(COVID-19) သတင်းများ ထုတ်လွှင့်ပြီး အီရန်ကို မလိုလားသူများက နိုင်ငံ ရွေးကောက်ပွဲကို နှောင့်ယှက်ဟု အီရန် အကြီးအကဲ  ပြောကြား

ဖေဖေါ်ဝါရီ (၂၁) ရက်နေ့ က စတင် ကျင်းပ ခဲ့သော အီရန်နိုင် ငံ အထွေထွရွေးကောက်ပွဲ ကို မလိုလား သူများက (COVID-19) ဗိုင်းရပ်စ် သတင်း များ ထုတ် လွှင့်ပြီး နှောင့် ယှက်ကြောင်း အီရန်နိုင် ငံ အကြီး အကဲ အယာတိုလာအလီခါမေနီကပြော သည်။

”အဆိုးကို ဖက်ကို ဦးတည်တဲ့ COVID-19 နဲ့ပတ်သက်တဲ့ သတင်းထုတ်လွှင့်မှုတွေကို ပြီးခဲ့တဲ့ လအနည်းငယ်လောက်က စတင် ထုတ်လွှင့်လာကြပြီး၊ ရွေးကောက်ပွဲနီးလာတဲ့အခါ အဆိုးဖက်ကို ဦးတည်တဲ့ စည်းရုံးလှုံ့ဆော်မှုတွေ ကြီးမားလာခဲ့ပါတယ်”ဟု ခါမေနီက သူ ၏ တရားဝင် အင်တာနက်ဝက်ဆိုက်တွင်ရေးသားထားသည်။

”သူ တို့ မီဒီယာတွေဟာ အီရန်နိုင်ငံက မဲဆန္ဒရှင်တွေ မဲမပေးစေဖို့အတွက် အခွင့်အရေးလေး နည်းနည်းလေးရရင်တောင်မှ အလွတ်မပေး ပဲ ဗိုင်းရပ်စ်ကို အသုံးချကြတာပါ”ဟုလည်း သူကဆိုထားသည်။

”အီရန် တစ်နိုင်ငံလုံး အတိုင်းအတာအရဆိုရင်တော့ မဲပေးခွင့်ရှိသူစုစုပေါင်းရဲ့ ၄၂.၅၇ ရာခိုင်နှုန်းပဲ မဲလာပေးကြတယ်။ တီဟီ ရန်မြို့မှာဆိုရင် ၂၅ ရာခိုင်နှုန်းပဲ မဲလာပေးကြတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ လူဦးရေ ၂၄ သန်း မဲလာပေးကြတယ်”ဟု ပြည် ထဲရေးဝန်ကြီး အက်ဘ်ဒိုလ်ရေဇာ ရာမာနီ ဖာဇလီကပြောသည်။ ၂၀၁၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် ၆၂ ရာခိုင်နှုန်းမဲပေးခဲ့ကြပြီး၊ ၂၀၁၂ ခုနှစ်က ၆၆ ရာခိုင်နှုန်းမဲပေးခဲ့ကြသည်။ ယခု မဲပေးကြသူ ရာခိုင်နှုန်းသည် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးကာလမှသည် ယနေ့အထိ အနည်းဆုံးသော မဲပေးသူဦးရေဖြစ်ကြောင်းသိရသည်။

အီရန်နိုင်ငံ တွင် ပထမ ဆုံးသော COVID-19 သင့်သူကို အတည်ပြုခဲ့ပြီးနောက် ၂ ရက်အကြာတွင် ယခု ပါလီမန် အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အီရန်နိုင်ငံတစ်ဝန်း တီဟီရန်မြို့အပါအ၀င် မြို့ ၄ မြို့တွင် COVID-19 သင့်သူ (၄၃) ဦးရှိနေပြီဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြုထားသည်။

crd:popular news