မြန်မာ့တပ်မတော်က တရုတ်အစိုးရကို ကိုရိုနာဗိုင်းရစ်ပ်အတွက် အမေရိကန်ဒေါ်လာ (၃) သိန်းကျော်တန်ဖိုးရှိ ဆေးပစ္စည်းများလှူဒါန်း

မြန်မာ့ တပ်မတော်အနေဖြင့် ယခုကဲ့သို့ကူညီရခြင်းမှာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင် ရောဂါတိုက်ဖျက်ရေးကို ကူညီပေးရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ရောဂါကို ဆောလျင် အောင်မြင်စွာ တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံအားပေးမှု အောက်တွင် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်မှုသည် ဘက်စုံအောင်မြင်မှု ဆောလျင်စွာ ရရှိမည်ဟု ပြန်လည်ပြောကြားခဲ့သည်။မြန်မာအစိုးရအနေဖြင့် တရုတ်အစိုးရ ကို ဆန်လှူဒါန်းရန် ပြင်ဆင်နေပြီး လှူဒါန်းမည့် ဆန်များကို စတင်စုဆောင်းလျက်ရှိသည်။

ကိုရိုနာဗိုင်းရစ်ပ်ကြောင့် ထောင်နှင့်ချီ၍ သေဆုံးမှုများ ဖြစ်ပေါ်နေသည့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိ သော ဆေးပစ္စည်းများကို တပ်မတော်က ဖေဖော်ဝါရီ ၂၅ ရက်၌ လှူဒါန်းခဲ့သည်။လှူဒါန်းသည့် ပစ္စည်းများမှာsurgical Masks( 2Ply) ၉၀၀၀၀ ခု၊ Type- N95 (Sm Particulate Respirator Masks) ၉၀၀၀၀ ခု၊ Safety Goggles ၉၀၀၀၀ ခု စသည့် ပစ္စည်းများ ဖြစ်သည်။

ထည့်ထားသည့် ဆေးပုံးများတင်ဆောင်ထားသော တပ်မတော်ပိုင်လေယာဉ်သည် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၁ နာရီ ၅ မိနစ်တွင် တရုတ် နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိခဲ့သည်။အဆိုပါ တပ်မတော်လေယာဉ်အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဦးဆောင်ခဲ့ပြီး လှူဒါန်းမှုအပေါ် တရုတ်တပ်မတော်မှ နိုင်ငံရေးမှူးMajor General Zhang Pingiun က လက်ခံခဲ့ကြောင်းသိရသည်။

တပ်မတော်လေယာဉ် မထွက်ခွာခြင်းမီ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai တို့ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ဆုံခဲ့ကြောင် သိရသည်။

ref:Myanmar Times