လပွတ္တာမြို့မှ ဆိုင်အကူ (၁၃)နှစ် အရွယ် ကလေးငယ်အား ဓာတ်ဆီလောင်းမီးရှို့သည်ဟု  စွပ်စွဲခံရသော ဆိုင်ရှင် အမျိုးသမီးအား တစ်သက်တစ်ကျွန်း အထိချမှတ်နိုင်သော ပုဒ်မဖြင့် အမှုဖွင့်

ဆိုင်အကူ ကလေးငယ် ကို ဓာတ်ဆီ လာင်းမီးရှို့သည်ဟု စွပ်စွဲခံရသော လပွတ္တာမြို့ မှ စား သောက်ဆိုင် ပိုင်ရှင် အမျိုးသမီး ကို တစ်သက်တစ်ကျွန်း အထိ ပြစ်ဒဏ် ပါဝင်သော ပုဒ်မဖြင့် ရဲတပ် ဖွဲ့က အမှုဖွင့် ထားသည်။

လပွတ္တာမြို့ အမှတ်(၁) ရပ် ကွက်စည်ပင် သာယာလမ်း ရှိ တုနှိုင်းမမီ စားဖွယ်စုံဆိုင် တွင် အ လုပ်လုပ် ကိုင်နေသည့် အသက် (၁၃)နှစ် အရွယ် ကလေးကို ဆိုင်ရှင် အမျိုးသမီးက ဖေဖော်ဝါရီ (၁၉) ရက် ည ၌ ဓာတ်ဆီ လောင်း၍ မီး ရှို့သည် ဟု မျက်မြင် သက်သေ များ ၏ ထွက် ဆိုချက်ဖြင့် ရဲတပ်ဖွဲ့ က အမှုဖွင့်ခြင်းဖြစ်သည် ။

အဆိုပါဖြစ် ရပ်ကို ဧရာဝတီ တိုင်းဒေသကြီး ကလေးသူငယ်အ ခွင့်အရေးများဆိုင်ရာကော်မတီ က မြေပြင်ကွင်းဆင်းစစ်ဆေးမေး မြန်းပြီး ကော်မတီ ဝင် ဦးမြင့်ဌေး က တရားလိုပြုလုပ်၍ ဖေဖော် ဝါရီ ၂၃ ရက်တွင် အမှုဖွင့်ခြင်း ဖြစ်သည်။

‘‘အမှုဖွင့် ထားပါပြီ။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ နဲ့။ ကလေးက မျက်မြင်အနေအထားမှာ ခေါင်းက ဆံပင်တွေ အားလုံး မီးလောင် ကျွမ်းခံရတာတွေ့ တယ်။ ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းကနားရွက်၊ ပါး၊ ပခုံး အဲဒီနေရာတွေ မှာ အရည်ပူလောင်သွားတာတွေ တွေ့တယ်’’ဟု ဦးမြင့်ဌေး က ပြော သည်။

ကလေးငယ် ၏ မိခင်သည်ဆိုင်ရှင်နှင့် အမျိုးတော်စပ်သော ကြောင့် အမှုမဖွင့်ရေး ဖိအားပေးခံနေရပြီး မျက်မြင်တွေ့ရှိသူများ ကလည်း ၎င်းတို့ ၏ လုံခြုံရေးစိုးရိမ်ကာ သက်သေမလိုက်ရဲခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက စိတ်ချေ လာက်စရာ လုံခြုံမှု ဖန်တီးပေးစေလိုကြောင်း ဖေဖော်ဝါရီ ၂၂ ရက်ကပြောကြားပြီး ဖေဖော်ဝါရီ၂၃ ရက်တွင် မျက်မြင်သက်သေ သုံးဦး၏ ထွက် ဆို ချက်ရရှိခဲ့သည်။ ထို့ကြောင့် လပွတ္တာမြို့မရဲစခန်းတွင် အမှုဖွင့်နိုင်ခြင်းဖြစ်သည်။

‘‘ညှဉ်းပန်း ခံ ရတယ်လို့ ယူဆတဲ့အတွက် သက်သေအ ထောက်အထား အခိုင်အလုံနဲ့ ကလေးရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့အတွက် ဖွင့်ရတာ ပါ’’ဟု တရားလိုပြုလုပ်၍ အမှုဖွင့်ရခြင်းနှင့်ပတ်သက်၍ ဦးမြင့်ဌေးက ပြောသည်။

လူမှုဝန်ထမ်း ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေး ကလည်း ကလေးငယ်အား နှိပ် စက်သည်ဟု စွပ်စွဲခံရသူကို ရဲ တပ်ဖွဲ့က အမှုဖွင့်ပြီဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက် မည်ဟု ဆိုသည်။

ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၂၆ သည် အာမခံပေး၍ မရ သော ပုဒ်မဖြစ်သော်လည်း တရားခံအဖြစ် စွပ်စွဲခံရသူ ဆိုင်ရှင်အမျိုးသမီးကို ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆ နာရီခန့်အထိ ရဲတပ်ဖွဲ့က မဖမ်းဆီးသေးဘဲ မျက်မြင်သက် သေများ အပါအဝင်အားလုံးကို စစ်ဆေးမေးမြန်းနေဆဲ ဖြစ်သည်။ ကလေးငယ်နှင့် ကလေးမိခင် ကိုယ်တိုင်က မတော်တဆဖြစ်ရပ် ဟု ထွက်ဆိုနေ၍ အမှုကိုခိုင်မာ စွာ တည်ဆောက်နေသည်ဟု လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စွပ်စွဲခံရသူ ဆိုင်ပိုင်ရှင် ဒေါ်ချိုချို စန်းက ၎င်းအနေဖြင့် ပြစ်မှုကျူး လွန်ခြင်းမရှိကြောင်း၊ ကလေး ငယ်နှင့် အခြားတစ်ဦးသည် ပြေး လွှားကစားနေရင်း မီးဖိုအနီးလဲ ကျကာ ခန္ဓာကိုယ်ကို မီးလောင် ခြင်းဖြစ်ကြောင်း ပြောသည်။

ဒေသ ခံအချို့က ပြောကြား ရာတွင် တုနှိုင်းမမီဆိုင်အတွင်း ကျပ်ရှစ်သောင်းပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ ဆိုင်ရှင်နှင့် မိသားစုဝင်အချို့က ကလေးငယ်ကို ရိုက်နှက်ကာ ဒီဇယ်ဖြင့်လောင်း၍ မီးရှို့ခြင်းဖြစ်သည်ဟုဆိုသည်။

ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၂၆ တွင် ပစ်ခတ်ရန်၊ သို့တည်း မဟုတ် ထိုးရန်၊ သို့တည်းမဟုတ် ခုတ်ဖြတ်ရန် ကိရိယာတစ်ခုခု ဖြင့်ဖြစ်စေ၊ ရန်မူသော လက်နက် အဖြစ်ဖြင့် သုံးစွဲလျှင် သေစေတန် ရာသော ကိရိယာတစ်ခုခုဖြင့်ဖြစ် စေ၊ မီးဖြင့်၊ သို့တည်းမဟုတ် အပူ ရှိန်ရှိသော အရာဝတ္ထုတစ်ခုခုဖြင့် ဖြစ်စေ၊ အဆိပ်ဖြင့်၊ သို့တည်းမဟုတ် စားလောင်စေတတ်သော အရာဝတ္ထုတစ်ခုခုဖြင့်ဖြစ်စေ၊ မည်သူမဆို၊ တစ်ဦးတစ်ယောက်သောသူအား မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချ မှတ်နိုင်ကြောင်းဖော်ပြထား သည်။

crd:7day daily