နေပြည်တော် – ရန်ကုန် အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ (၁)ဦး သေဆုံး၊ (၃)ဦး ဒဏ်ရာများရရှိ

နေပြည်တော် – ရန်ကုန် အမြန် လမ်းမကြီး အစုန် လမ်းအတိုင်း မောင်းနှင် လာသော ယာဉ်ငယ် (၁)စီး ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၈နာရီ မိနစ်(၂၀) ခန့်က မိုင်တိုင် အမှတ်- ၁၅၂/၄ နှင့် ၅ အကြားတွင် ရှေ့ဝဲဘက် ဘီးပေါက်ပြီး တိမ်းမှောက်သွားခဲ့ရာ လိုက်ပါလာသူအမျိုးသား(၁)ဦး သေဆုံး၍ အမျိုးသားသုံးဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။


ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာကြသည့် ယာဉ်မောင်းအပါအဝင် အမျိုးသားသုံးဦး ဒဏ်ရာများရရှိခဲ့ပြီး ကိုကျော် မင်းအောင် (၂၇) နှစ် ၂၇ လမ်း အလယ်ဘလောက် ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့နေသူမှာ ဒဏ်ရာများရရှိခဲ့၍ ယာဉ်မောင်း နေဇော်ကို ဇီးပင် သာအမြန်လမ်းရဲစခန်းက ယာဉ်(ပ)၃/၂၀၂၀၊ ပြစ်မှုဥပဒေပုဒ်မ- ၃၀၄(က)/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

crd:The standard Time

==============================

unicode

နေပြည်တော် – ရန်ကုန် အမြန် လမ်းမကြီး အစုန်် လမ်းအတိုင်း မောင်းနှင်် လာသော ယာဉ်ငယ်် (၁)စီး ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၈နာရီ မိနစ််(၂၀) ခန့်က မိုင်တိုင် အမှတ်- ၁၅၂/၄ နှင့် ၅ အကြားတွင် ရှေ့ဝဲဘက်် ဘီးပေါက်ပြီး တိမ်းမှောက်သွားခဲ့ရာ လိုက်ပါလာသူအမျိုးသား(၁)ဦး သေဆုံး၍ အမျိုးသားသုံးဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။

သတင်း အရ ဇီးပင် သာအမြန်လမ်းရဲစခန်း မှ ခေတ္တစခန်းမှူး ဒုရဲအုပ်စိုးညွန့်ဌေးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှ ရန်ကုန် ဘက်သို့ နေဇော် (၃၃) နှစ် အမှတ် (၉)ရပ်ကွက် အင်းစိန်မြို့နယ် ရန်ကုန်မြို့နေသူမောင်းနှင်ပြီး အမျိုးသားလေးဦး၊ အမျိုးသမီး(၁)ဦး လိုက်ပါလာသော YGN BB/—-Nissan AD Van ယာဉ်သည် အခင်းဖြစ်နေရာအရောက် ရှေ့ဝဲဘက်ဘီး ပေါက်သွား ခဲ့ပြီးနောက် လမ်းလယ်ကျွန်းပေါ်သို့ အရှိန်လွန်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်် မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာကြသည့် ယာဉ်မောင်းအပါအဝင် အမျိုးသားသုံးဦး ဒဏ်ရာများရရှိခဲ့ပြီး ကိုကျော် မင်းအောင် (၂၇) နှစ် ၂၇ လမ်း အလယ်ဘလောက် ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့နေသူမှာ ဒဏ်ရာများရရှိခဲ့၍ ယာဉ်မောင်း နေဇော်ကို ဇီးပင် သာအမြန်လမ်းရဲစခန်းက ယာဉ်(ပ)၃/၂၀၂၀၊ ပြစ်မှုဥပဒေပုဒ်မ- ၃၀၄(က)/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည််။

crd:The standard Time