” ဟောင်ကောင်ဒေါ်လာ တစ်သောင်းစီ နိုင်ငံသားတွေကို ဝေပေးမယ်”လို့ ကြေညာလိုက်တဲ့ ဟောင်ကောင်အစိုးရ

ကိုရိုနာဗိုင်းရဗ်စ်ရောဂါရဲ့ရိုက်ခတ်မူကြောင့် ဟောင်ကောင်နိုင်ငံသားတွေ စီးပွားရေး ၊ ငွေကြေးအခက်အခဲကြုံနေရတဲ့တွေကို လျော့ပါးသွားအောင် ပြုလုပ်တဲ့အနေနဲ့ ဟောင်ကောင်အစိုးရက ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းကို ဟောင်ကောင်ဒေါ်လာ တစ်သောင်း ဝေပေးသွားမယ်လို့ကြေညာလိုက်ပါတယ်။

အခုလို ခွဲဝေပေးဖို့အတွက် ဟောင်ကောင်ဒေါ်လာ ဘီလျံ ၁၂ဝ အထိကို သုံးစွဲမှာ ဖြစ်ပါတယ်။ဟောင်ကောင်ဒေါ်လာ တစ်သောင်းဟာ အမေရိကန်ဒေါ်လာ ၁၂၈၀နဲ့ ယူရို ၉၈၅ ညီမျှတဲ့ ပါတယ်။ဟောင်ကောင်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦးရှိပြီး ကူးစက်သူခံရသူ စုစုပေါင်း ၈၁ ယောက်ရှိပြီးလို့ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရသိရပါတယ်။

ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ ဗိုင်းရပ်စ်အန္တရာယ်ကို ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်ခဲ့ကြပေမဲ့ ပြင်ဆင်မယ်ဆိုရင် ကာကွယ်ဖို့အချိန်ရှိသေးကြောင်းလည်း WHO ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအစဉ်မှာ ဦးဆောင်နေသူ ဒေါက်တာ ဘရုစ် ကပြောပါတယ်။

တရုတ်နိုင်ငံမှာ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့တာကို နမူနာယူဖို့လည်း တိုက်တွန်းခဲ့တာပါ။ တရုတ်နိုင်ငံမှာတော့ ၅၀၀ နီးပါး ရှိခဲ့ကြောင်း တရုတ်ကျန်းမာရေး အရာရှိတွေ သတင်းထုတ်ပြန်ထားတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂၇၆၄ ယောက်နဲ့ ကူးစက်သူ ၈၀၉၉၇ အထိ ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး ဥပဒေပြုလွှတ်တော်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို တိုက်ဖျက်ရာမှာ အနိုင်ရစေလိမ့်မယ်ဆိုပြီး အရေးပေါ် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ရာမှာ တောရိုင်းတိရစ္ဆာန်များကို ရောင်းဝယ်ဖောက်ကား စားသုံးမှုကို ချက်ချင်း ပိတ်ပင်သွားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါကြေညာချက်ဟာ ဇန်နဝါရီလက တောရိုင်းတိရစ္ဆာန်များရောင်းဝယ်မှုနဲ့ စားသုံးမှုကို ကနဦးဆိုင်းငံ့ထားပြီးနောက် ယခု ဖေဖော်ဝါရီ ၂၄ ရက်၊ တနင်္လာနေ့ညနေမှာထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ တရားဝင်ဆင်ဟွာသတင်းအေဂျင်စီရဲ့အဆိုအရ သိရပါတယ်။

သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ တိရစ္ဆာန်များမှလူသို့ကူးစက်သွားတယ်လို့ သံသယရှိကြပေမယ့် လည်း သက်သေပြနိုင်ခြင်းမရှိသေးပါဘူး။ ယခုရောဂါကြောင့် တရုတ်နိုင်ငံမှာ လူပေါင်း ၂၈၀၀ နီးပါးသေဆုံးခဲ့ပြီး ကမ္ဘာအနှံ့အပြားသို့ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။

အစောဆုံးသောရောဂါကူးစက်မှုအချို့ကို လင်းနို့များ၊ မြွေများ၊ တောကြောင်များနဲ့ အခြားတိရစ္ဆာန်တွေ ကိုရောင်းချနေတဲ့ ဟူဘေးပြည်နယ်ရဲ့မြို့တော် ဝူဟန်ရှိ တောရိုင်းတိရစ္ဆာန်ဈေးကွက်နဲ့ထိတွေ့မှုရှိတဲ့လူတွေမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ထိပ်တန်းဥပဒေပြုလွှတ်တော်ဆိုင်ရာဥပဒေရေးရာကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Zhang Tiewei က ‘Covid-19 စတင်ဖြစ်ပွားကတည်းက ပြည်သူလူထုအနေနဲ့ တောရိုင်းတိရစ္ဆာန်စားသုံးမှုကြောင့် ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေကြီးထွားလာနေပါတယ်’လို့ ပြောကြားခဲ့ပါတယ်။သူက ကပ်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအတွက် အရေးကြီးတဲ့အချိန်မှာ အခုလိုဆုံးဖြတ်ချက်ချဖို့က အရေးတကြီးလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref; BBC News
Writer_HULK ( XYZ News )