မိမိ သမ္မတဖြစ်ပါက လိုအပ်လျှင် စစ်တပ်ကို  အပြည့်အဝ အသုံးပြုသွားမည်ဟု ဒီမိုကရက်တစ်သမ္မတလောင်း ဘာနေးဆန်းဒါး ပြောကြား

သူ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံ ရပါက အမေရိကန် ၏ အကျိုးစီးပွား ကို ကာကွယ် ရန်နှင့် မဟာမိတ် များကို ထောက်ပံ့ရန် တို့အ တွက် စစ်တပ် ကို လိုအပ်လျှင် အပြည့် အဝ အသုံးပြုသွား မည်ဖြစ်ကြောင်း ဒီမိုကရက်တင်္စ သမ္မတလောင်း တစ်ဦးဖြစ် သည့် ဘာနေးဆန်းဒါး က ပြောကြားခဲ့သည် ။

သူ သည် သမ္မတဒေါ်နယ်ထရန့် ပြုလုပ်ခဲ့သကဲ့သို့ မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရန်လည်းလိုလားကြောင်း ဆန်းဒါး က ပြောကြားခဲ့သည်။

ဆန်းဒါး သည် ဒီမိုကရက်တစ်သမ္မတလောင်းရွေးပွဲလုပ်ငန်းစဉ်၌ ယခုအစောပိုင်းတွင် ဦးဆောင်သူအဖြစ် ပေါ်ထွက်လာခဲ့ပြီး သူ့ဘာသာ ကြေညာထားသည့် ဒီမိုကရက် တစ်ဆိုရှယ်လစ်တစ်ဦးအဖြစ် သူ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒများကို စတင်စိစစ်စစ်ဆေးရန် ဖြစ်နိုင်လာပြီဖြစ်သည်။ သို့သော် သူက သူသည် စစ်ဆန့်ကျင်ရေးဝါဒီ ဖြစ်သည်ဆိုခြင်းကိုမူ ငြင်းဆိုထားသည်။

ဖေဖော်ဝါရီ (၂၃) ရက်တွင် CBS က ထုတ်လွှင့်ခဲ့သည့် 60 Minutes အစီအစဉ်တစ်ခုတွင် ဗားမွန့်အထက်လွှတ်တော်အမတ်အား စစ်ဦးစီးချုပ်အဖြစ် မည်သည့်အနေအထား၌ အမေရိကန်၏ စစ်အင်အားကို အသုံးပြုမည်နည်းဟု မေးမြန်းခဲ့ရာ ဆန်းဒါးက သတ်မှတ်ချက်များကို စာရင်းချပြခဲ့သည်။

“အမေရိ ကန်ပြည်သူတွေအပေါ် ခြိမ်းခြောက်မှုတွေဆိုတာ အသေအချာပါပဲ။ နောက် ကျွန်တော်တို့ မဟာမိတ်တွေအပေါ် ခြိမ်းခြောက် မှုတွေပေါ့။ ကျွန်တော်က နေတိုးအဖွဲ့ကို ယုံကြည်ပါတယ်” ဟု ဆန်းဒါးကဆိုသည်။

“အရာ ရာ တန်းတူညီမျှဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သီးသန့်မနေဘဲ တစ်ခြားတိုင်းပြည်တွေနဲ့ မဟာမိတ်အဖြစ် အတူ လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု သူကဆိုသည်။

ထိုင်ဝမ် ကို တရုတ်က တိုက်ခိုက်လာပါက ၎င်းအနေဖြင့် စစ်ရေးအရ အရေးယူရန် အမိန့်ပေးမည်လားဟု အင်တာဗျူးပြုလုပ်သူက မေးမြန်း ခဲ့သည်။

သူ က “ဟုတ်၊ ကျွန်တော်ဆိုလိုတာက၊ ကျူးကျော်မှုတွေ ဖြစ်ပွားတာကို ခွင့်ပြုပြီး ကျွန်တော်တို့ ရပ်တည်ပေးမှာ မဟုတ်ဘူးဆိုတာ ကမ္ဘာတစ် လွှားက နိုင်ငံတွေကို ရှင်းရှင်းလင်းလင်း အသိပေးထားရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဖြေကြားခဲ့သည်။

နီဗား ဒါးပြည်နယ် ဒီမိုကရက်တစ် သမ္မတလောင်းရွေးပွဲတွင် ဖေဖော်ဝါရီ ၂၂ ရက် က ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည့် အထက် လွှတ်တော်အမတ် ဆန်းဒါးကို ထရန့်၏ နမူနာအတိုင်း လိုက်လျက် မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံမည်လားဟုလည်း မေးမြန်း ခဲ့သည်။

“ဟုတ် ၊ ကျွန်တော်ဆိုလို တာက၊ ကျွန်တော် ထရန့်ကို အရာရာအတွက် ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ဆန့်ကျင် ဘက်ဖြစ်နေတဲ့ လူတွေနဲ့ တွေ့ဆုံတာဟာ ဆိုးရွားတဲ့အရာတော့ မဟုတ်ပါဘူး” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

ကင်ဂျုံ အွန်နှင့် တွေ့ဆုံရာ တွင် ထရန့်သည် ပြင်ဆင်ထားခဲ့ခြင်းမရှိဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်းလည်း ဆန်းဒါးက ပြောကြား ခဲ့သည်။ လွန်ခဲ့သည့်နှစ်က ဟနွိုင်း၌ ထရန့်နှင့် ကင်တို့ တွေ့ဆုံမှုသည် သဘောမတူညီနိုင်မှုများဖြင့် ပျက်ပြယ်ခဲ့ရသည်။

“ဘာ ပဲဖြစ်ဖြစ်၊ ကမ္ဘာ တစ်ဝန်းလုံးက ရန်ဘက်တွေနဲ့ အတူထိုင်ဆွေးနွေးဖို့ဆိုတာ ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး” ဟုလည်း ဆန်းဒါးက ပြောကြားခဲ့သည် ။

crd:Eleven media