မြောက်ဦးတွင် AA သူပုန်သောင်းကျန်းသူအဖွဲ့မှ တပ်မတော် (ရေ) တပ်စစ်သင်္ဘောကိုပစ်ခတ်လိုက်သော လက်နက် ကြီးကျည်ရွာထဲကျရောက် ပေါက်ကွဲ လူနေအိမ် ၃ လုံးမီးလောင်

မြောက်ဦးတွင် AA လက်နက်ကိုင်အဖွဲ့မှ ရေတပ်စစ်သင်္ဘောကိုပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ရွာထဲကျရောက်ပေါက်ကွဲ၍ လူနေအိမ်သုံးလုံးမီးလောင်သွားကြောင်း သိရသည်။

ယနေ့ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်း ၇ နာရီခန့်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြိ့၊ မြောင်းဘွေကျေးရွာအနီး တပ်မတော်ရေတပ်စစ်သင်္ဘောများ ဖြတ်သန်းသွားရာAA သောင်းကျန်းသူအဖွဲ့မှ ကြားဖြတ်တိုက်ခိုက် သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA သောင်းကျန်းသူအဖွဲ့မှ ကနဦးပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ရာ ဘေးအိမ် (၂)လုံးပါ မီးကူးဆက် လောင်သွားကြောင်း သိရှိရသည်။

“မနက်ပိုင် ကျနော်တို့ထမ်းချက်နေချိန်ရွာနောက်ဘက်ကနေ လက်နက်ကြီး တစ်ချက်ပစ်လိုက်တဲ့ အသံကြားတယ်၊ နေဗီသင်္ဘောကို ပစ်တာ၊ ရေတပ်က အဲ့ဘက်မှာ နေ့တိုင်းသွားလာနေတာလေ၊ ဆရာမသန်းသန်းအေးရယ်၊ ဒေါ်စောမြရယ်၊ ဆရာဦးထွန်းသိန်း အိမ်ရယ် မီးလောင်နေလို့ သွားကူချင်ပေမဲ့ မီးလောင်ပြီးသိပ်မကြာ ရေထဲနဲ့ ကုန်းပေါ်တိုက်ပွဲတွေဖြစ်နေလို့ သွားကူလို့မရဘူး လောလောဆယ်တော့ (၃)အိမ်မီးလောင်သွားတယ်” ဟု ဒေသခံ ဦးမောင်ပုချေမှ ပြောသည်။နေအိမ်(၃)လုံးဆုံးရှုံးသွားပြီး လူအထိအခိုက်မရှိကြောင်း ၎င်းကဆက်ပြောသည်။

AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြစ်များအတွင်းလုံခြုံရေး ဆောင်ရွက်နေသော ရေတပ်စစ်သင်္ဘောများကို ကျေးရွာများအတွင်းမှနေ၍ ရွာသားများအား လူသားတံတိုင်းအဖြစ် အသုံးပြုကာတိုက်ခိုက်လျှက်ရှိနေပြီး ၂၀၂၀ ခုနှစ် ဖေ ၂၈ ရက်နေ့နံနက်ပိုင်းတွင် မင်းပြားမြို့ ကြပ်စင်တံတားအနီး ရေတပ်သင်္ဘောကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA ပြောခွင့်ရခိုင်သုခက ပြောသည်။

“ဒီနေ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ မနက် ၂ နာရီလောက်မှာ စစ်သားတွေ လက်နက်ခဲယမ်းတွေ အပြည့်သယ်ဆောင်ပြီးတော့ စစ်ကူလာပို့တဲ့ မြန်မာရေတပ်ဇက်သင်္ဘော ၃ စီးကို မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးမှာ ကျနော်တို့AA သောင်းကျန်းသူအဖွဲ့ဘက်ကနေ ဟန့်တား ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။”ဟု ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မင်းပြားမြို့ခံ အမျိုးသားတဦး သေဆုံးပြီး ကလေးငယ် နှစ်ဦးအပါအဝင် နောက်ထပ် အရပ်သား ငါးဦးလည်း ဒဏ်ရာရရှိခဲ့သေးသည်။

Ref;MayYu News