“ရုရှား S-300 လေ ကြောင်းရန်ကာကွယ် စနစ်က ကမ္ဘာမှာ အသုံးမကျဆုံး စနစ်”လို့ တရုတ် ပြော

ဆီးရီးယားမြို့တော် ဒမတ်စကပ်ကို အစ္စရေးတိုက်ခိုက်တာကို မတွန်းလှန်နိုင်ခြင်းကြောင့် ရုရှရဲ့ S-300 “Favorit” လေကြောင်းရန်ကာစနစ်ဟာ ကမ္ဘာပေါ်မှာ အသုံးမကျဆုံး လေကြောင်းရန်ကာစနစ်ဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

S-300 ဟာ ကိုယ်ပျောက်လေယာဉ်တွေကိုတောင် ပစ်ချနိုင်တယ်ဆိုတဲ့ ရုရှရဲ့ ထုတ်ပြန်ချက်ကို ဖီလာဆန့်ကျင်ပြီး တရုတ်သတင်းစာ Sina က S-300 စနစ်ကြားမှာ အစ္စရေးဟာ တစ်နှစ်ခွဲမက တိုက်ခိုက်လာခဲ့တာကြောင့် ဒီဒုံးကာစနစ်ကို လုံးလုံး ယုံကြည်လို့ မရဘူးလို့ ရေးသားလာတာပဲ ဖြစ်ပါတယ်။

“အစ္စရေး ဒုံးကျည်တိုက်ခိုက်မှုအချို့ကို ခံရပြီးနောက်မှာ ဆီးရီးယားရဲ့ လေကြောင်းရန်ကာအင်အားစုဖြစ်တဲ့ ရုရှလုပ် S-300၊ S-200၊ SA11 နဲ့ Pantsir- S1 systems တွေဟာ ဘယ်လို စစ်ကူအင်အားမှ မဖြစ်တာကို ဆီးရီးယားက ဖော်ပြခဲ့တယ်။

ဆီးရီးယားမှာ ခုလို တိုက်ခိုက်မှုတွေ ဆင်နွှဲဖို့ F-35 ကိုယ်ပျောက်လေယာဉ်တွေတောင် မလိုပါဘူး။ F-16I Adir တိုက်လေယာဉ်တွေနဲ့တင် ဆီးရီးယားရဲ့ လေရန်ကာစနစ်ကို ကျော်လွှားပြီး ဆီးရီးယားက ဘယ်ပစ်မှတ်မဆို တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။”လို့ တရုတ်အာဘော်ဖြစ်တဲ့ Sina သတင်းက ဖော်ပြပါတယ်။

“ဒီ အခြေအနေကို ပြောင်းလဲဖို့ ဆီးရီးယားအနေနဲ့ နိုင်ငံရဲ့ လေရန်ကာစနစ်ကို ခေတ်မီအောင် ပြုပြင်သင့်တယ်။ ရုရှလုပ် လေရန်ကာစနစ်တွေဟာ ယိုပေါက်တွေကြီးပဲ။ တရုတ်ရဲ့ FD-2000 လေကြောင်းရန်ကာစနစ်တွေကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်။

သတင်းတွေအရ ဆီးရီးယားဟာ ၎င်းရဲ့ လေကြောင်းရန်ကာစနစ်ဟောင်းကို အစားထိုးဖို့ စီစဉ်နေတယ်ဆိုတယ်။ S-200 နဲ့ SA-6 လို စနစ်တွေကိုပဲ။ FD-2000 ဟာ S-300 ထက်တောင် ရွေးချယ်အစားထိုးဖို့ အကောင်းဆုံး လေရန်ကာစနစ်ဖြစ်တယ်။”လို့ ယင်းသတင်းစာက ရေးသားပါတယ်။ရုရှားလုပ် S-300 စနစ်ကို ဆီးရီးယားမှာ လုံးလုံး အသုံးမချရသေးပါဘူး။ ဒါအပြင်လည်း ဒီစနစ်ကို ဘယ်စစ်ပွဲမြေမှာမှ ချမသုံးရသေးပါ။ ဆီးရီးယားအနေနဲ့ တရုတ်လေရန်ကာစနစ် FD-2000 တွဲကို အမှန်တကယ် ဝယ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေလည်း ရှိနေပါတယ်။

Rf; UAWIRE
Writer_ မောင်သံဆင့်(XYZ News)

Add a Comment

Your email address will not be published. Required fields are marked *