ရခိုင်ပြည်နယ် ကျောက်တော်မြို  တွင်ပစ်ခတ်မှုကြောင့် အရပ်သား (၃) ဦးဒဏ်ရာများရရှိ

ရခိုင်ပြည် နယ်၊ ကျောက်တော် မြို့ ပိုက်သည် ရပ်ကွက်တွင် ဖေဖော်ဝါရီ (၂၂) ရက်နေ့ ည (၁၀) နာရီဝန်း ကျင်လောက် က ပစ်ခတ် မှုဖြစ်ခဲ့တာကြောင့် အရပ် သား (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ် လို့ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်က  ပြောဆိုပါတယ်။

ဒဏ်ရာရ တဲ့ (၃)ယောက်မှာ သားမိနှစ်ယောက် က ဒဏ်ရာပြင်းထန်တဲ့ အတွက် စစ်တွေဆေးရုံကို အရေးပေါ် ယူဆောင်လာပြီး နောက်တယောက်ကတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသခံနေရတယ်လို့ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးညီပုက  ပြောပါတယ်။

ဒဏ်ရာရတဲ့ သူတွေကတော့ ကျောက်တော်မြို့ ပိုက်သည်ရပ် ကွက်က ဒေါ်နှင်းလှဝေ အသက် ၅၆ နှစ်နဲ့ သားဖြစ်သူ ကိုမောင်ကြီး အ သက် ၂၇ နှစ် နဲ့ ဒေါ်မဲတူ အသက် ၅၇ နှစ်တို့ ဖြစ်ကြတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။

“တအိမ် တည်းက သားအမိနှစ်ယောက် ဒဏ်ရာရတယ်။ သားအမိနှစ်ယောက် အိမ်နားက နှစ်အိမ်ကျော်လောက်က ဒေါ်မဲတူ ဆိုတဲ့ အမျိုးမှာလည်း ကျည်ထိသွား တယ် ။ ပေါင် ၊ ခြေ သလုံး ဘယ်ဘက် ၊ ညာဘက်တွေ ဒဏ်ရာရသွား တယ် ။ ပစ်ခတ် မှုဖြစ်တာ ၊ တိုက် ပွဲဖြစ် တာ မဟုတ်ဘူး ။”

အမည်မဖော် လိုသူ ပိုက်သည် ရပ်ကွက်က မျက်မြင်တဦးက “၁၀ နာရီဝန်းကျင်လောက်ရှိမယ်ဗျ၊ အဲ့ဒီမှာဖြတ်သွားတဲ့ ကားတစီးက လှမ်းပစ်တာ၊ လှမ်းပစ် ပြီးတော့ ထွက်သွားတာ။ အဲ့ဒီမှာ သားမိနှစ်ယောက်ကို ထိတယ် ။ ပြီးတော့ အဲ့ဒီအိမ်နဲ့ သိပ်မဝေးတဲ့အိမ်က အမျိုး သမီးတယောက် ကို ကျည် ထိတယ် ” လို့ ပြောပါတယ် ။

အခုကိစ္စနဲ့ ပတ်သက် လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိသလို AA ဘက်ကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး ။

crd:dvb news