုတ်ရောင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် စင်ကာပူ နိုင်ငံတွင် ကျင်းပမည့် (KING OF THE JUNGLE) ပြိုင်ပွဲကို ပရိသတ် မပါဘဲ တံခါးပိတ် ကျင်းပမည်ဟု ဝမ်းချန်ပီယံရှစ် မှ အတည် ပြု ကြေညာခဲ့သည် ။

အဆိုပါ (KING OF THE JUNGLE) ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်တွင် စင်ကာပူနိုင်ငံ၌ကျင်းပ မည်ဖြစ်ပြီး တွဲဆိုင်း ၁၁ ဆိုင်းပါဝင် မည်ဖြစ် သည်။ ယင်းပြိုင်ပွဲကို ယခင်က ခမ်းနားစွာကျင်းပရန် စီစဉ်ထားသော် လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အား ကစားသမားများ၊ ဝန်ထမ်း များနှင့်ပရိ သတ်များ၏ကျန်းမာရေးကို ထောက် ရှု၍ ပရိသတ်မပါဘဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ဝမ်းချန် ပီယံရှစ် ဥက္ကဋ္ဌ ချက်ထရီက ပြောကြား ခဲ့သည်။

အဆိုပါပြိုင် ပွဲအတွက် ကြိုတင် လက်မှတ်များ ဝယ်ယူထားသူများကို ငွေပြန်အမ်းမည်ဖြစ်ပြီး ပရိသတ် များကို ရုံအတွင်း ဝင်ရောက်ကြည့် ရှု ခွင့်ပိတ်ထားသော်လည်း ရုပ်သံ၊ Youtube စသည့်ဒစ်ဂျစ်တယ်ပလက် ဖောင်းများကတစ်ဆင့် နိုင်ငံပေါင်း ၁၅ဝ ကျော်သို့ တိုက်ရိုက်ထုတ် လွှင့် ပြသမည်ဖြစ်သည်။

ဝမ်းချန်ပီယံ ရှစ် သည် တရုတ်နိုင်ငံတွင် ဇန်နဝါရီလ၌ ကျင်းပမည့် ONE HERO SERIES ပြိုင်ပွဲကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်း ခဲ့ရပြီး ပြန်လည် ကျင်းပမည့်ရက်ကို သတင်းထုတ်ပြန် နိုင်ခြင်း မရှိသေးပေ။

တရုတ် နိုင်ငံ ဟူပေးပြည်နယ် ဝူဟန် မြို့က စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ရက်အထိ ၂၃၄၅ ဦး သေဆုံးခဲ့ပြီဖြစ်ပြီး တရုတ်တစ်နိုင်ငံ တည်း၌ ရောဂါပိုးကူးစက်ခံထားရသူ ၇၆ဝဝဝ ကျော်ရှိနေသည်။

စင်ကာ ပူ နိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ ၈၆ ဦးရှိသော်လည်း ဖေဖော်ဝါရီ ၂၂ရက် နောက်ဆုံးရသတင်းများအရ ၄၇ ဦးမှာ ရောဂါပျောက် ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်သည်။

crd:The myanmar Time