လာမည့်တပ်မတော်နေ့သို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း (NLD) နာယက သူရဦးတင်ဦးကို ဖိတ်ကြားမှုသည် နိုင်ငံအတွက်ကောင်းသည်ဟု မြင်ကြောင်း ဒေါက်တာမျိုးညွှန့်ပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးသည် ၁၉၄၃ ခုနှစ်မှစ၍ တပ်မတော်သို့ ဝင် ရောက်ခဲ့ကာ ရာထူးအဆင့်ဆင့်တက် ခဲ့ပြီး တပ်တွင်းအဆင့်မြင့်ဘွဲ့ထူး တစ်ခုဖြစ်သည့် သူရဘွဲ့ကို ဆွတ်ခူး ခဲ့သည်။ ၁၉၇၄ တွင် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်တာဝန်ကို ပေးအပ်ခြင်းခံခဲ့ ရသည်။ ၁၉၇၆ ခုနှစ် တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားပေးခြင်းခံခဲ့ရသည်။

NLDပါတီ၏ နာယကတစ်ဦးဖြစ်သူ သူရဦးတင်ဦးကို ဖိတ်ကြားခြင်း သည် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖြစ်ခဲ့ခြင်းကြောင့် သမိုင်းကိုဖျောက် ဖျက်၍၊ မေ့ပျောက်၍မရသည့်အတွက် ထိုသို့ဖိတ်ကြားခြင်းဖြစ်ကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော သူရဦးတင်ဦး အပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ခုနစ်ဦးကို လာမည့် (၇၅)နှစ် မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံရမှု နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ကောက်ပါအတိုင်း ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယက သူရဦးတင်ဦးကို တပ်မ တော်နေ့အခမ်းအနားသို့ တက်ရောက် ရန် ဖိတ်ကြားမှုအပေါ်အ ကောင်းမြင်ကြောင်း ပြောသည်။ဘဘဦးတင်ဦးကို တပ်မတော်က ဒါပထမဦးဆုံးဖိတ်တဲ့အပေါ် ကျွန်တော် တို့ အကောင်းမြင်ပါတယ်။ အခု တွေ့ဆုံမယ်။ တွေ့ဆုံချင်တယ်ဆိုက တည်းက သဘောကောင်းပါတယ်။ ဆက်ဆံတဲ့အခါမှာ တစ်ဦးအကြောင်း တစ်ဦးနားလည်လာမယ်။

နိုင်ငံအတွက် လည်းကောင်းမယ်လို့တော့ မြင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည် ကမူ ”စိန်ရတုအခမ်းအနားအတွက် ဖိတ်တာကိုတော့ကြိုဆိုတယ်။ သို့သော် ငြားလည်း ဘာကွဲလွဲချက်ရှိနေလဲ ဆို တော့ တပ်ဘက်က ဖိတ်တာက တပ်မ တော်နေ့ဆိုပြီး ဖိတ်တာလေ။

အဖိတ်ခံ ရတဲ့ ပုဂ္ဂိုလ်ကတစ်လျှောက်လုံး တော် လှန်ရေးနေ့ဆိုတဲ့ အသိကရှိပြီးသား လေ။ ဒီလိုနှစ်ခုကွဲလွဲချက်အပေါ်မှာ တက်ခြင်းမ တက်ခြင်းက ကာယကံရှင် သဘောပေါ့။ လာဖိတ်တဲ့အပေါ်မှာ ကြိုဆိုရမှာ ဖြစ်သော်ငြားလည်း တကယ်တမ်းတော့ခေါင်းစဉ်မှာ ကွဲလွဲ ချက်ရှိနေတယ်”ဟု ပြောဆိုကြောင်း သိရသည်။

REF: မြန်မာတိုင်း