ဘစ်ဒက်ရှ်ကို ကြိုးဝိုင်းကြမ်းပြင်ပေါ် မှောက်သိပ်ပေးမယ်လို့ အောင်လအန်ဆန်ကြုံးဝါး

ဘစ်ဒက်ရှ်နဲ့ အောင်လအန်ဆန်တို့ဟာ တတိယအကြိမ်မြောက်ရင်ဆိုင်ရမှာဖြစ်ပြီး အရင်နှစ်ကြိမ်တွေ့ဆုံမှုမှာ တစ်ကြိမ်စီအနိုင်ရရှိထားခဲ့ကြပါတယ်။ လာမယ့်ဧပြီလ (၁၀) ရက်နေ့၊ ဂျာကာတာမှာထိုးသတ်ရမယ့် ONE Championship ပြိုင်ပွဲမှာ ပြိုင်ဘက်ဗစ်တာလီဘစ်ဒက်ရှ်ကို ကြမ်းပြင်ပေါ်မှောက်သိပ်စေဖို့အတွက် ဆုံးဖြတ်ထားကြောင်း မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံအောင်လအန်ဆန်က ပြောဆိုလိုက်ပါတ်ယ။ အောင်လအန်ဆန်ဟာ သူ့ရဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် ဘစ်ဒက်ရှ်နဲ့ ထိုးသတ်ရမှာလည်းဖြစ်ပါတယ်။

South China Morning Post သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး မြန်မာ့စပါးကြီးမြွေလို့ အမည်ရတဲ့ အောင်လအန်ဆန်က ပြိုင်ဘက်ကိုရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့လည်း ပြောဆိုခဲ့ကြောင်းသိရပါတယ်။ ဘစ်ဒက်ရှ်နဲ့ အောင်လအန်ဆန်တို့ဟာ တတိယအကြိမ်မြောက်ရင်ဆိုင်ရမှာဖြစ်ပြီး အရင်နှစ်ကြိမ်တွေ့ဆုံမှုမှာ တစ်ကြိမ်စီအနိုင်ရရှိထားခဲ့ကြပါတယ်။

“ရီနီယာနဲ့ထိုးသတ်ရမယ်လို့ ကျွန်တော့်ကို အသိပေးခဲ့ပေမယ့် သူက ဒူးဒဏ်ရာရရှိသွားခဲ့ပါတယ်၊ ပြိုင်ဘက်ဆိုတာက အမြဲတမ်းပြောင်းလဲနိုင်ပါတယ်၊ ကျွန်တော့်မှာ စိုးရိမ်မှုမရှိပါဘူး၊ ဘယ်သူနဲ့ဖြစ်ဖြစ် ထိုးသတ်ဖို့အတွက် ကျွန်တော်ကအသင့်ပါပဲ၊ ရီနီယာနဲ့လည်း ထိုးသတ်ဖို့ဖြစ်လာနိုင်ပါတယ်၊ နွေရာသီအတွင်းမှာ တစ်ပွဲထက်မကထိုးသတ်ဖို့ ကျွန်တော့်မှာဆန္ဒရှိပါတယ်”

“ဘစ်ဒက်ရှ်ကို ချိုးဖျက်သွားဖို့ ကျွန်တော်သွားမှာပါ၊ သူ့ကိုထိအောင်ထိုးနိုင်ခဲ့မယ်ဆိုရင် သူ မှောက်သွားပါလိမ့်မယ်၊ သူ့ကို ထိအောင်ထိုးနိုင်ဖို့သာ လိုတာပါ၊ ကျွန်တော့်မှာရှိသမျှအရာအားလုံး၊ ကျွန်တော့်ရဲ့ပြင်ဆင်ထားမှုတွေနဲ့ဆိုရင် သူ့ကို အဲဒီလိုလုပ်နိုင်မှာ သေချာပါတယ်၊ သူနဲ့ ပထမဆုံးပွဲထိုးတုန်းက အောင်လအန်ဆန်နဲ့ အခု အောင်လအန်ဆန်က ကွဲပြားခြားနားနေပါပြီ”

“အချိန်ပြည့်ကျွန်တော်လေ့ကျင့်မှုတွေပြုလုပ်ထားပြီး ကျွန်တော့်လေ့ကျင့်ဖက်တွေရဲ့ စွမ်းရည်ကလည်း ပိုကောင်းလာပါတယ်၊ ပိုကောင်းလာဖို့ ကျွန်တော်ပစ်မှတ်ထားနေတာပါ၊ ပိုကောင်းတဲ့တိုက်ခိုက်ရေးသမားတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်၊ ခင်ပွန်းကောင်းတစ်ယောက် နဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့လည်း ကျွန်တော်ပြင်ဆင်လေ့ကျင့်နေခဲပါတယ်” လို့ အောင်လအန်ဆန်က ပြောဆိုသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *