စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့ မဈေးအတွင်း ငါးခြောက် အတုများ ရောင်းချနေသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်

စစ်ကိုင်းတိုင်းဒေ သကြီး ရွှေဘိုခရိုင်၊ ခင်ဦး မြို့ရှိ မြို့မဈေးအတွင်း ငါးခြောက် အတု များရောင်းချနေ သည်ဟု ကောလာဟလ သတင်း များ ထွက်ပေါ် ခဲ့မှုကြောင့် သက်ဆိုင် ရာက ဖေဖော်ဝါရီ ၂၄ ရက်တွင် ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် ငါးခြောက်ရောင်းချနေ သည့်ဈေးသည်များမှာ အရောင်း အဝယ်ရပ် ဆိုင်းသွားသဖြင့် အခက်အခဲ များဖြစ်ပေါ်နေကြောင်း ငါးခြောက် လက် လီ လက် ကား ရောင်းချနေသည့်ဈေးသည်များ ထံမှ စုံစမ်းသိရသည်။

ထိုသို့ ငါးခြောက်အတုများ ရောင်းချနေသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဈေးအတွင်းသို့ ငါးခြောက် လာရောက်မေးမြန်းသူနှင့်ဝယ်ယူများ မရှိစလောက် နည်းပါးသွားခဲ့ကာ ဈေးရောင်းချရ မှုမှာလည်း ရပ်ဆိုင်းလုနီးပါးအခြေအနေဖြစ် ပေါ်နေကြောင်း ငါးခြောက်ရောင်းချနေသည့် ဈေးသည်များထံမှ သိရသည်။

“ကျွန်မတို့က ငါးပိ၊ငါးခြောက်ရောင်းချလာတာ မိသားစုအစဉ်အဆက် ရောင်းချလာခဲ့တာပါ။ ရောင်းချတဲ့နေရာမှာ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကိုပဲရောင်းချခဲ့တာ။ သူတို့တွေပြောနေကြတဲ့ အတုဆိုတာလည်း ဈေးရောင်းလာတဲ့သက်တမ်းတစ် လျှောက် တစ်ခါမှမမြင်ဖူးပါဘူး။ အခုလည်း ဆိုင်မှာရောင်းချနေတဲ့ ပစ္စည်းတွေက အတုတွေ လုံးဝမဟုတ်ပါဘူး။ အရည်အသွေး ကောင်းမွန်တဲ့ ပစ္စည်းအစစ်တွေပါ။ အခုဆို အဲဒီလိုသတင်းတွေထွက်လာတော့ ပုံမှန် ဖောက်သည်တွေလည်း မလာကြတော့ဘူး။ ပြောချင်တာက ငါးခြောက်အတုတွေလုံးဝ မဟုတ်ပါဘူး။ အစစ်တွေကိုရောင်းချနေတာပါ။ ဒါကြောင့် ယုံကြည်စိတ်ချစွာနဲ့ဝယ် ယူကြပါလို့ ပြောချင်ပါတယ်။ အခုဆိုရင် ဆိုင်ကိုလာမေးတဲ့သူ မရှိတော့ဘူး။ ဈေးရောင်းရ တာလည်းမရှိတော့ဘူး။ ဈေးမရောင်းရတော့ အခက်အခဲဖြစ်တာပေါ့”ဟု ခင်ဦးမြို့မဈေး အတွင်း နှစ်ပေါင်း ၅၀ ကျော် ငါးပိ၊ငါးခြောက် များရောင်းချနေသည့် ငါးခြောက်ဆိုင်ရှင် တစ်ဦးက ဆိုသည်။

ခင်ဦးမြို့မဈေးအတွင်း ငါးပိ၊ငါးခြောက် ဈေးဆိုင်ပေါင်း ရှစ်ဆိုင်ခန့်ရှိပြီး ငါးခြောက် များကို ရန်ကုန်ဈေးကွက်မှ အများဆုံးမှာယူ တင်သွင်းပြီး ရောင်းချလျက်ရှိကြောင်း ငါး ခြောက်ရောင်းချနေသည့် ဈေးသည်များထံမှ စုံစမ်းသိရသည်။ လက်ရှိတွင် အဆိုပါ ငါး ခြောက်အတုဟုဆိုသည့် ကောလာဟလ များကြောင့် ငါးခြောက်ရောင်းချနေသည့် ဈေး ဆိုင်များအားလုံး ဈေးရောင်းချရမှုမှာ ဈေး ဝယ်မရှိသဖြင့် ရပ်ဆိုင်းလုနီးအခြေအနေဖြစ် ပေါ်နေသဖြင့် အခက်အခဲများဖြစ်ပေါ်နေ ကြောင်း သိရသည်။

