(Diamond Princess) သင်္ဘောပေါ်မှ (COVID-19)အတည်ပြု  ထားသည့် အမေရိကန် နိုင်ငံသား (၁၄) ဦးအား ပြန်လည် ခေါ်ဆောင်လာသဖြင့် ဒေါ်နယ်ထရမ့်စိတ်ဆိုးဒေါသထွက်

Diamond Princess သင်္ဘောကြီးပေါ်မှ( COVID-19) အတည်ပြု ထားသည့် အမေရိကန်နိုင်ငံသား များအား အမေရိကန်ပြည်ထောင်စု သို့ ပြန်လည်ခေါ်ဆောင် လာသည့် အတွက် သမ္မတ ထရမ့် စိတ်ဆိုးဒေါသ ထွက်ကြောင်း အမေရိကန် အခြေစိုက် ၀ါရှင်တန်ပို့စ် သတင်းစာ ကြီးက ရေးသားထား သည်။

ယင်းသင်္ဘောပေါ် မှ အမေရိ ကန်နိုင်ငံသား (၃၂၈)ဦး ကို လေယာဉ်ဖြင့်ပြန်ခေါ်လာရာတွင် ယင်းတို့ အနက် (COVID-19) အတည်ပြု လူနာ (၁၄) ဦး ကို လေယာဉ်ပေါ် တွင် သီးခြား အခန်းဖြင့်ထား ၍ ခေါ်ဆောင် လာရန် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန မှ ဆုံးဖြတ် စီစဉ်ခဲ့ခြင်းဖြစ် သည်။

သို့ရာတွင် ယင်း ကိစ္စကို ထရမ့်က မသိရှိခဲ့ဟုဆိုကြောင်း၊ COVID-19 အတည်ပြုလူနာများကို သင်္ဘောပေါ်တွင်ချန်ထားခဲ့ရန်ကိုသာ သူကသဘော တူခဲ့ခြင်းဖြစ်ကြောင်းနှင့် COVID-19 အတည်ပြုလူနာများကိုပါ ထိုသို့ခေါ်ဆောင်လာခြင်းသည် ထရမ့်အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေကြောင်းဟုဆိုကာ ထရမ့်က စိတ်ဆိုးဒေါသထွက်ခြင်းဖြစ်သည်ဟု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောကြားကြောင်း ယင်း သတင်းတွင်ရေးသားထားသည်။

သို့ရာတွင် အဆိုပါ( COVID-19 )အတည်ပြုလူနာများကို လေယာဉ်ပေါ်ဝယ် အခြားသူများနှင့်အတူ ရောနှောခေါ်ဆောင် လာခြင်းမဟုတ် ပဲ isolated bio-containment box ဟုခေါ်သည့် အထူးစီစဉ်ထားသော သီးသန့်အလုံပိတ်အခန်းထဲတွင် ထည့်ကာ ခေါ်ဆောင် လာခဲ့ခြင်းဖြစ်ပြီး၊ အခြားသူများကိုလည်း ၁၄ ရက်စောင့်ကြည့်ကာလအတွင်း သီးသန့်ခွဲထားဦးမည်ဖြစ်သည်။

ယခုနှစ်အတွင်း ကျင်းပတော့မည့် အမေရိကန်သမ္မတရွေးကောက်ပွဲအချိန်တွင် COVID-19 ဖြစ်ပွားမှု အမေရိကန်တွင် ပေါ်ပေါက်လာပြီး ရွေးကောက် ပွဲအပေါ် အကျိုးသက်ရောက်မှုရှိလာမည်ကို ထရမ့် စိုးရိမ်နေခြင်းဖြစ်ကြောင်း ၀ါရှင်တန်ပို့စ် သတင်းတွင် ရေးသားဖော်ပြထားသည်။

crd:popular news