တောင်ဥက္ကလာပ မြို့နယ်တရားရုံးဝင်း အတွင်းရှိ အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွား

တောင်ဥက္ကလာပ မြို့နယ်တရားရုံးဝင်း အတွင်း ဖေဖော်ဝါရီ (၂၂) ရက် နံနက် ပိုင်းက လိုင်စင်မဲ့ ဆိုင်ကယ်များ ထားရှိသည့် အဆောက် အ အုံ မီးလောင် မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း (၃၀)ခန့် ဆုံးရှုံး သွားကြောင်း ယင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့် က ပြောကြားသည်။

“လိုင်စင်မဲ့ ဆိုင်ကယ်တွေ ထဲမှာ ဓာတ်ဆီတွေက ရှိတော့ ညဘက်မှာ ဓာတ် ဆီအငွေ့တွေပြန်ပြီး အပူရှိန်လွန် ကဲလောင်တြာ ဖစ်ဖို့တော့ သုံးသပ်တာပေါ့ ”ဟု ၎င်းက မှတ်ချက်ပေးသည်။

တောင်ဥက္ကလာပ မြို့နယ် (၁၀) ရပ် ကွက် မြို့နယ်တရားရုံးဝင်းအတွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များထားရှိသည့် အဆောက်အအုံ ဖေဖော်ဝါရီ (၂၂) ရက် နံနက် (၁) နာရီ (၁၂) မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကာ ဆိုင်ကယ် ၁၂ စီးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်နှစ်စီးနှင့် ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သောကြောင့် ၁ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ် ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန် တိုင်းဒေသကြီးတွင် ယခုရက်ပိုင်းအတွင် မီးလောင်မှုနေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၂၂ ရက်ထိ မီးလောင်မှု အကြိမ်ပေါင်း ၅၀ ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။

ပြီးခဲ့ သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း လသာမြို့နယ် သံဈေး၌ Level 5 အဆင့် ၃ နာရီကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးအပေါ် ထပ်ရှိ လူနေတိုက်ခန်းများမှ လူ ၈၅ ဦးကို မီးသတ်ဦးစီးဌာနက ကရိန်းများဖြင့် ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရသည်။

crd:The voice