ခင်ဦးမြို့မဈေးအတွင်း ငါးခြောက်အတုများရောင်းချမှုရှိနေသည်ဟု ဈေးဝယ်သူ တစ်ဦး၏ သတင်းပေးတိုင်ကြားမှုကြောင့် ခင်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့ နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့ နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့ နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစ ရှိသည့် ဌာနပေါင်းစုံတို့ဖြင့် ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ရာတွင် ငါးခြောက်အတု ရောင်းချနေမှု မတွေ့ရှိခဲ့ကြောင်း စစ်ဆေးရာ တွင်ပါဝင်ခဲ့သည့် ခင်ဦးမြို့နယ်စည်ပင်သာ ယာ ရေးကော်မတီဝင်တစ်ဦးက ပြောကြား သည်။

“ကျွန်တော်တို့ ဈေးထဲမှာရှိတဲ့ ငါး ခြောက်ဈေးဆိုင်တွေအားလုံးကို ဖေဖော်ဝါရီ ၂၄ ရက်က သက်ဆိုင်ရာဌာနတွေနဲ့အတူ ရှောင်တခင်ဝင်ရောက်ပြီး စစ်ဆေးခဲ့ပါတယ်။ စားသုံးသူရေးရာဦးစီးဌာနကတော့ ဆိုင်တွေ မှာရောင်းချနေတဲ့ ငါးခြောက်နမူနာတွေ ယူပြီးတော့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေပါ တယ်။ အခု ဘာဖြစ်နေလဲဆိုတော့ ငါးခြောက် အတုလို့ဆိုတဲ့ ကောလာဟလသတင်းတွေ ကြောင့် ဈေးသည်တွေ ဈေးရောင်းအားကျ သွားတယ်။ မရောင်းရတာက အများဆုံးဖြစ် နေပါတယ်။ ဈေးထဲမှာ ရောင်းချနေတဲ့ ငါး ခြောက်ဈေးသည်အများစုကတော့ ဈေး ရောင်းချလာတဲ့ သက်တမ်းကမနည်းတော့ပါ ဘူး။ ဒီလို ဖြစ်စဉ်မျိုးလည်း ဟိုတုန်းကတစ်ခါမှ မဖြစ်ဖူးခဲ့ဘူး။ အကယ်၍ သက်ဆိုင်ရာက ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီးလို့ အတုဖြစ်တယ်၊ အစစ်ဖြစ်တယ်ဆိုတာ အဖြေတိတိကျကျသိရ တော့မှ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက် လက်လုပ်ဆောင်သွားမှာပါ။ အတုမဟုတ်ခဲ့ ဘူးဆိုရင်တော့ ဈေးဆက်လက်ရောင်းချကြ ပေါ့။ တကယ်လို့ ငါးခြောက်အတုမဟုတ်ခဲ့ ဘူးဆိုရင် မဟုတ်တဲ့အကြောင်းကို သတင်း မီဒီယာတွေကနေ ဖော်ပြပေးစေလိုနေကြ ပါတယ်။ လက်ရှိကတော့ သက်ဆိုင်ရာစားသုံးသူရေးရာဦးစီးဌာနကနေပြီး စစ်ဆေးနေ ပါတယ်”ဟု ခင်ဦးမြို့နယ် စည်ပင်သာယာ ရေးကော်မတီဝင် ဦးဇော်ထိန်လင်းက ပြော ကြားသည်။

လက်ရှိတွင် ခင်ဦးမြို့မဈေးအတွင်း၌ ရောင်းချနေသည့် ငါးခြောက်ဈေးဆိုင်များမှ ငါးခြောက်များအားလုံးကို နမူနာရယူပြီး သက်ဆိုင်ရာစားသုံးသူရေးရာဦးစီးဌာနက ဓာတ်ခွဲစမ်းသပ်စစ်ဆေးလျက်ရှိသည့်အပြင် ဈေးဝယ်သူတစ်ဦးက အတုဟုလာရောက်တိုင် ကြားထားသည့် ငါးခြောက်ကိုလည်း ဓာတ်ခွဲ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

crd:Eleven media